အလ်-အာ့ဇာ့ဗ် · 59/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
يَا أَيُّهَا النَّبِيُّ قُل لِّأَزْوَاجِكَ وَبَنَاتِكَ وَنِسَاءِ الْمُؤْمِنِينَ يُدْنِينَ عَلَيْهِنَّ مِن جَلَابِيبِهِنَّ ۚ ذَٰلِكَ أَدْنَىٰ أَن يُعْرَفْنَ فَلَا يُؤْذَيْنَ ۗ وَكَانَ اللَّهُ غَفُورًا رَّحِيمًا ۝٥٩
Yaaa aiyuhan Nabiyyu qul li azwaajika wa banaatika wa nisaaa`il mu`mineena yudneena `alaihinna min jalaabee bihinn; zaalika adnaaa ai yu`rafna falaa yu`zain; wa kaanal laahu Ghafoorar Raheemaa
📖 မြန်မာဘာသာ
အို-နဗီတမန်တော်၊ အသင်သည် မိမိ၏ ကြင်ရာတော်များအားလည်းကောင်း၊ မိမိ၏သမီးတော် များအားလည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည် သူတို့၏ ဇနီးမိန်းမများအားလည်းကောင်း၊ ထိုသူတို့သည် မိမိတို့၏အပေါ်ရုံ(စောင်ခြုံထည်)များကို မိမိတို့အပေါ်၌ အနည်းငယ်ဆွဲချတွဲလဲချထားကြရမည်ဟု ပြောကြားပါလေ။ ဤသည် ၎င်းတို့အား ခွဲခြားမှတ်မိရန် ပိုမို၍နီးစပ်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည်နှောင့်ယှက်ခြင်းခံကြရမည်မဟုတ်ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်သနား ကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 57-61 — စူရာ အလ်-အာ့ဇာ့ဗ်

57إِنَّ الَّذِينَ يُؤْذُونَ اللَّهَ وَرَسُولَهُ لَعَنَهُمُ اللَّهُ فِي الدُّنْيَا وَالْآخِرَةِ وَأَعَدَّ لَهُمْ عَذَابًا مُّهِينًا
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ စိတ်ဒုက္ခပေးကြကုန်သော သူတို့အား အလ္လာဟ်အရှင်မြတ်သည် လောကီဘဝ၌လည်းကောင်း၊ အာခိရတ် တမလွန်ဘဝ၌လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေတော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ဂုဏ်ရည်သေးသိမ်စေသောပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။
58وَالَّذِينَ يُؤْذُونَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ بِغَيْرِ مَا اكْتَسَبُوا فَقَدِ احْتَمَلُوا بُهْتَانًا وَإِثْمًا مُّبِينًا
မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျား၊မိန်းမများအား၊ ၎င်းတို့တစ်စုံတစ်ရာကို ကျူးလွန်ကြသည် မရှိဘဲလျက် စိတ်ဒုက္ခပေးကြသောသူတို့မှာမူကား မတရားယိုးစွပ်မှုကိုလည်းကောင်း၊ ထင်ရှားစွာသော ပြစ်မှုကိုလည်းကောင်း၊ထမ်းဆောင်ခဲ့ကြကုန်သတည်း၊
59يَا أَيُّهَا النَّبِيُّ قُل لِّأَزْوَاجِكَ وَبَنَاتِكَ وَنِسَاءِ الْمُؤْمِنِينَ يُدْنِينَ عَلَيْهِنَّ مِن جَلَابِيبِهِنَّ ۚ ذَٰلِكَ أَدْنَىٰ أَن يُعْرَفْنَ فَلَا يُؤْذَيْنَ ۗ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
အို-နဗီတမန်တော်၊ အသင်သည် မိမိ၏ ကြင်ရာတော်များအားလည်းကောင်း၊ မိမိ၏သမီးတော် များအားလည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည် သူတို့၏ ဇနီးမိန်းမများအားလည်းကောင်း၊ ထိုသူတို့သည် မိမိတို့၏အပေါ်ရုံ(စောင်ခြုံထည်)များကို မိမိတို့အပေါ်၌ အနည်းငယ်ဆွဲချတွဲလဲချထားကြရမည်ဟု ပြောကြားပါလေ။ ဤသည် ၎င်းတို့အား ခွဲခြားမှတ်မိရန် ပိုမို၍နီးစပ်၏။ သို့ဖြစ်ပေရာ ၎င်းတို့သည်နှောင့်ယှက်ခြင်းခံကြရမည်မဟုတ်ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသော၊ အလွန်သနား ကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။
60۞ لَّئِن لَّمْ يَنتَهِ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِم مَّرَضٌ وَالْمُرْجِفُونَ فِي الْمَدِينَةِ لَنُغْرِيَنَّكَ بِهِمْ ثُمَّ لَا يُجَاوِرُونَكَ فِيهَا إِلَّا قَلِيلًا
အမှန်စင်စစ်သော်ကား အကယ်၍ မုနာဖစ်က်အယောင်ဆောင် မုစ်လင်မ်တို့သည်လည်းကောင်း၊ စိတ်တွင်းဝယ် ရောဂါဝေဒနာ ရှိသူတို့သည်လည်းကောင်း၊ မဒီနာမြို့တွင်း၌ ထိတ်လန့်ဖွယ် သတင်းလွှင့်သူတို့သည်လည်းကောင်း၊(မိမိတို့၏ အပြုအမူများကို) မရပ်စဲခဲ့ကြလျှင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ်ဝယ် လွှမ်းမိုးစေတော်မူမည်။ ထို့နောက် ၎င်းတို့သည် အသင့်ထံတွင် မဒီနာမြို့၌ အနည်းငယ်မျှသော ကာလမှတစ်ပါး နေကြရမည်မဟုတ်ပေ။
61مَّلْعُونِينَ ۖ أَيْنَمَا ثُقِفُوا أُخِذُوا وَقُتِّلُوا تَقْتِيلًا
(ယင်းကဲ့သို့ အနည်းငယ်မျှသော ကာလတိုင်အောင် နေပင်နေကြရငြားသော်လည်း ၎င်းတို့မှာ) ကရုဏာတော်မှကင်းဝေးစေခြင်း ခံကြရသူများအဖြစ် (နေကြရသည့်ပြင်) မည်သည့်နေရာ၌မဆို တွေ့ရှိခဲ့ ကြရလျှင် ၎င်းတို့သည်ဖမ်းဆီးခြင်းခံကြရပေမည်။ ထို့ပြင် ၎င်းတို့သည် ပြင်းထန်စွာသတ်ဖြတ်ခြင်းကို ခံကြရပေမည်။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
59အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 59

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 59 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-နဗီတမန်တော်၊ အသင်သည် မိမိ၏ ကြင်ရာတော်များအားလည်းကောင်း၊ မိမိ၏သမီးတော် များအားလည်းကောင်း၊ မုအ်မင်န် သက်ဝင်ယုံကြည် သူတို့၏ ဇနီးမိန်းမများအားလည်းကောင်း၊…

စူရာ အာယာသ် 59/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 57–61. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers