အန်-နီဆာ · 60/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
أَلَمْ تَرَ إِلَى الَّذِينَ يَزْعُمُونَ أَنَّهُمْ آمَنُوا بِمَا أُنزِلَ إِلَيْكَ وَمَا أُنزِلَ مِن قَبْلِكَ يُرِيدُونَ أَن يَتَحَاكَمُوا إِلَى الطَّاغُوتِ وَقَدْ أُمِرُوا أَن يَكْفُرُوا بِهِ وَيُرِيدُ الشَّيْطَانُ أَن يُضِلَّهُمْ ضَلَالًا بَعِيدًا ۝٦٠
Alam tara ilal lazeena yaz`umoona annahum aarmanoo bimaa unzilaa ilaika wa maaa unzila min qablika yureedoona ai yatahaakamooo ilat Taaghooti wa qad umirooo ai yakfuroo bih, wa yureedush Shaitaanu ai yudillahum dalaalam ba`eedaa
📖 မြန်မာဘာသာ
(အို- နဗီတမန်တော်) အသင်သည် အကြင်သူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသူတို့က မိမိတို့သည် အသင့်ထံ ထုတ်ပြန်ပြီးဖြစ်သော (ကုရ်အာန်) ကျမ်းတော်ကိုလည်းကောင်း၊ အသင်၏အလျင် ထုတ်ပြန်ခဲ့ပြီးဖြစ်သော ကျမ်းတော်များကိုလည်းကောင်း၊ မုချဧကန် သက်ဝင်ယုံကြည်ခဲ့ကြလေပြီ ဟု (ဟန်ဆောင်) ထုတ်ဖေါ်ပြောဆိုကြလေသည်။ (သို့တစေလည်း) ယင်းသူတို့သည် (မိမိတို့၏) အမှုအခင်းများကို ရှိုင်တွာန်ထံသို့ (သွားရောက်) တင်ပြလိုကြကုန်၏။ အမှန်စင်စစ်သော်ကား၊ ယင်းသူတို့သည် ထိုရှိုင်တွာန်ကို မယုံမကြည် သွေဖည်ငြင်းပယ်ကြရန် အမိန့်တော်ရရှိပြီး ဖြစ်ကြကုန်၏။ အမှန်သော်ကား ရှိုင်တွာန်သည် ၎င်းတို့အား ဝေးလံစွာသောလမ်းမှားသို့ ပို့ဆောင်လိုပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 58-62 — စူရာ အန်-နီဆာ

58۞ إِنَّ اللَّهَ يَأْمُرُكُمْ أَن تُؤَدُّوا الْأَمَانَاتِ إِلَىٰ أَهْلِهَا وَإِذَا حَكَمْتُم بَيْنَ النَّاسِ أَن تَحْكُمُوا بِالْعَدْلِ ۚ إِنَّ اللَّهَ نِعِمَّا يَعِظُكُم بِهِ ۗ إِنَّ اللَّهَ كَانَ سَمِيعًا بَصِيرًا
(အို- မွတ်စ်လင်မ်အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အသင်တို့အား (မိမိတို့ထံ သူတစ်ပါးက) အပ်နှံထားသောပစ္စည်းများကို ထိုပစ္စည်းရှင်များသို့ (ပြန်လည်) ပေးဆပ်ကြရန်လည်းကောင်း၊ လူတို့စပ်ကြား၌ စီရင်ဆုံးဖြတ်ကြရာတွင် တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်ကြရန်လည်းကောင်း၊ အမိန့်တော်ပေးတော်မူလေသည်။ ဧကန်စင်စစ် အသင်တို့အား အလ္လာဟ်အရှင်မြတ် ဆုံးမတော်မူသော ဩဝါဒတော်သည် အလွန်မွန်မြတ်လှပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမရှိ ကြားသိတော်မူသောအရှင်၊ ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို ခွဲခြားသိမြင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။
59يَا أَيُّهَا الَّذِينَ آمَنُوا أَطِيعُوا اللَّهَ وَأَطِيعُوا الرَّسُولَ وَأُولِي الْأَمْرِ مِنكُمْ ۖ فَإِن تَنَازَعْتُمْ فِي شَيْءٍ فَرُدُّوهُ إِلَى اللَّهِ وَالرَّسُولِ إِن كُنتُمْ تُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا
အို- သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြလေကုန်၊ ထိုနည်းတူစွာ အသင်တို့သည် ရစူလ်တမန်တော်၏ အမိန့်တော်များကိုလည်းကောင်း၊ မိမိတို့အနက်မှ အာဏာပိုင်များ၏အမိန့်ကိုလည်းကောင်း လိုက်နာကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် တစုံတရာကိစ္စနှင့်စပ်လျဉ်း၍ အငြင်းပွားခဲ့ကြသော်၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း သက်ဝင်ယုံကြည်ကြပါလျှင် ထိုကိစ္စကို အလ္လာဟ်အရှင်မြတ်၏ အထံတော်သို့လည်းကောင်း၊ ရစူလ်တမန်တော်၏ထံသို့လည်းကောင်း၊ ပြန်လည်၍ ပို့သကြလေကုန်။ ဤ (သို့ ပြုလုပ်ခြင်း) သည်ကား (အသင်တို့အဖို့ ဤမျက်မှောက်လောကီဘဝ၌) အမွန်မြတ်ဆုံးဖြစ်သည့်အပြင်၊ (နောင်တမလွန်ဘဝ၌လည်း) အကျိုးအာနိသင်အားဖြင့် အကောင်းဆုံးပင် ဖြစ်ချေသတည်း။
60أَلَمْ تَرَ إِلَى الَّذِينَ يَزْعُمُونَ أَنَّهُمْ آمَنُوا بِمَا أُنزِلَ إِلَيْكَ وَمَا أُنزِلَ مِن قَبْلِكَ يُرِيدُونَ أَن يَتَحَاكَمُوا إِلَى الطَّاغُوتِ وَقَدْ أُمِرُوا أَن يَكْفُرُوا بِهِ وَيُرِيدُ الشَّيْطَانُ أَن يُضِلَّهُمْ ضَلَالًا بَعِيدًا
(အို- နဗီတမန်တော်) အသင်သည် အကြင်သူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသူတို့က မိမိတို့သည် အသင့်ထံ ထုတ်ပြန်ပြီးဖြစ်သော (ကုရ်အာန်) ကျမ်းတော်ကိုလည်းကောင်း၊ အသင်၏အလျင် ထုတ်ပြန်ခဲ့ပြီးဖြစ်သော ကျမ်းတော်များကိုလည်းကောင်း၊ မုချဧကန် သက်ဝင်ယုံကြည်ခဲ့ကြလေပြီ ဟု (ဟန်ဆောင်) ထုတ်ဖေါ်ပြောဆိုကြလေသည်။ (သို့တစေလည်း) ယင်းသူတို့သည် (မိမိတို့၏) အမှုအခင်းများကို ရှိုင်တွာန်ထံသို့ (သွားရောက်) တင်ပြလိုကြကုန်၏။ အမှန်စင်စစ်သော်ကား၊ ယင်းသူတို့သည် ထိုရှိုင်တွာန်ကို မယုံမကြည် သွေဖည်ငြင်းပယ်ကြရန် အမိန့်တော်ရရှိပြီး ဖြစ်ကြကုန်၏။ အမှန်သော်ကား ရှိုင်တွာန်သည် ၎င်းတို့အား ဝေးလံစွာသောလမ်းမှားသို့ ပို့ဆောင်လိုပေသတည်း။
61وَإِذَا قِيلَ لَهُمْ تَعَالَوْا إِلَىٰ مَا أَنزَلَ اللَّهُ وَإِلَى الرَّسُولِ رَأَيْتَ الْمُنَافِقِينَ يَصُدُّونَ عَنكَ صُدُودًا
၎င်းပြင် (တစ်ဦးတစ်ယောက်သောသူသည်) ထိုသူတို့အား “အသင်တို့သည် (တရားစီရင်ဆုံးဖြတ်ရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသော တရားဓမ္မ (တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်) ဘက်သို့လည်းကောင်း၊ ရစူလ်တမန်တော်မြတ်ထံသို့လည်းကောင်း လာကြလေကုန်” ဟု ပြောဆိုသောအခါ၊ အသင်သည် ‘မုနာဖစ်က်’ အယောင်ဆောင်မွတ်စ်လင်မ်တို့အား မိမိထံ (လာရောက်ခြင်း) မှ ဖဲကြဉ်သွေရှောင်ကြသည်ကို တွေ့မြင်ရပေအံ့။
62فَكَيْفَ إِذَا أَصَابَتْهُم مُّصِيبَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ ثُمَّ جَاءُوكَ يَحْلِفُونَ بِاللَّهِ إِنْ أَرَدْنَا إِلَّا إِحْسَانًا وَتَوْفِيقًا
တစ်ဖန် ထိုသူတို့၌ မိမိတို့၏ ကိုယ်ထိလက်ရောက်ပြုလုပ်မှုများကြောင့်ပင် တစ်စုံတစ်ရာ ဘေးဥပါဒ်အန္တရာယ်သည် ဆိုက်ရောက်လတ်သော် (ထိုသူတို့သည်) မည်သို့ဖြစ်သွားကြသနည်း။ ထို (သို့ဖြစ်ကြပြီး) နောက် ထိုသူတို့ကား “ကျွန်တော်များသည် အကောင်းဖြစ်စေခြင်းနှင့် (အချင်းချင်း) စိတ်တူက�ုယ်မျှ ဖြစ်စေခြင်းမှတစ်ပါး အခြား မည်သည်ကိုမျှ ရည်စူးခဲ့ကြသည်မဟုတ်ပါ” ဟူ၍ အလ္လာဟ်ရှင်မြတ်အား တိုင်တည်ကျိန်ဆိုလျက် အသင့်ထံ လာကြကုန်သတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
60အာယာသ်

ဘာသာပြန် — အန်-နီဆာ 60

စူရာ အန်-နီဆာ အာယာသ် 60 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို- နဗီတမန်တော်) အသင်သည် အကြင်သူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသူတို့က မိမိတို့သည် အသင့်ထံ…

စူရာ အာယာသ် 60/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 58–62. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers