အရ်-ရူမ် · 26/60
ဘာသာပြန် အသံနိုင်ငံ — အရ်-ရူမ်
وَلَهُ مَن فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَّهُ قَانِتُونَ ٢٦
Transliteration
Wa lahoo man fissamaawaati wal ardi kullul lahoo qaanitoon
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော သူများချည်းသာ ဖြစ်ကြကုန်၏။ (၎င်းတို့)အသီးသီးတို့မှာ ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြကုန်၏။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 24-28 — အရ်-ရူမ်
24وَمِنْ آيَاتِهِ يُرِيكُمُ الْبَرْقَ خَوْفًا وَطَمَعًا وَيُنَزِّلُ مِنَ السَّمَاءِ مَاءً فَيُحْيِي بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَعْقِلُونَ
ထို့ပြင် (ဤသည်လည်း) ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များ အနက်မှပင်ဖြစ်၏။ ထိုအရှင်မြတ်သည် အသင်တို့အား လျှပ်စစ်ပြက်ခြင်းကို ကြောက်ရွံ့စေသောအားဖြင့်လည်းကောင်း၊ မျှော်လင့်စေသောအားဖြင့်လည်းကောင်း၊ ပြသတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကိုရွာသွန်းစေတော်မူ၏။ တဖန် ထိုအရှင်မြတ်သည် ထိုမိုးရေဖြင့် ပထဝီမြေကို ယင်းပထဝီမြေ သေပြီးနောက် (သွေ့ခြောက်စေပြီးနောက်)ရှင်ပြန် (စိမ်းလန်းစိုပြည်)စေတော်မူ၏။ ဧကန်စင်စစ် ဤသည်၌ သိနားလည်ကြသောသူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများ ရှိပေသည်။
25وَمِنْ آيَاتِهِ أَن تَقُومَ السَّمَاءُ وَالْأَرْضُ بِأَمْرِهِ ۚ ثُمَّ إِذَا دَعَاكُمْ دَعْوَةً مِّنَ الْأَرْضِ إِذَا أَنتُمْ تَخْرُجُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင်၊ မိုးကောင်းကင်နှင့် ပထဝီမြေ၏ရပ်တည်နေခြင်းသည်လည်း ဖြစ်ပေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ပထဝီမြေမှ (ထွက်လာကြအံ့သောငှာ) တစ်ကြိမ်မျှ ဟစ်ခေါ်တော်မူသောအခါ ရုတ်တရက်အသင်တို့သည် ထွက်လာကြကုန်အံ့သတည်း။
26وَلَهُ مَن فِي السَّمَاوَاتِ وَالْأَرْضِ ۖ كُلٌّ لَّهُ قَانِتُونَ
ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော သူများချည်းသာ ဖြစ်ကြကုန်၏။ (၎င်းတို့)အသီးသီးတို့မှာ ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြကုန်၏။
27وَهُوَ الَّذِي يَبْدَأُ الْخَلْقَ ثُمَّ يُعِيدُهُ وَهُوَ أَهْوَنُ عَلَيْهِ ۚ وَلَهُ الْمَثَلُ الْأَعْلَىٰ فِي السَّمَاوَاتِ وَالْأَرْضِ ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့အား စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ယင်းအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ စင်စစ်သော်ကား ဤသည် ထိုအရှင်မြတ်အဖို့သာ၍ပင် လွယ်ကူလှပေသည်။ ထိုမှတစ်ပါး မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ထူးကဲမြင့်မြတ်လှစွာသော ဝိသေသဂုဏ်ထူးသည်ရှိပေသည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
28ضَرَبَ لَكُم مَّثَلًا مِّنْ أَنفُسِكُمْ ۖ هَل لَّكُم مِّن مَّا مَلَكَتْ أَيْمَانُكُم مِّن شُرَكَاءَ فِي مَا رَزَقْنَاكُمْ فَأَنتُمْ فِيهِ سَوَاءٌ تَخَافُونَهُمْ كَخِيفَتِكُمْ أَنفُسَكُمْ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْقِلُونَ
ထိုအရှင်မြတ်သည် အသင်တို့၏ ဖြစ်ရပ်များမှပင် အသင်တို့အဖို့ ဥပမာပုံဆောင်ချက်တစ်ခုကို ခိုင်းနှိုင်းတော်မူ၏။ အသင်တို့၌ မိမိတို့ကျွန်များအနက်မှ အသင်တို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သော (စားနပ်ရိက္ခာ)ဥစ္စာပစ္စည်းများတွင် ဖက်စပ်ပါဝင်သူများရှိကြပြီး အသင်တို့သည် ယင်း ဥစ္စာပစ္စည်းတွင် ညီတူညီမျှဖြစ်ကြသည် ရှိသလော။(၎င်းပြင်) အသင်တို့သည် မိမိတို့အချင်းချင်းနှင့် ပတ်သက်၍ စိုးရိမ်ကြဘိသကဲ့သို့ပင်၊ ၎င်းတို့နှင့် ပတ်သက်၍လည်း စိုးရိမ်ကြသည်(ဟူ၍ရှိပါသလော၊) ငါအရှင်မြတ်သည် အသိဉာဏ်ရှိသူတို့အဖို့ သက်သေသာဓက အထောက်အထားများကို ဤနည်းအတိုင်းပင် ရှင်းလင်းထင်ရှားစွာ ထုတ်ဖော်မိန့်ကြားတော်မူ၏။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
26အာယာသ်
ဘာသာပြန် — အရ်-ရူမ် 26
စူရာ အရ်-ရူမ် အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော သူများချည်းသာ ဖြစ်ကြကုန်၏။…စူရာ အာယာသ် 26/60 — အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အရ်-ရူမ် နားထောင်, အရ်-ရူမ် ဘာသာပြန်, အရ်-ရူမ် mp3, အရ်-ရူမ် pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








