အာလ်-အိမရာန် · 59/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِنَّ مَثَلَ عِيسَىٰ عِندَ اللَّهِ كَمَثَلِ آدَمَ ۖ خَلَقَهُ مِن تُرَابٍ ثُمَّ قَالَ لَهُ كُن فَيَكُونُ ۝٥٩
Inna masala `Eesaa `indal laahi kamasali Aadama khalaqahoo min turaabin summa qaala lahoo kun fayakoon
📖 မြန်မာဘာသာ
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အထံတော်၌ (နဗီတမန်တော်)အီစာ၏ (ထူးဆန်းသော) အဖြစ်ကား(နဗီတမန်တော်) အာဒမ်၏ (ထူးဆန်း သော) အဖြစ်ကဲ့သို့ပင်တည်း။ ထိုအရှင်မြတ်သည် (ဦးစွာပဌမ) ထို (နဗီတမန်တော်အာဒမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်၊ ပြီးနောက် ထိုအရှင်မြတ်သည် ထိုတမန်တော်အာဒမ်(၏ပုံ သဏ္ဌာန်)ကို ဖြစ်စေဟုမိန့်ကြားတော်မူခဲ့ရာ ထိုတမန်တော်အာဒမ်(၏ပုံသဏ္ဌာန်)သည် (အသက် ထင်ရှားရှိသောလူသတ္တဝါ)ဖြစ်လာခဲ့ရလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 57-61 — စူရာ အာလ်-အိမရာန်

57وَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَيُوَفِّيهِمْ أُجُورَهُمْ ۗ وَاللَّهُ لَا يُحِبُّ الظَّالِمِينَ
သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိကြ၍ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြကုန်သော သူတို့မှာမူကား ထို အရှင်မြတ်သည် ယင်းသူတို့အား(ယင်းသူတို့ ပြုလုပ်ဆောက်တည်ခဲ့ကြသော အကျင့်သီလများ၏) အကျိုးကျေးဇူးများကို ပြည့်စုံစွာ ပေးသနား�ော်မူလတ္တံ့။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် မတော်မတရားကျူးလွန်စော်ကားသူတို့ အား နှစ်သက်တော်မူသည် မဟုတ်ချေ။
58ذَٰلِكَ نَتْلُوهُ عَلَيْكَ مِنَ الْآيَاتِ وَالذِّكْرِ الْحَكِيمِ
ဤ(အတ္ထုပ္ပတ္တိများ)သည် (အသင်နဗီဖြစ်ခြင်း၏) သက်သေလက္ခဏာများ အနက်မှလည်း ဖြစ်၏။ ဉာဏ်ပညာနှင့်ပြည့်စုံသော အကြောင်းအရာ များအနက်မှလည်းဖြစ်ပေ၏။ ထိုအကြောင်းအရာများကို ငါအရှင်သည်အသင့်အား (ဝဟီဖြင့်) ရွတ်ဘတ်ကြားနာ ပြောပြတော်မူသည်။
59إِنَّ مَثَلَ عِيسَىٰ عِندَ اللَّهِ كَمَثَلِ آدَمَ ۖ خَلَقَهُ مِن تُرَابٍ ثُمَّ قَالَ لَهُ كُن فَيَكُونُ
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အထံတော်၌ (နဗီတမန်တော်)အီစာ၏ (ထူးဆန်းသော) အဖြစ်ကား(နဗီတမန်တော်) အာဒမ်၏ (ထူးဆန်း သော) အဖြစ်ကဲ့သို့ပင်တည်း။ ထိုအရှင်မြတ်သည် (ဦးစွာပဌမ) ထို (နဗီတမန်တော်အာဒမ်)အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်၊ ပြီးနောက် ထိုအရှင်မြတ်သည် ထိုတမန်တော်အာဒမ်(၏ပုံ သဏ္ဌာန်)ကို ဖြစ်စေဟုမိန့်ကြားတော်မူခဲ့ရာ ထိုတမန်တော်အာဒမ်(၏ပုံသဏ္ဌာန်)သည် (အသက် ထင်ရှားရှိသောလူသတ္တဝါ)ဖြစ်လာခဲ့ရလေသတည်း။
60الْحَقُّ مِن رَّبِّكَ فَلَا تَكُن مِّنَ الْمُمْتَرِينَ
(အို-နဗီတမန်တော် ဤအဆိုပါ နဗီတမန်တော်အီစာ၏) အတ္ထုပ္ပတ္တိ အကြောင်းအရာများသည် အသင့်အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ (ထုတ်ပြန်မိန့်ကြားတော် မူသော) အတ္ထုပ္ပတ္တိ အကြောင်းအရာများပင်ဖြစ်ပေရာ အသင်သည် ဒွိဟသံသယရှိသူတို့အနက် အပါအဝင် မဖြစ်လေနှင့်။
61فَمَنْ حَاجَّكَ فِيهِ مِن بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ فَقُلْ تَعَالَوْا نَدْعُ أَبْنَاءَنَا وَأَبْنَاءَكُمْ وَنِسَاءَنَا وَنِسَاءَكُمْ وَأَنفُسَنَا وَأَنفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَل لَّعْنَتَ اللَّهِ عَلَى الْكَاذِبِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင့် ထံ၌(ငါအရှင်မြတ်အထံတော်မှ မှန်ကန်သော) အသိတရား ရောက်ရှိလာပြီးသည့် နောက်သော်မှပင်၊ အကြင်သူ တစ်ဦးတစ်ယောက်သည် ယင်း (နဗီ တမန်တော်အီစာ)နှင့်ပတ်သက်၍အသင့်အား အချေအတင်ပြောဆိုခဲ့ပါမူ၊ အသင်သည်(ယင်းသူတို့ အား)(ဟယ်-အချင်းတို့) လာကြကုန်လော့။(အသင်တို့နှင့်) အကျွန်ုပ်တို့သည် (ပူးပေါင်း ကာ) အကျွန်ုပ်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အသင်တို့၏သားမြေးတို့ကိုလည်းကောင်း၊ အကျွန်ုပ် တို့၏မိန်းမများကိုလည်းကောင်း၊အသင်တို့၏ မိန်းမများကိုလည်းကောင်း၊ ခေါ်ယူ (စုရုံးစေ)ပြီးအကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်တို့ကိုယ်တိုင်လည်း (ပါဝင်ကြကုန်အံ့)။ ထို့နောက် အကျွန်ုပ်တို့(နှင့် အသင်တို့)သည် (ပူးပေါင်းကာ အလ္လာဟ်အရှင်မြတ် အထံတော်၌ ဤအချေအတင်ပြောဆိုရာတွင်) မုသားပြောဆိုသူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ် ၏ လအ်နတ် (အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခြင်းသည်) ကျရောက်ပါစေသား ဟူ၍ စိတ်ရောကိုယ်ပါ တောင်းပန် အသနားခံကြကုန်အံ့ ဟု ပြောဆိုပါလေ။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
59အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 59

စူရာ အာလ်-အိမရာန် အာယာသ် 59 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အထံတော်၌ (နဗီတမန်တော်)အီစာ၏ (ထူးဆန်းသော) အဖြစ်ကား(နဗီတမန်တော်) အာဒမ်၏ (ထူးဆန်း သော) အဖြစ်ကဲ့သို့ပင်တည်း။ ထိုအရှင်မြတ်သည်…

စူရာ အာယာသ် 59/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 57–61. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers