အန်-နီဆာ · 125/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَمَنْ أَحْسَنُ دِينًا مِّمَّنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ وَاتَّبَعَ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۗ وَاتَّخَذَ اللَّهُ إِبْرَاهِيمَ خَلِيلًا ۝١٢٥
Wa man ahsanu deenam mimmman aslama wajhahoo lillaahi wa huwa muhsinunw wattaba`a Millata Ibraaheema haneefaa; wattakhazal laahu Ibraaheema khaleelaa
📖 မြန်မာဘာသာ
အမှန်သော်ကား အကြင်သူထက် ‘ဒီန်’ သာသနာအားဖြင့် ပိုမို၍မြင့်မြတ်သောသူသည် မည်သူရှိသနည်း။ ထိုသူသည် မိမိမျက်နှာ (မိမိကိုယ်) ကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ အပ်နှင်းခဲ့သည့်ပြင် (အပြောအဆို အကျင့်အမူအားဖြင့်) မြင့်မြတ်သောသူလည်းဖြစ်၏။ ထိုမှတစ်ပါး ထိုသူသည် ဖြောင့်မတ်တည်ကြည်သော (နဗီတမန်တော်) အစ်�်ရာဟီမ်၏ ‘ဒီန်’ သာသနာကိုလည်း လိုက်နာ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား (မိမိ) မိတ်ဆွေအဖြစ် ပြုလုပ်ချီးမြှင့်တော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါပဒ အနက်အဓိပ္ပာယ်များ
  • أَسْلَمَ وَجْهَهُ لِلَّهِ — မိမိ၏မျက်နှာ(ကိုယ်စိတ်နှစ်ဖြာ)ကို အလ္လာဟ်အရှင်မြတ်ထံ အပ်နှံအပ်သည်၊ ဆိုလိုသည်မှာ စိတ်နှလုံးနှင့်ကိုယ်ခန္ဓာတစ်ခုလုံးကို အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအတွက် သစ္စာရှိစွာ လက်အောက်ခံအပ်နှံခြင်းဖြစ်သည်။
  • مُحْسِنٌ — ကောင်းမှုပြုသူ၊ အလ္လာဟ်အရှင်မြတ်ကို တစ်ပါးတည်းကိုးကွယ်သူ၊ လုပ်ရပ်များကို ကောင်းမွန်စွာဆောင်ရွက်သူ။
  • مِلَّةَ إِبْرَاهِيمَ — တမန်တော်(နဗီ)အိဗ်ရာဟီမ်(အလိုင်ဟိစ်စလာမ်)၏ သာသနာလမ်းစဉ်။
  • حَنِيفًا — ရှိရ်က်(တစ်ပါးတည်းကိုးကွယ်မှုကို ဖျက်ဆီးသော)မှ လွဲ၍ တစ်ပါးတည်းကိုးကွယ်မှု(တောင်ဟီးဒ်)ဘက်သို့ လုံးလုံးလျားလျား လှည့်သူ။
  • خَلِيلًا — ခိလ်လဟ်(ချစ်ခင်မှုအမြင့်ဆုံးအဆင့်)၊ အလ္လာဟ်အရှင်မြတ်က အိဗ်ရာဟီမ်(အလိုင်ဟိစ်စလာမ်)ကို အထူးချစ်ခင်မြတ်နိုးတော်မူသော မိတ်ဆွေအဖြစ် ရွေးချယ်မြှောက်စားတော်မူခြင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မိမိ၏စိတ်နှလုံးနှင့်ကိုယ်ခန္ဓာတစ်ခုလုံးကို အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအတွက် သစ္စာရှိစွာ လက်အောက်ခံအပ်နှံပြီး၊ ကောင်းမှုကုသိုလ်များကို ကောင်းမွန်စွာဆောင်ရွက်လျက်၊ ရှိရ်က်(တစ်ပါးတည်းကိုးကွယ်မှုကို ဖျက်ဆီးသော)နှင့် မှားယွင်းသောလမ်းစဉ်များမှ လုံးလုံးလျားလျားလှည့်၍ တမန်တော်အိဗ်ရာဟီမ်(အလိုင်ဟိစ်စလာမ်)၏ သာသနာလမ်းစဉ်ကို လိုက်နာသူထက် သာသနာအရာ၌ ပိုမိုကောင်းမွန်သူဟူ၍ မည်သူမျှမရှိပါ။ အမှန်စင်စစ် တမန်တော်အိဗ်ရာဟီမ်(အလိုင်ဟိစ်စလာမ်)၏ သာသနာသည် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ သာသနာ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မိမိဖန်ဆင်းခံသတ္တဝါအားလုံးထက် တမန်တော်အိဗ်ရာဟီမ်(အလိုင်ဟိစ်စလာမ်)ကို အထူးချစ်ခင်မြတ်နိုးတော်မူသော မိတ်ဆွေအဖြစ် ရွေးချယ်မြှောက်စားတော်မူခဲ့သည်။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ချစ်ခင်မှုအမြင့်ဆုံးအဆင့်ဖြစ်သော ခိလ်လဟ်ဂုဏ်တော်ကို ထင်ရှားစေသည့် ဂုဏ်ထူးဝိသေသဖြစ်ပေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အစ္စလာမ်သာသန


📜 အာယာသ် 123-127 — စူရာ အန်-နီဆာ

123لَّيْسَ بِأَمَانِيِّكُمْ وَلَا أَمَانِيِّ أَهْلِ الْكِتَابِ ۗ مَن يَعْمَلْ سُوءًا يُجْزَ بِهِ وَلَا يَجِدْ لَهُ مِن دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
အသင်တို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (ရှေးအထက်) ကျမ်းဂန်ရရှိသောသူတို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (စင်စစ်အားဖြင့်) မည်သူမဆို မကောင်းမှုဒုစရိုက်ကိုကျင့်မူအံ့။ ထိုသူသည် ယင်းမကောင်းမှုအတွက် အပြစ်ပေးခြင်းကို ခံရလတ္တံ့။ ထို့ပြင်တဝ ယင်းသူသည် မိမိအဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။
124وَمَن يَعْمَلْ مِنَ الصَّالِحَاتِ مِن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًا
သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောကျင့်ဝတ်တို့ကို ကျင့်မူအံ့၊ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့၊ သို့ဖြစ်လျှင် ထိုကဲ့သို့ သောသူတို့သည် ‘ဂျန္နတ်’ အမတသုခဘုံသို့ ဝင်ရောက် (စံမြန်း) ကြရမည့်အပြင် ထိုသူတို့သည် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း စိုးစဉ်းမျှခံကြရမည်မဟုတ်ပေ။
125وَمَنْ أَحْسَنُ دِينًا مِّمَّنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ وَاتَّبَعَ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۗ وَاتَّخَذَ اللَّهُ إِبْرَاهِيمَ خَلِيلًا
အမှန်သော်ကား အကြင်သူထက် ‘ဒီန်’ သာသနာအားဖြင့် ပိုမို၍မြင့်မြတ်သောသူသည် မည်သူရှိသနည်း။ ထိုသူသည် မိမိမျက်နှာ (မိမိကိုယ်) ကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ အပ်နှင်းခဲ့သည့်ပြင် (အပြောအဆို အကျင့်အမူအားဖြင့်) မြင့်မြတ်သောသူလည်းဖြစ်၏။ ထိုမှတစ်ပါး ထိုသူသည် ဖြောင့်မတ်တည်ကြည်သော (နဗီတမန်တော်) အစ်�်ရာဟီမ်၏ ‘ဒီန်’ သာသနာကိုလည်း လိုက်နာ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား (မိမိ) မိတ်ဆွေအဖြစ် ပြုလုပ်ချီးမြှင့်တော်မူခဲ့လေသတည်း။
126وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَانَ اللَّهُ بِكُلِّ شَيْءٍ مُّحِيطًا
ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေကြီး၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်သော ပစ္စည်းများသာဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဝန်းခြုံလျက်ရှိတော်မူသောအရှင် ဖြစ်တော်မူသည်။
127وَيَسْتَفْتُونَكَ فِي النِّسَاءِ ۖ قُلِ اللَّهُ يُفْتِيكُمْ فِيهِنَّ وَمَا يُتْلَىٰ عَلَيْكُمْ فِي الْكِتَابِ فِي يَتَامَى النِّسَاءِ اللَّاتِي لَا تُؤْتُونَهُنَّ مَا كُتِبَ لَهُنَّ وَتَرْغَبُونَ أَن تَنكِحُوهُنَّ وَالْمُسْتَضْعَفِينَ مِنَ الْوِلْدَانِ وَأَن تَقُومُوا لِلْيَتَامَىٰ بِالْقِسْطِ ۚ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ كَانَ بِهِ عَلِيمًا
၎င်းပြင် ထိုသူတို့သည် မိန်းမတို့ (၏ အမွေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ‘မဟရ်’ နှင့် စပ်လျဉ်း၍လည်းကောင်း) ဓမ္မသတ်ဆုံးဖြတ်ချက်ကို အသင့်ထံတောင်းကြကုန်သည်။ အသင်သည် (ထိုသူတို့အားဤသို့) ဖြေကြားပါလေ။“အလ္လာဟ်အရှင်မြတ်သည် မိန်းမတို့နှင့်ပတ်သက်၍ အသင်တို့အား (ယခင်အတိုင်းပင်) တရားစီရင် ပြဋ္ဌာန်းပေးတော်မူလေသည်။ ထို့ပြင်တဝ (ယခင်က ချမှတ်ပေးတော်မူခဲ့ပြီးဖြစ်၍) ကုရ်အာန်ကျမ်းတော်မြတ်တွင် အသင်တို့အား ဖတ်ရွတ်ကြားနာစေတော်မူခဲ့သော မုက္ခပါဌ်တော် များသည်လည်း (အသင်တို့ကို ညွှန်ကြားလျက်) ရှိပေသည်။ ထိုမုက္ခပါဌ်တော်များသည် အကြင် မိဘမဲ့မိန်းကလေးတို့နှင့်ပတ်သက်သော မုက္ခပါဌ်တော်များဖြစ်၏။ အသင်တို့သည် ထိုမိန်းကလေးတို့အဖို့ သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော အခွင့်အရေးများကို မပေးကြပေ။ ၎င်းပြင် အသင်တို့သည် ထိုမိန်းကလေးတို့နှင့်လည်း ထိမ်းမြားလိုကြ၏။ ထိုနည်းတူစွာ (ယင်း မုက္ခပါဌ်တော်များသည်) အားအင်ချည့်နဲ့သော သူငယ်တို့နှင့်ပတ်သက်သော အမိန့်တော်များလည်းဖြစ်၏။ ၎င်းပြင် အသင်တို့သည် မိဘမဲ့ကလေးတို့နှင့်ပတ်သက်၍ တရားမျှတစွာဆောင်ရွက်ကြရန် အမိန့်တော်လည်းဖြစ်ပေသည်။ အမှန်စင်စစ်သော်ကား အသင်တို့သည် မည်သည့်ကောင်းမှုကိုမဆို ပြုလုပ်ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ယင်းကောင်းမှုကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။”
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
125အာယာသ်

ဘာသာပြန် — အန်-နီဆာ 125

စူရာ အန်-နီဆာ အာယာသ် 125 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်သော်ကား အကြင်သူထက် ‘ဒီန်’ သာသနာအားဖြင့် ပိုမို၍မြင့်မြတ်သောသူသည် မည်သူရှိသနည်း။ ထိုသူသည် မိမိမျက်နှာ (မိမိကိုယ်) ကို…

စူရာ အာယာသ် 125/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 123–127. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers