အန်-နီဆာ · 126/176
ဘာသာပြန် အသံနိုင်ငံ — အန်-နီဆာ
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَانَ اللَّهُ بِكُلِّ شَيْءٍ مُّحِيطًا ١٢٦
Transliteration
Wa lillaahi maa fis samaawaati wa maa fil ard; wa kaanal laahu bikulli shai`im muheetaa
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေကြီး၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်သော ပစ္စည်းများသာဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဝန်းခြုံလျက်ရှိတော်မူသောအရှင် ဖြစ်တော်မူသည်။
Additional reference in ภาษาไทย
🎧 နားထောင်
📜 အာယာသ် 124-128 — အန်-နီဆာ
124وَمَن يَعْمَلْ مِنَ الصَّالِحَاتِ مِن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًا
သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောကျင့်ဝတ်တို့ကို ကျင့်မူအံ့၊ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့၊ သို့ဖြစ်လျှင် ထိုကဲ့သို့ သောသူတို့သည် ‘ဂျန္နတ်’ အမတသုခဘုံသို့ ဝင်ရောက် (စံမြန်း) ကြရမည့်အပြင် ထိုသူတို့သည် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း စိုးစဉ်းမျှခံကြရမည်မဟုတ်ပေ။
125وَمَنْ أَحْسَنُ دِينًا مِّمَّنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ وَاتَّبَعَ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۗ وَاتَّخَذَ اللَّهُ إِبْرَاهِيمَ خَلِيلًا
အမှန်သော်ကား အကြင်သူထက် ‘ဒီန်’ သာသနာအားဖြင့် ပိုမို၍မြင့်မြတ်သောသူသည် မည်သူရှိသနည်း။ ထိုသူသည် မိမိမျက်နှာ (မိမိကိုယ်) ကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ အပ်နှင်းခဲ့သည့်ပြင် (အပြောအဆို အကျင့်အမူအားဖြင့်) မြင့်မြတ်သောသူလည်းဖြစ်၏။ ထိုမှတစ်ပါး ထိုသူသည် ဖြောင့်မတ်တည်ကြည်သော (နဗီတမန်တော်) အစ်�်ရာဟီမ်၏ ‘ဒီန်’ သာသနာကိုလည်း လိုက်နာ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား (မိမိ) မိတ်ဆွေအဖြစ် ပြုလုပ်ချီးမြှင့်တော်မူခဲ့လေသတည်း။
126وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَانَ اللَّهُ بِكُلِّ شَيْءٍ مُّحِيطًا
ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေကြီး၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်သော ပစ္စည်းများသာဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဝန်းခြုံလျက်ရှိတော်မူသောအရှင် ဖြစ်တော်မူသည်။
127وَيَسْتَفْتُونَكَ فِي النِّسَاءِ ۖ قُلِ اللَّهُ يُفْتِيكُمْ فِيهِنَّ وَمَا يُتْلَىٰ عَلَيْكُمْ فِي الْكِتَابِ فِي يَتَامَى النِّسَاءِ اللَّاتِي لَا تُؤْتُونَهُنَّ مَا كُتِبَ لَهُنَّ وَتَرْغَبُونَ أَن تَنكِحُوهُنَّ وَالْمُسْتَضْعَفِينَ مِنَ الْوِلْدَانِ وَأَن تَقُومُوا لِلْيَتَامَىٰ بِالْقِسْطِ ۚ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ كَانَ بِهِ عَلِيمًا
