ဖာတီရ် · 37/45
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖာတီရ်
وَهُمْ يَصْطَرِخُونَ فِيهَا رَبَّنَا أَخْرِجْنَا نَعْمَلْ صَالِحًا غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ أَوَلَمْ نُعَمِّرْكُم مَّا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ وَجَاءَكُمُ النَّذِيرُ ۖ فَذُوقُوا فَمَا لِلظَّالِمِينَ مِن نَّصِيرٍ ۝٣٧
Wa hum yastarikhoona feehaa Rabbanaa akhrijnaa na`mal saalihan ghairal lazee kunnaa na`mal; awa lamnu `ammirkum maa yatazak karu feehi man tazakkara wa jaaa`akumun nazeeru fazooqoo famaa lizzaalimeena min naseer
📖 မြန်မာဘာသာ
ထို့ပြင် ၎င်းတို့သည် ယင်း ဂျဟန္နမ် ငရဲဘုံ ၌အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (ဤငရဲဘုံမှ)ထုတ်တော်မူပါ။ ကျွန်တော်မျိုးတို့သည် မိမိတို့ ပြုလုပ်လျက် ရှိခဲ့ကြသောအပြုအမူများမှ တစ်ပါး ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူ ဆောက်တည်ကြပါမည် ဟု ဟစ်အော်(လျှောက်ထား)ကြပေမည်။ ထိုအခါ) ၎င်းတို့သည် ဤသို့ ပြန်ကြားတော်မူခြင်းကိုခံကြရပေမည်)၊ ငါအရှင်မြတ်သည် စဉ်းစား ဆင်ခြင်လိုသောသူများ စဉ်းစားဆင်ခြင်နိုင် လောက်သော သက်တမ်းကိုအသင်တို့အားပေးတော်မူခဲ့သည် မဟုတ်ပါလော။ ထိုမှတစ်ပါးအသင်တို့ထံ သတိပေး နှိုးဆော်သူလည်း ရောက်ရှိခဲ့သည်(မဟုတ်ပါလော)။ သို့ဖြစ်ပေရာ (ယခုမူ)အသင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်စမ်းကြလေကုန်။ စင်စစ် မတရားသောသူတို့၏အဖို့ ကူညီယိုင်းပင်းမည့်သူဟူ၍ အလျှင်းမရှိပြီတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • يَصْطَرِخُونَ — သူတို့သည် ကျယ်လောင်စွာ အော်ဟစ်အကူအညီတောင်းကြသည်။ ပြင်းထန်သော ဆင်းရဲဒုက္ခကြောင့် အသံကျယ်စွာ ငိုကြွေးအော်ဟစ်ခြင်း ဖြစ်သည်။
  • أَوَلَمْ نُعَمِّرْكُم — ငါအရှင်မြတ်သည် သင်တို့အား အသက်ရှည်စွာ နေထိုင်ခွင့် မပေးခဲ့သလော။
  • مَا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ — သတိရတတ်သူများ သတိရနိုင်သော အချိန်ကာလတစ်ခု။
  • النَّذِيرُ — သတိပေးသူ။ ဤနေရာတွင် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ကို ရည်ညွှန်းသည်။
  • فَذُوقُوا — ထို့ကြောင့် သင်တို့သည် (ပြစ်ဒဏ်)ကို မြည်းစမ်းကြလော့။
  • نَصِيرٍ — ကူညီကယ်ဆယ်သူ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ဂျဟန်နမ် (ငရဲမီး) ထဲတွင် ကာဖိရ်များ၏ အခြေအနေကို ဖော်ပြထားသည်။ သူတို့သည် ငရဲမီး၏ ပြင်းထန်လှသော ပြစ်ဒဏ်ကို ခံစားရင်း၊ အလွန်အမင်း နာကျင်မှုကြောင့် အသံကျယ်စွာ အော်ဟစ်ငိုကြွေးကာ အကူအညီတောင်းကြမည်။ သူတို့က “အို ကျွန်ုပ်တို့၏ အရှင်မြတ်၊ ကျွန်ုပ်တို့အား ဤငရဲမီးမှ ထုတ်ပေးတော်မူပါ။ ကျွန်ုပ်တို့သည် လောကတွင် ပြုခဲ့သည့် လုပ်ရပ်များနှင့် မတူသော ကောင်းမှုကုသိုလ်များကို ပြုလုပ်ပါမည်” ဟု တောင်းဆိုကြမည်။ သို့သော် သူတို့၏ တောင်းဆိုချက်ကို ငြင်းပယ်လျက် ဤသို့ ပြန်လည်ဖြေကြားခံရမည်။

“ငါအရှင်မြတ်သည် သင်တို့အား သတိရတတ်သူများ သတိရနိုင်လောက်သော အသက်အရွယ်ကာလကို မပေးခဲ့သလော။ သင်တို့သည် လုံလောက်သော အသက်ရှည်မှုကို ရရှိခဲ့ကြသည်။ ထိုကာလအတွင်း သတိရလိုသူများသည် အလ္လာဟ်အရှင်မြတ်ထံ ဝန်ချတောင်းပန်ကာ ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ခဲ့ကြသည်။ ထို့အပြင် သင်တို့ထံသို့ သတိပေးသူ (တမန်တော်မုဟမ္မဒ်) ရောက်ရှိလာခဲ့ပြီး ငရဲမီး၏ ပြစ်ဒဏ်အကြောင်း သတိပေးခဲ့သည်။ သို့သော် သင်တို့သည် မသတိရခဲ့ကြ၊ မယုံကြည်ခဲ့ကြ။ ယခုအခါ သင်တို့အတွက် မည်သည့် အကြောင်းပြချက်မျှ မကျန်ရှိတော့ပါ။ ထို့ကြောင့် ငရဲမီး၏ ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။ မိမိတို့ကိုယ်ကို ကာဖိရ်ဖြစ်ခြင်း၊ ပြစ်မှုကျူးလွန်ခြင်းဖြင့် ပျက်စီးစေခဲ့သော မတရားသူများအတွ



📜 အာယာသ် 35-39 — စူရာ ဖာတီရ်

35الَّذِي أَحَلَّنَا دَارَ الْمُقَامَةِ مِن فَضْلِهِ لَا يَمَسُّنَا فِيهَا نَصَبٌ وَلَا يَمَسُّنَا فِيهَا لُغُوبٌ
အကြင် အရှင်မြတ်သည် မိမိကျေးဇူးတော်နှင့်ကျွန်တော်မျိုးတို့အား အမြဲထာဝရ နေရအံ့သောဌာန၌နေရာချပေးတော်မူ၏။ ထိုဌာနတွင် ကျွန်တော်မျိုးတို့၌ မည်သည့်ပင်ပန်းမှုမျှလည်း သက်ရောက်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ကျွန်တော်မျိုးတို့၌ ထိုဌာနတွင် မည်သည့်ငြီးငွေ့မှုမျှလည်းသက်ရောက်မည် မဟုတ်ပေတကား။
36وَالَّذِينَ كَفَرُوا لَهُمْ نَارُ جَهَنَّمَ لَا يُقْضَىٰ عَلَيْهِمْ فَيَمُوتُوا وَلَا يُخَفَّفُ عَنْهُم مِّنْ عَذَابِهَا ۚ كَذَٰلِكَ نَجْزِي كُلَّ كَفُورٍ
သို့ရာတွင်ကာဖိရ်သွေဖည်ငြင်းပယ်သူတို့ အဖို့ဂျဟန္နမ် ငရဲဘုံ၏ မီးသည်ရှိပေမည်။ ၎င်းတို့အပေါ်၌ ၎င်းတို့သေဆုံးနိုင်ကြအံ့သောငှာ အမိန့်တော်ပြဋ္ဌာန်းခြင်း ခံရမည်လည်း မဟုတ်ပေ။ ယင်းငရဲဘုံ၏ပြစ်ဒဏ်သည် ၎င်းတို့မှပေါ့လျော့စေခြင်းခံရမည်လည်းမဟုတ်ပေ။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် သွေဖည်သူတိုင်းကို အစားပေး တော်မူသည်။
37وَهُمْ يَصْطَرِخُونَ فِيهَا رَبَّنَا أَخْرِجْنَا نَعْمَلْ صَالِحًا غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ أَوَلَمْ نُعَمِّرْكُم مَّا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ وَجَاءَكُمُ النَّذِيرُ ۖ فَذُوقُوا فَمَا لِلظَّالِمِينَ مِن نَّصِيرٍ
ထို့ပြင် ၎င်းတို့သည် ယင်း ဂျဟန္နမ် ငရဲဘုံ ၌အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (ဤငရဲဘုံမှ)ထုတ်တော်မူပါ။ ကျွန်တော်မျိုးတို့သည် မိမိတို့ ပြုလုပ်လျက် ရှိခဲ့ကြသောအပြုအမူများမှ တစ်ပါး ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူ ဆောက်တည်ကြပါမည် ဟု ဟစ်အော်(လျှောက်ထား)ကြပေမည်။ ထိုအခါ) ၎င်းတို့သည် ဤသို့ ပြန်ကြားတော်မူခြင်းကိုခံကြရပေမည်)၊ ငါအရှင်မြတ်သည် စဉ်းစား ဆင်ခြင်လိုသောသူများ စဉ်းစားဆင်ခြင်နိုင် လောက်သော သက်တမ်းကိုအသင်တို့အားပေးတော်မူခဲ့သည် မဟုတ်ပါလော။ ထိုမှတစ်ပါးအသင်တို့ထံ သတိပေး နှိုးဆော်သူလည်း ရောက်ရှိခဲ့သည်(မဟုတ်ပါလော)။ သို့ဖြစ်ပေရာ (ယခုမူ)အသင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်စမ်းကြလေကုန်။ စင်စစ် မတရားသောသူတို့၏အဖို့ ကူညီယိုင်းပင်းမည့်သူဟူ၍ အလျှင်းမရှိပြီတကား။
38إِنَّ اللَّهَ عَالِمُ غَيْبِ السَّمَاوَاتِ وَالْأَرْضِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည်မိုးကောင်းကင်များ၌ ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသော အရှင်ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသည်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူ၏။
39هُوَ الَّذِي جَعَلَكُمْ خَلَائِفَ فِي الْأَرْضِ ۚ فَمَن كَفَرَ فَعَلَيْهِ كُفْرُهُ ۖ وَلَا يَزِيدُ الْكَافِرِينَ كُفْرُهُمْ عِندَ رَبِّهِمْ إِلَّا مَقْتًا ۖ وَلَا يَزِيدُ الْكَافِرِينَ كُفْرُهُمْ إِلَّا خَسَارًا
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားကမ္ဘာမြေ၌ ရိုက်ရာဆက်ခံသူများအဖြစ် ပြုလုပ်တော် မူခဲ့သောအရှင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ မည်သူမဆို ကျေးဇူးကန်းခဲ့ပါမူ ၎င်း၏ ကျေးဇူးကန်းမှု၏(အပြစ်)သည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ စင်စစ်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သူတို့အပေါ်၌ ၎င်းတို့၏သွေဖည်မှုသည် ၎င်းတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် မုန်းတီးစက်ဆုပ်မှုကိုသာလျှင် တိုးပွားစေမည်ဖြစ်၏။ ထိုနည်းတူစွာကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့၌ ၎င်းတို့၏ သွေဖည်မှုသည် ဆုံးရှုံးမှုကိုသာလျှင် ပိုမိုတိုးပွားစေအံ့သတည်း။
ဖာတီရ်ကုရ်အာန် ညွှန်းကိန်း
45အာယာသ်
MeccanRevelation
37အာယာသ်

ဘာသာပြန် — ဖာတီရ် 37

စူရာ ဖာတီရ် အာယာသ် 37 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ၎င်းတို့သည် ယင်း ဂျဟန္နမ် ငရဲဘုံ ၌အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (ဤငရဲဘုံမှ)ထုတ်တော်မူပါ။…

စူရာ အာယာသ် 37/45 — စူရာ ဖာတီရ် فاطر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖာတီရ် နားထောင်, စူရာ ဖာတီရ် ဘာသာပြန်, စူရာ ဖာတီရ် mp3, စူရာ ဖာတီရ် pdf. အာယာသ် 35–39. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers