လုက်မာန် · 34/34
ဘာသာပြန် အသံနိုင်ငံ — စူရာ လုက်မာန်
إِنَّ اللَّهَ عِندَهُ عِلْمُ السَّاعَةِ وَيُنَزِّلُ الْغَيْثَ وَيَعْلَمُ مَا فِي الْأَرْحَامِ ۖ وَمَا تَدْرِي نَفْسٌ مَّاذَا تَكْسِبُ غَدًا ۖ وَمَا تَدْرِي نَفْسٌ بِأَيِّ أَرْضٍ تَمُوتُ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ ۝٣٤
Innal laaha `indahoo `ilmus saa`ati wa yunazzilul ghaisa wa ya`lamu maa fil arhaami wa maa tadree nafsum maazaa takisbu ghadaa; wa maa tadree nafsum bi ayyi ardin tamoot; innal laaha `Aleemun Khabeer
📖 မြန်မာဘာသာ
ဧကန်မလွဲ ရှင်ပြန်ထမည့်အချိန်ကို သိမြင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိုးရေကို ချပေးတော်မူ၏။ ထိုမှတစ်ပါး(မိခင်များ၏) သားအိမ်များ၌ မည်သည့်အ ရာ ရှိသည်ကိုလည်းထိုအရှင်မြတ်သာလျှင် သိတော်မူ၏။ စင်စစ်သော်ကား မည်သူတစ်ဦးတယောက်မျှပင် ၎င်းမှာ နက်ဖြန်မည်သည့်အမှုကိစ္စပြုလုပ်မည်ကို မသိနိုင်ပေ။ ထိုနည်းတူစွာ မည်သူတစ်ဦးတစ်ယောက်မျှပင် ၎င်းမှာ မည်သည့်မြေ (အရပ်ဒေသ)၌ သေဆုံးမည်ကို မသိနိုင်ပေ။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သာလျှင်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • السَّاعَة (အစ်စာဟ်): ကိယာမသ်နေ့၊ လောကပြိုကွဲမည့်အချိန်။
  • الْغَيْث (အလ်ဂိုင်သ်): မိုးရွာသွန်းမှု၊ အထူးသဖြင့် မိုးခေါင်နေချိန်တွင် ရွာသွန်းသော အကျိုးရှိသည့်မိုး။
  • الْأَرْحَام (အလ်အာဟာမ်): သားအိမ်များ၊ မိခင်ဝမ်းထဲရှိ သန္ဓေသားများ။
  • تَدْرِي (တဒ်ရီ): သိသည်၊ နားလည်သည်။
  • تَكْسِبُ (တက်စ်ဘ်): ရှာဖွေစုဆောင်းသည်၊ ပြုလုပ်သည်။
  • عَلِيم (အလီမ်): အလုံးစုံကို သိတော်မူသောအရှင်။
  • خَبِير (ခဘီရ်): အတွင်းအပြင် အကြောင်းအရာအားလုံးကို အသေးစိတ် သိတော်မူသောအရှင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့ ဖြစ်ပေါ်မည့်အချိန်ကို မိမိတစ်ဆူတည်းသာ သိတော်မူသည်။ မည်သည့်အချိန်တွင် ထိုနေ့ကြီး ဆိုက်ရောက်မည်ကို အရှင်မြတ်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ မသိနိုင်ပါ။ ထို့အပြင် အရှင်မြတ်သည် မိုးကို ရွာသွန်းစေတော်မူသည်။ မိုးရွာသွန်းမှုကို အရှင်မြတ်တစ်ပါးတည်းသာ စီမံခန့်ခွဲနိုင်ပြီး မည်သည့်အချိန်၊ မည်သည့်နေရာတွင် ရွာသွန်းမည်ကိုလည်း အရှင်မြတ်သာ သိတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် သားအိမ်များအတွင်း၌ ရှိသည့်အရာများကို သိတော်မူသည်။ သန္ဓေသားသည် ယောက်ျားလေးဖြစ်မည် သို့မဟုတ် မိန်းကလေးဖြစ်မည်၊ ကံကောင်းသူဖြစ်မည် သို့မဟုတ် ကံဆိုးသူဖြစ်မည် စသည်တို့ကို အရှင်မြတ်သာ သိတော်မူသည်။

ထို့ပြင် မည်သည့်လူသားမျှ နက်ဖြန်တွင် မိမိ မည်သည့်အမှုကို ပြုလုပ်မည်၊ မည်သည့်ကောင်းမှု သို့မဟုတ် မကောင်းမှုကို ရှာဖွေစုဆောင်းမည်ကို မသိနိုင်ပါ။ ထို့အတူ မည်သည့်လူသားမျှ မိမိ မည်သည့်မြေပြင်တွင် သေဆုံးမည်ကို မသိနိုင်ပါ။ ကုန်းမြေတွင်ဖြစ်စေ၊ ပင်လယ်တွင်ဖြစ်စေ၊ အရှေ့တွင်ဖြစ်စေ၊ အနောက်တွင်ဖြစ်စေ မည်သည့်နေရာ၌ သေဆုံးမည်ကို မည်သူမျှ မသိနိုင်ပါ။ ဤအရာအားလုံးကို အလ္လာဟ်အရှင်မြတ်သာ သိတော်မူသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ အတွင်းအပြင် အကြောင်းအရာအားလုံးကို အသေးစိတ် သိတော်မူသောအရှင် ဖြစ်တော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်ထံမှ ကွယ်ဝှက်နိုင်မည် မဟုတ်ပါ။