၎င်းပြင် ထိုသူတို့သည် မိန်းမတို့ (၏ အမွေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ‘မဟရ်’ နှင့် စပ်လျဉ်း၍လည်းကောင်း) ဓမ္မသတ်ဆုံးဖြတ်ချက်ကို အသင့်ထံတောင်းကြကုန်သည်။ အသင်သည် (ထိုသူတို့အားဤသို့) ဖြေကြားပါလေ။“အလ္လာဟ်အရှင်မြတ်သည် မိန်းမတို့နှင့်ပတ်သက်၍ အသင်တို့အား (ယခင်အတိုင်းပင်) တရားစီရင် ပြဋ္ဌာန်းပေးတော်မူလေသည်။ ထို့ပြင်တဝ (ယခင်က ချမှတ်ပေးတော်မူခဲ့ပြီးဖြစ်၍) ကုရ်အာန်ကျမ်းတော်မြတ်တွင် အသင်တို့အား ဖတ်ရွတ်ကြားနာစေတော်မူခဲ့သော မုက္ခပါဌ်တော် များသည်လည်း (အသင်တို့ကို ညွှန်ကြားလျက်) ရှိပေသည်။ ထိုမုက္ခပါဌ်တော်များသည် အကြင် မိဘမဲ့မိန်းကလေးတို့နှင့်ပတ်သက်သော မုက္ခပါဌ်တော်များဖြစ်၏။ အသင်တို့သည် ထိုမိန်းကလေးတို့အဖို့ သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော အခွင့်အရေးများကို မပေးကြပေ။ ၎င်းပြင် အသင်တို့သည် ထိုမိန်းကလေးတို့နှင့်လည်း ထိမ်းမြားလိုကြ၏။ ထိုနည်းတူစွာ (ယင်း မုက္ခပါဌ်တော်များသည်) အားအင်ချည့်နဲ့သော သူငယ်တို့နှင့်ပတ်သက်သော အမိန့်တော်များလည်းဖြစ်၏။ ၎င်းပြင် အသင်တို့သည် မိဘမဲ့ကလေးတို့နှင့်ပတ်သက်၍ တရားမျှတစွာဆောင်ရွက်ကြရန် အမိန့်တော်လည်းဖြစ်ပေသည်။ အမှန်စင်စစ်သော်ကား အသင်တို့သည် မည်သည့်ကောင်းမှုကိုမဆို ပြုလုပ်ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ယင်းကောင်းမှုကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။”
128وَإِنِ امْرَأَةٌ خَافَتْ مِن بَعْلِهَا نُشُوزًا أَوْ إِعْرَاضًا فَلَا جُنَاحَ عَلَيْهِمَا أَن يُصْلِحَا بَيْنَهُمَا صُلْحًا ۚ وَالصُّلْحُ خَيْرٌ ۗ وَأُحْضِرَتِ الْأَنفُسُ الشُّحَّ ۚ وَإِن تُحْسِنُوا وَتَتَّقُوا فَإِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
ထို့ပြင်တဝ အကယ်၍ အကြင်မိန်းမတစ်ဦးသည် မိမိလင်ယောက်ျား၏ နှိပ်စက်ခြင်းကိုသော်လည်းကောင်း၊ လျစ်လျူရှု စွန့်ပစ်ထားခြင်းကိုသော်လည်းကောင်း စိုးရိမ်မကင်းဖြစ်ခဲ့အံ့။ သို့ဖြစ်ခဲ့သော် ထို (ဇနီးမောင်နှံ) နှစ်ဦးတို့သည် အကယ်၍ ပြန်လည်သင့်မြတ်စေသော စည်းကမ်းချက်တစ်စုံတစ်ခုကို သတ်မှတ်ခြင်းအားဖြင့် ပြန်လည်သင့်မြတ်ကြပါလျှင်၊ ၎င်းနှစ်ဦး၏အပေါ်၌ အပြစ်တစ်စုံတစ်ရာမျှ မရှိချေ။ (မည်သို့ပင်ဖြစ်စေကာမူ) ပြန်လည်သင့်မြတ်ခြင်းသည် အကောင်းဆုံးပင်ဖြစ်ချေသည်။ အမှန်စင်စစ်သော်ကား လောဘရမ္မက်သည် (လူတို့၏) စိတ်တွင် ရှိမြဲပင်ဖြစ်ပေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ဇနီးမိန်းမတို့နှင့်) ကောင်းစွာဆက်ဆံ၍ (၎င်းတို့အား လျစ်လျူရှု စွန့်ပစ်ထားခြင်းမှ) ကြဉ်ရှောင်ကြပါမူ၊ (အသင်တို့သည် ကြီးကျယ်လှသော ကုသိုလ်အကျိုးရရှိကြအံ့၊ အဘယ်ကြောင့်ဆိုသော်) အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ဧကန်စင်စစ် အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
126အာယာသ်
ဘာသာပြန် — အန်-နီဆာ 126
စူရာ အန်-နီဆာ အာယာသ် 126 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေကြီး၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်သော ပစ္စည်းများသာဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို…စူရာ အာယာသ် 126/176 — အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အန်-နီဆာ နားထောင်, အန်-နီဆာ ဘာသာပြန်, အန်-နီဆာ mp3, အန်-နီဆာ pdf. အာယာသ် 124–128. မြန်မာဘာသာ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers








