အန်-နီဆာ · 124/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَمَن يَعْمَلْ مِنَ الصَّالِحَاتِ مِن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًا ۝١٢٤
Wa mai ya`mal minas saalihaati min zakarin aw unsaa wa huwa mu`minun fa ulaaa`ika yadkhuloonal Jannata wa laa yuzlamoona naqeeraa
📖 မြန်မာဘာသာ
သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောကျင့်ဝတ်တို့ကို ကျင့်မူအံ့၊ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့၊ သို့ဖြစ်လျှင် ထိုကဲ့သို့ သောသူတို့သည် ‘ဂျန္နတ်’ အမတသုခဘုံသို့ ဝင်ရောက် (စံမြန်း) ကြရမည့်အပြင် ထိုသူတို့သည် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း စိုးစဉ်းမျှခံကြရမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 122-126 — စူရာ အန်-နီဆာ

122وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ وَعْدَ اللَّهِ حَقًّا ۚ وَمَنْ أَصْدَقُ مِنَ اللَّهِ قِيلًا
သို့ရာတွင် အကြင်သူများသည်‘အီမာန်’ ယုံကြည်ခဲ့ကြ၏။ ၎င်းပြင် ကောင်းမြတ်သောကျင့်ဝတ်များကိုလည်း ကျင့်မူခဲ့ကြ၏။ ငါအရှင်မြတ်သည် မကြာမြင့်မီ ထိုသူတို့အား (အကြင်သို့သော) ဥယျာဉ်များသို့ ဝင်ရောက်နေထိုင်စေတော်မူအံ့။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြအံ့။ ထိုသူများသည် ထိုဥယျာဉ်များတွင် အမြဲထာဝစဉ် နေထိုင်စံမြန်းကြအံ့။ အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သောကတိကိုပြုထားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထက်ပိုမို၍ စကားအရာ၌မှန်ကန်သောသူသည် မည်သူရှိအံ့နည်း။
123لَّيْسَ بِأَمَانِيِّكُمْ وَلَا أَمَانِيِّ أَهْلِ الْكِتَابِ ۗ مَن يَعْمَلْ سُوءًا يُجْزَ بِهِ وَلَا يَجِدْ لَهُ مِن دُونِ اللَّهِ وَلِيًّا وَلَا نَصِيرًا
အသင်တို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (ရှေးအထက်) ကျမ်းဂန်ရရှိသောသူတို့၏ အာသာရမ္မက် အလိုဆန္ဒအတိုင်းလည်း ဖြစ်မည်မဟုတ်ပေ။ (စင်စစ်အားဖြင့်) မည်သူမဆို မကောင်းမှုဒုစရိုက်ကိုကျင့်မူအံ့။ ထိုသူသည် ယင်းမကောင်းမှုအတွက် အပြစ်ပေးခြင်းကို ခံရလတ္တံ့။ ထို့ပြင်တဝ ယင်းသူသည် မိမိအဖို့ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား အဆွေခင်ပွန်း တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း တွေ့ရှိလိမ့်မည်မဟုတ်ချေ။
124وَمَن يَعْمَلْ مِنَ الصَّالِحَاتِ مِن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ وَلَا يُظْلَمُونَ نَقِيرًا
သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောကျင့်ဝတ်တို့ကို ကျင့်မူအံ့၊ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့၊ သို့ဖြစ်လျှင် ထိုကဲ့သို့ သောသူတို့သည် ‘ဂျန္နတ်’ အမတသုခဘုံသို့ ဝင်ရောက် (စံမြန်း) ကြရမည့်အပြင် ထိုသူတို့သည် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း စိုးစဉ်းမျှခံကြရမည်မဟုတ်ပေ။
125وَمَنْ أَحْسَنُ دِينًا مِّمَّنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ وَاتَّبَعَ مِلَّةَ إِبْرَاهِيمَ حَنِيفًا ۗ وَاتَّخَذَ اللَّهُ إِبْرَاهِيمَ خَلِيلًا
အမှန်သော်ကား အကြင်သူထက် ‘ဒီန်’ သာသနာအားဖြင့် ပိုမို၍မြင့်မြတ်သောသူသည် မည်သူရှိသနည်း။ ထိုသူသည် မိမိမျက်နှာ (မိမိကိုယ်) ကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ အပ်နှင်းခဲ့သည့်ပြင် (အပြောအဆို အကျင့်အမူအားဖြင့်) မြင့်မြတ်သောသူလည်းဖြစ်၏။ ထိုမှတစ်ပါး ထိုသူသည် ဖြောင့်မတ်တည်ကြည်သော (နဗီတမန်တော်) အစ်�်ရာဟီမ်၏ ‘ဒီန်’ သာသနာကိုလည်း လိုက်နာ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား (မိမိ) မိတ်ဆွေအဖြစ် ပြုလုပ်ချီးမြှင့်တော်မူခဲ့လေသတည်း။
126وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَانَ اللَّهُ بِكُلِّ شَيْءٍ مُّحِيطًا
ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေကြီး၌ ရှိရှိသမျှတို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်သော ပစ္စည်းများသာဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဝန်းခြုံလျက်ရှိတော်မူသောအရှင် ဖြစ်တော်မူသည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
124အာယာသ်

ဘာသာပြန် — အန်-နီဆာ 124

စူရာ အန်-နီဆာ အာယာသ် 124 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောကျင့်ဝတ်တို့ကို ကျင့်မူအံ့၊ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့၊…

စူရာ အာယာသ် 124/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 122–126. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers