စဗ · 1/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
الْحَمْدُ لِلَّهِ الَّذِي لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَلَهُ الْحَمْدُ فِي الْآخِرَةِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ ۝١
Alhamdu lillaahil lazee lahoo maa fis samaawaati wa maa fil ardi wa lahul hamdu fil aakhirah; wa Huwal Hakeemul Khabeer
📖 မြန်မာဘာသာ
မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိရှိသမျှသော (သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကို ပိုင်ဆိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာခြင်း အပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ထိုနည်းတူစွာ တမလွန်ဘဝ၌လည်း ထိုအရှင်မြတ်သည်သာလျှင် ချီးမွန်ထောပနာခြင်း အလုံးစုံတို့ကို ခံယူထိုက်တော်မူ၏။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင် ဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသောအရှင်၊ အကြွင်းမဲ့သိတော် မူသောအရှင်ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْحَمْدُ: ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်း။ အလ္လာဟ်အရှင်မြတ်အား ကိုယ်တော်၏ ပြည့်စုံသော ဂုဏ်တော်များ၊ ကောင်းချီးမင်္ဂလာများဖြင့် ချီးမွမ်းခြင်းကို ဆိုလိုသည်။
  • لِلَّهِ: အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သည်။
  • السَّمَاوَاتِ: မိုးကောင်းကင်များ။
  • الْأَرْضِ: မြေပထဝီ။
  • الْآخِرَةِ: တမလွန်ဘဝ။
  • الْحَكِيمُ: ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင်။
  • الْخَبِيرُ: အရာခပ်သိမ်းကို အသေးစိတ် သိတော်မူသောအရှင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ချီးမွမ်းခြင်းနှင့် ကျေးဇူးတင်ခြင်း အားလုံးသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်ပါသည်။ အရှင်မြတ်သည် မိုးကောင်းကင်များတွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှ အားလုံးကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ဖန်ဆင်းခြင်း၊ ပိုင်ဆိုင်ခြင်း၊ စီမံခန့်ခွဲခြင်း အားလုံးသည် အရှင်မြတ်၏ လက်တော်အောက်တွင် ရှိသည်။ ဤလောကတွင်သာမက တမလွန်ဘဝတွင်လည်း ချီးမွမ်းခြင်း အားလုံးသည် အရှင်မြတ်အတွက်သာ ဖြစ်သည်။ အကြောင်းမှာ လောကနှစ်လောကစလုံး၏ ကောင်းချီးမင်္ဂလာများသည် အရှင်မြတ်ထံမှသာ ဖြစ်သောကြောင့် ဖြစ်သည်။ အရှင်မြတ်သည် လောကနှစ်လောကစလုံး၏ အရေးကိစ္စများကို အလွန်တရာ ခိုင်မာကျပ်တည်စွာ စီမံခန့်ခွဲတော်မူသော ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့အပြင် အရှင်မြတ်သည် ဖန်ဆင်းခံအရာခပ်သိမ်းတို့၏ အခြေအနေအရပ်ရပ်ကို အသေးစိတ် သိတော်မူသောအရှင် ဖြစ်တော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်ထံမှ လွတ်မြောက်မည် မဟုတ်ပေ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်း အားလုံးကို ခံယူထိုက်တော်မူသောအရှင် ဖြစ်ကြောင်း သိရှိရသည်။ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် အရှင်မြတ်အား ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်းဖြင့် နှလုံးသားကို ငြိမ်းချမ်းစေနိုင်သည်။
  • မိုးကောင်းကင်နှင့် မြေပထဝီတွင် ရှိသမျှအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း သိရှိခြင်းဖြင့် မာန်မာနကင်းဝေးပြီး နှိမ့


📜 အာယာသ် 1-3 — စူရာ စဗ

1الْحَمْدُ لِلَّهِ الَّذِي لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَلَهُ الْحَمْدُ فِي الْآخِرَةِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ
မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိရှိသမျှသော (သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကို ပိုင်ဆိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာခြင်း အပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ထိုနည်းတူစွာ တမလွန်ဘဝ၌လည်း ထိုအရှင်မြတ်သည်သာလျှင် ချီးမွန်ထောပနာခြင်း အလုံးစုံတို့ကို ခံယူထိုက်တော်မူ၏။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင် ဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသောအရှင်၊ အကြွင်းမဲ့သိတော် မူသောအရှင်ဖြစ်တော်မူ၏။
2يَعْلَمُ مَا يَلِجُ فِي الْأَرْضِ وَمَا يَخْرُجُ مِنْهَا وَمَا يَنزِلُ مِنَ السَّمَاءِ وَمَا يَعْرُجُ فِيهَا ۚ وَهُوَ الرَّحِيمُ الْغَفُورُ
ထိုအရှင်မြတ်သည် ပထဝီမြေအတွင်းသို့ ဝင်သောအရာများကိုလည်းကောင်း၊ ယင်းပထဝီမြေ အတွင်းမှထွက်သောအရာများကို လည်းကောင်း၊ မိုးကောင်းကင်မှ သက်ဆင်းသောအရာများကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်သို့တက်သွားသော အရာများကိုလည်းကောင်း၊ (အလုံးစုံတို့ကို)ကောင်း မွန်စွာ သိရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်အလွန်တရာ သနားကြင်နာတော်မူသောအရှင်၊ အလွန်တရာခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
3وَقَالَ الَّذِينَ كَفَرُوا لَا تَأْتِينَا السَّاعَةُ ۖ قُلْ بَلَىٰ وَرَبِّي لَتَأْتِيَنَّكُمْ عَالِمِ الْغَيْبِ ۖ لَا يَعْزُبُ عَنْهُ مِثْقَالُ ذَرَّةٍ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ وَلَا أَصْغَرُ مِن ذَٰلِكَ وَلَا أَكْبَرُ إِلَّا فِي كِتَابٍ مُّبِينٍ
စင်စစ်သော်ကား ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့က ရှင်ပြန်ထရမည့် အချိန်ကာလသည် ကျွန်ုပ်တို့ထံဆိုက်ရောက်လာမည်မဟုတ် ဟု ဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါ့အားမွေးမြူဖန်ဆင်းတော်မူသော၊ အကွယ်၌ရှိသည်တို့ကို သိမြင်တော်မူသော၊ အရှင်မြတ်၏ ကစမ်၊ ယင်းရှင်ပြန်ထမည့်အချိန် ကာလသည် အသင်တို့ထံ အမှန်ပင် ဆိုက်ရောက်လာမည်။ မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ အဏုမြူခန့်မျှသောဝတ္ထုပစ္စည်းသည်ပင်လျှင် ထိုအရှင်မြတ်၏ အသိပညာမှကွယ်ပျောက်နေသည်ဟူ၍မရှိပေ။ စင်စစ်သော်ကား ယင်းအဏုမြူ ထက်သေးငယ်သော အရာဝတ္ထုပင်ဖြစ်စေ၊ (ယင်းအဏုမြူထက်)ကြီးသော အရာဝတ္ထုပင်ဖြစ်စေ၊ ထင်ရှားစွာသောမှတ်တမ်းစာအုပ်တွင် (ရေးသားပြီး)ဖြစ်ပေသည်။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
1အာယာသ်

ဘာသာပြန် — စဗ 1

စူရာ စဗ အာယာသ် 1 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိရှိသမျှသော (သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကို ပိုင်ဆိုင်တော်မူသော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာခြင်း အပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ထိုနည်းတူစွာ…

စူရာ အာယာသ် 1/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 1–3. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 31, 2026

Don't forget us in your sincere prayers