📜 အာယာသ် 32-34 — စူရာ လုက်မာန်

32وَإِذَا غَشِيَهُم مَّوْجٌ كَالظُّلَلِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ فَمِنْهُم مُّقْتَصِدٌ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ
စင်စစ် ၎င်းတို့အား လှိုင်းတံပိုးသည် အမိုးများပမာ ဖုံးလွှမ်းခဲ့သောအခါ၊ ၎င်းတို့သည် ကိုးကွယ်မှုကို အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်အဖို့သာ စေတနာ သဒ္ဓါတရားဖြူစင်စွာထားကာ ဟစ်ခေါ်တသကြကုန်၏။ သို့ရာတွင်ထိုအရှင်မြတ်သည် ၎င်းတို့အားကယ်တင်၍ ကုန်းမြေသို့ ပို့ဆောင်တော်မူသောအခါ ၎င်းတို့အနက်အချို့သည် မဇိ္ဈမပဋိပဒါစနစ်ကိုလိုက်၏။ စင်စစ်သော်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာ များကိုကျေးဇူးကန်းသော ကတိသစ္စာ ဖောက်ဖျက်သူတိုင်းသာလျှင် ငြင်းပယ်လေ့ရှိကြပေသတည်း။
33يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمْ وَاخْشَوْا يَوْمًا لَّا يَجْزِي وَالِدٌ عَن وَلَدِهِ وَلَا مَوْلُودٌ هُوَ جَازٍ عَن وَالِدِهِ شَيْئًا ۚ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ فَلَا تَغُرَّنَّكُمُ الْحَيَاةُ الدُّنْيَا وَلَا يَغُرَّنَّكُم بِاللَّهِ الْغَرُورُ
အို-လူသားအပေါင်းတို့ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ကြောက်ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မည်သည့် ဖခင်တစ်ဦးတစ်ယောက်မျှပင် မိမိသားအဖို့ အသုံးမဝင်သည့်အပြင်၊မည်သည့် သားတစ်ဦးတစ်ယောက်မျှသည်လည်း မိမိဖခင်အဖို့လုံးဝအသုံးဝင်မည် မဟုတ်သောနေ့ကို စိုးရိမ်ကြလေကုန်။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိသည် မှန်ကန်သောကတိပင်ဖြစ်၏။ သို့ဖြစ်ပေရာ လောကီဘဝ၌ အသက်ရှင်ခြင်းသည် အသင်တို့အား လှည့်ဖြားခြင်းမပြုစေရ။ ထိုနည်းတူစွာ၊ထိုလှည့်စားသူ (ရှိုင်တွာန်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လှည့်ဖြားခြင်း မပြုစေရပေတကား။
34إِنَّ اللَّهَ عِندَهُ عِلْمُ السَّاعَةِ وَيُنَزِّلُ الْغَيْثَ وَيَعْلَمُ مَا فِي الْأَرْحَامِ ۖ وَمَا تَدْرِي نَفْسٌ مَّاذَا تَكْسِبُ غَدًا ۖ وَمَا تَدْرِي نَفْسٌ بِأَيِّ أَرْضٍ تَمُوتُ ۚ إِنَّ اللَّهَ عَلِيمٌ خَبِيرٌ
ဧကန်မလွဲ ရှင်ပြန်ထမည့်အချိန်ကို သိမြင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိုးရေကို ချပေးတော်မူ၏။ ထိုမှတစ်ပါး(မိခင်များ၏) သားအိမ်များ၌ မည်သည့်အ ရာ ရှိသည်ကိုလည်းထိုအရှင်မြတ်သာလျှင် သိတော်မူ၏။ စင်စစ်သော်ကား မည်သူတစ်ဦးတယောက်မျှပင် ၎င်းမှာ နက်ဖြန်မည်သည့်အမှုကိစ္စပြုလုပ်မည်ကို မသိနိုင်ပေ။ ထိုနည်းတူစွာ မည်သူတစ်ဦးတစ်ယောက်မျှပင် ၎င်းမှာ မည်သည့်မြေ (အရပ်ဒေသ)၌ သေဆုံးမည်ကို မသိနိုင်ပေ။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သာလျှင်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
လုက်မာန်ကုရ်အာန် ညွှန်းကိန်း
34အာယာသ်
MeccanRevelation
34အာယာသ်

ဘာသာပြန် — လုက်မာန် 34

စူရာ လုက်မာန် အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ ရှင်ပြန်ထမည့်အချိန်ကို သိမြင်ခြင်းသည် အလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် မိုးရေကို ချပေးတော်မူ၏။ ထိုမှတစ်ပါး(မိခင်များ၏) သားအိမ်များ၌…

စူရာ အာယာသ် 34/34 — စူရာ လုက်မာန် لقمان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ လုက်မာန် နားထောင်, စူရာ လုက်မာန် ဘာသာပြန်, စူရာ လုက်မာန် mp3, စူရာ လုက်မာန် pdf. အာယာသ် 32–34. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers