إِنَّ اللَّهَ عَالِمُ غَيْبِ السَّمَاوَاتِ وَالْأَرْضِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ ٣٨
🔤 Transliteration
Innal laaha `aalimu ghaibis samaawaati wal ard; innahoo `aleemum bizaatis sudoor
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည်မိုးကောင်းကင်များ၌ ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသော အရှင်ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသည်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူ၏။
🌐 Additional reference in ภาษาไทย
၁။ ဝေါဟာရအနက်ဖွင့်ဆိုချက်များ
ဂိုင်ဗ် (غَيْب ): လူသားတို့၏ အာရုံခံစားမှုနှင့် အသိပညာမှ ကွယ်ဝှက်နေသောအရာများ၊ မမြင်နိုင်သော၊ မသိနိုင်သောအရာများ။ ဆမာဝါသ် (السَّمَاوَات ): မိုးကောင်းကင်များ။ အရဒ် (الْأَرْض ): မြေကြီး။ ဇာသိဆ်ဆွဒူရ် (ذَاتِ الصُّدُور ): ရင်ဘတ်များအတွင်း၌ ရှိသောအရာများ၊ ဆိုလိုသည်မှာ စိတ်နှလုံးအတွင်း ဝှက်ထားသော ရည်ရွယ်ချက်များ၊ ဆန္ဒများ၊ အတွေးအခေါ်များ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေကြီးတွင် ကွယ်ဝှက်နေသော အရာအားလုံးကို အသိပညာရှင်ဖြစ်တော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်ထံမှ ကွယ်ဝှက်၍ မရနိုင်ပါ။ အမှန်စင်စစ် အရှင်မြတ်သည် လူသားတို့၏ ရင်ဘတ်များအတွင်း၌ ဝှက်ထားသော အတွေးအခေါ်များ၊ ရည်ရွယ်ချက်များ၊ ကောင်းမှုနှင့် မကောင်းမှုဆိုင်ရာ စိတ်ကူးများကို အသေးစိတ် သိရှိတော်မူသည်။ ထို့ကြောင့် လူသားတို့သည် အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်း၊ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) ၏ နုဗုဝသ်တော်နှင့် ပတ်သက်၍ သံသယ သို့မဟုတ် ရှိရ်က် (တစ်ဆူတည်းကို ငြင်းပယ်ခြင်း) ကို စိတ်နှလုံးအတွင်း ဝှက်ထားခြင်း၊ သို့မဟုတ် အရှင်မြတ်အား ဖီဆန်ခြင်းမှန်သမျှကို ပြုလုပ်ခြင်းတို့မှ ရှောင်ကြဉ်ရမည်။ အကြောင်းမှာ အရှင်မြတ်သည် ထိုအရာအားလုံးကို မြင်သိတော်မူသောကြောင့် ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အသိပညာရှင်ဖြစ်တော်မူကြောင်း သိရှိခြင်းသည် လူသားတို့အား ကောင်းမှုပြုရန် အားပေးမှုဖြစ်သည်။ အကြောင်းမှာ ကောင်းမှုကို မည်မျှပင် လျှို့ဝှက်စွာ ပြုလုပ်ပါစေ အရှင်မြတ်သည် သိရှိတော်မူပြီး အကျိုးဆုလာဘ်ကို ပေးသနားတော်မူမည်ဖြစ်သည်။ မကောင်းမှုကို လျှို့ဝှက်စွာ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေးမှုဖြစ်သည်။ အကြောင်းမှာ အရှင်မြတ်သည် ရင်ဘတ်အတွင်း ဝှက်ထားသော အတွေးအခေါ်များကိုပင် သိရှိတော်မူသောကြောင့် ဖြစ်သည်။ ဤအာယသ်တော်သည် အစ္စလာမ်သာသနာတော်၏ လှပမှုကို ထင်ဟပ်စေသည်။ အကြောင်းမှာ အရှင်မြတ်သည် အပြင်ပန်းသာမက အတွင်းစိတ်ကိုပါ အသေးစိတ် သိရှိတော်မူ
إِنَّ ٱللَّهَ عَٰلِمُ غَيۡبِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٣٨
မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည်မိုးကောင်းကင်များ၌ ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသော အရှင်ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသည်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 36-40 — စူရာ ဖာတီရ်
36 وَالَّذِينَ كَفَرُوا لَهُمْ نَارُ جَهَنَّمَ لَا يُقْضَىٰ عَلَيْهِمْ فَيَمُوتُوا وَلَا يُخَفَّفُ عَنْهُم مِّنْ عَذَابِهَا ۚ كَذَٰلِكَ نَجْزِي كُلَّ كَفُورٍ
သို့ရာတွင်ကာဖိရ်သွေဖည်ငြင်းပယ်သူတို့ အဖို့ဂျဟန္နမ် ငရဲဘုံ၏ မီးသည်ရှိပေမည်။ ၎င်းတို့အပေါ်၌ ၎င်းတို့သေဆုံးနိုင်ကြအံ့သောငှာ အမိန့်တော်ပြဋ္ဌာန်းခြင်း ခံရမည်လည်း မဟုတ်ပေ။ ယင်းငရဲဘုံ၏ပြစ်ဒဏ်သည် ၎င်းတို့မှပေါ့လျော့စေခြင်းခံရမည်လည်းမဟုတ်ပေ။ ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် သွေဖည်သူတိုင်းကို အစားပေး တော်မူသည်။
37 وَهُمْ يَصْطَرِخُونَ فِيهَا رَبَّنَا أَخْرِجْنَا نَعْمَلْ صَالِحًا غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ أَوَلَمْ نُعَمِّرْكُم مَّا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ وَجَاءَكُمُ النَّذِيرُ ۖ فَذُوقُوا فَمَا لِلظَّالِمِينَ مِن نَّصِيرٍ
ထို့ပြင် ၎င်းတို့သည် ယင်း ဂျဟန္နမ် ငရဲဘုံ ၌အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (ဤငရဲဘုံမှ)ထုတ်တော်မူပါ။ ကျွန်တော်မျိုးတို့သည် မိမိတို့ ပြုလုပ်လျက် ရှိခဲ့ကြသောအပြုအမူများမှ တစ်ပါး ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူ ဆောက်တည်ကြပါမည် ဟု ဟစ်အော်(လျှောက်ထား)ကြပေမည်။ ထိုအခါ) ၎င်းတို့သည် ဤသို့ ပြန်ကြားတော်မူခြင်းကိုခံကြရပေမည်)၊ ငါအရှင်မြတ်သည် စဉ်းစား ဆင်ခြင်လိုသောသူများ စဉ်းစားဆင်ခြင်နိုင် လောက်သော သက်တမ်းကိုအသင်တို့အားပေးတော်မူခဲ့သည် မဟုတ်ပါလော။ ထိုမှတစ်ပါးအသင်တို့ထံ သတိပေး နှိုးဆော်သူလည်း ရောက်ရှိခဲ့သည်(မဟုတ်ပါလော)။ သို့ဖြစ်ပေရာ (ယခုမူ)အသင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်စမ်းကြလေကုန်။ စင်စစ် မတရားသောသူတို့၏အဖို့ ကူညီယိုင်းပင်းမည့်သူဟူ၍ အလျှင်းမရှိပြီတကား။
38 إِنَّ اللَّهَ عَالِمُ غَيْبِ السَّمَاوَاتِ وَالْأَرْضِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည်မိုးကောင်းကင်များ၌ ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသော အရှင်ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသည်တို့ကို ကောင်းစွာသိရှိတော်မူသော အရှင်ဖြစ်တော်မူ၏။
39 هُوَ الَّذِي جَعَلَكُمْ خَلَائِفَ فِي الْأَرْضِ ۚ فَمَن كَفَرَ فَعَلَيْهِ كُفْرُهُ ۖ وَلَا يَزِيدُ الْكَافِرِينَ كُفْرُهُمْ عِندَ رَبِّهِمْ إِلَّا مَقْتًا ۖ وَلَا يَزِيدُ الْكَافِرِينَ كُفْرُهُمْ إِلَّا خَسَارًا
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားကမ္ဘာမြေ၌ ရိုက်ရာဆက်ခံသူများအဖြစ် ပြုလုပ်တော် မူခဲ့သောအရှင် ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ မည်သူမဆို ကျေးဇူးကန်းခဲ့ပါမူ ၎င်း၏ ကျေးဇူးကန်းမှု၏(အပြစ်)သည် ၎င်း၏အပေါ်၌သာ ကျရောက်ပေမည်။ စင်စစ်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သူတို့အပေါ်၌ ၎င်းတို့၏သွေဖည်မှုသည် ၎င်းတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် မုန်းတီးစက်ဆုပ်မှုကိုသာလျှင် တိုးပွားစေမည်ဖြစ်၏။ ထိုနည်းတူစွာကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့၌ ၎င်းတို့၏ သွေဖည်မှုသည် ဆုံးရှုံးမှုကိုသာလျှင် ပိုမိုတိုးပွားစေအံ့သတည်း။
40 قُلْ أَرَأَيْتُمْ شُرَكَاءَكُمُ الَّذِينَ تَدْعُونَ مِن دُونِ اللَّهِ أَرُونِي مَاذَا خَلَقُوا مِنَ الْأَرْضِ أَمْ لَهُمْ شِرْكٌ فِي السَّمَاوَاتِ أَمْ آتَيْنَاهُمْ كِتَابًا فَهُمْ عَلَىٰ بَيِّنَتٍ مِّنْهُ ۚ بَلْ إِن يَعِدُ الظَّالِمُونَ بَعْضُهُم بَعْضًا إِلَّا غُرُورًا
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ ဟစ်ခေါ်တသကြကုန်သော မိမိတို့၏ တွဲဖက်ကိုးကွယ်ရာတို့အား မမြင်ခဲ့ကြလေသလော။ အသင်တို့သည် ငါ့အားပြသကြလေကုန်။ ထို(အသင်တို့၏တွဲဖက် ကိုးကွယ်ရာ)တို့သည်ပထဝီမြေ၏ မည်သည့်အစိတ်အပိုင်းကို ဖန်ဆင်း ခဲ့ကြသနည်း။သို့တည်းမဟုတ် မိုးကောင်းကင်များ၌ ၎င်းတို့၏ ဖက်စပ်မှုတစ်စုံတစ်ရာရှိလေသလော။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်တစ်စောင်စောင်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သဖြင့် ၎င်းတို့သည် ယင်းကျမ်းဂန်၏အထောက်အထား တစ်ရပ်ရပ်အပေါ်၌ ရပ်တည်၍ နေကြသလော။ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား မတရားသောသူတို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး လိမ်လည်လှည့်ဖြားခြင်းမှတစ်ပါး အခြားမည်သည်ကိုမျှပင် ကတိပေးကြသည်မဟုတ်ပြီ။
ဘာသာပြန် — ဖာတီရ် 38 စူရာ ဖာတီရ် အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည်မိုးကောင်းကင်များ၌ ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ဖုံးအုပ်လျက်ရှိသည်တို့ကိုလည်းကောင်း၊ သိတော်မူသော အရှင်ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသည်တို့ကို ကောင်းစွာသိရှိတော်မူသော…
စူရာ အာယာသ် 38/45 — စူရာ ဖာတီရ် فاطر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖာတီရ် နားထောင်, စူရာ ဖာတီရ် ဘာသာပြန်, စူရာ ဖာတီရ် mp3, စူရာ ဖာတီရ် pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.