အန်-နီဆာ · 81/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَيَقُولُونَ طَاعَةٌ فَإِذَا بَرَزُوا مِنْ عِندِكَ بَيَّتَ طَائِفَةٌ مِّنْهُمْ غَيْرَ الَّذِي تَقُولُ ۖ وَاللَّهُ يَكْتُبُ مَا يُبَيِّتُونَ ۖ فَأَعْرِضْ عَنْهُمْ وَتَوَكَّلْ عَلَى اللَّهِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا ۝٨١
Wa yaqooloona taa`antun fa izaa barazoo min `indika baiyata taaa`ifatum minhum ghairal lazee taqoolu wallaahu yaktubu maa yubaiyitoona faa`rid `anhum wa tawakkal `alal laah; wa kafaa billaahi Wakeelaa
📖 မြန်မာဘာသာ
ထို့ပြင်တဝ ၎င်း (မုနာဖစ်က် အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် (အသင်၏ရှေ့၌မူ ကျွန်တော်များ၏တာဝန်ကား အသင်နဗီတမန်တော်၏ အမိန့်တော်များကို မပျက်မကွက်) လိုက်နာရန်သာရှိသည် ဟု ပြောဆိုလေ့ရှိကြကုန်၏။ တစ်ဖန် အသင်၏ထံမှ ထွက်ခွာသွားကြသောအခါ ၎င်းတို့အနက်မှ လူတစ်စုသည် မိမိတို့ပြောဆိုခဲ့ကြသော အချက်များနှင့် ဆန့်ကျင်သောကိစ္စများကို ညဉ့်အချိန်၌ တိုင်ပင်ဆွေးနွေးကြကုန်သည်။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့ ညဉ့်အချိန်၌ဆွေးနွေးကြသောကိစ္စများကို ရေးသားလျက်ရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား လျစ်လျူရှုပြီး အလ္လာဟ်အရှင်မြတ်အားသာ ယုံကြည်စိတ်ချ အားထား၍နေပါလေ။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် ယုံကြည်အားထားရာအရှင်အဖြစ် လုံလောက်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • طَاعَةٌ (သွာအသွ်) — နာခံခြင်း၊ လိုက်နာခြင်း။ ဤနေရာတွင် မုနာဖိကူန်များ (အယောင်ဆောင် မွတ်စ်လင်မ်များ) က "ကျွန်ုပ်တို့သည် နာခံပါသည်" ဟု နှုတ်ဖြင့် ပြောဆိုခြင်းကို ဆိုလိုသည်။
  • بَرَزُوا (ဗရဇူ) — ထွက်ခွာသွားကြသည်၊ အပြင်သို့ ထွက်ကြသည်။
  • بَيَّتَ (ဗိုင်ယသ) — ညအချိန်တွင် လျှို့ဝှက်စွာ ကြံစည်စီစဉ်သည်။
  • طَائِفَةٌ (သွာအိဖသွန်) — အုပ်စုတစ်စု၊ လူအတစ်စု။
  • تَوَكَّلْ (သဝက္ကာ) — ယုံကြည်စိတ်ချစွာ လွှဲအပ်အပ်နှံသည်။
  • وَكِيلًا (ဝကီလန်) — အုပ်ထိန်းသူ၊ ကာကွယ်စောင့်ရှောက်သူ၊ ကိစ္စအဝဝကို စီစဉ်ပေးသူ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အယောင်ဆောင် မုနာဖိကူန်များ၏ သဘောသဘာဝကို ဖော်ပြထားပါသည်။ သူတို့သည် တမန်တော်မုဟမ္မဒ် (ဆွ) ၏ ရှေ့တော်တွင် "ကျွန်ုပ်တို့သည် နာခံပါသည်၊ လိုက်နာပါသည်" ဟု နှုတ်ဖြင့် ကတိပြုပြောဆိုကြသည်။ သို့သော် တမန်တော် (ဆွ) ၏ အထံတော်မှ ထွက်ခွာသွားပြီး သူတို့အချင်းချင်း သီးသန့်ရှိသောအခါ သူတို့ထဲမှ အုပ်စုတစ်စုသည် ညအချိန်တွင် လျှို့ဝှက်စွာ ကြံစည်ကြပြီး တမန်တော် (ဆွ) အား ပြောခဲ့သည့်စကားနှင့် လုံးဝမတူညီသော အရာများကို စီစဉ်ကြံစည်ကြသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်နိုင်မည် မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ ညဉ့်အချိန် လျှို့ဝှက်ကြံစည်မှုအားလုံးကို မှတ်တမ်းတင်ထားတော်မူပြီး ယင်းအတွက် အပြည့်အဝ အစားပေးတော်မူမည် ဖြစ်သည်။

ထို့ကြောင့် အို—တမန်တော်၊ သူတို့၏ လျှို့ဝှက်ကြံစည်မှုများကို ဂရုမစိုက်ပါနှင့်၊ သူတို့ဘက်သို့ မလှည့်ပါနှင့်။ သူတို့သည် သင့်အား မည်သည့်အခါမျှ ထိခိုက်နစ်နာစေနိုင်မည် မဟုတ်ပါ။ သင့်ကိစ္စအဝဝကို အလ္လာဟ်အရှင်မြတ်ထံ လွှဲအပ်အပ်နှံပြီး အရှင်မြတ်အပေါ် ယုံကြည်စိတ်ချစွာ မှီခိုအားထားပါ။ အလ္လာဟ်အရှင်မြတ်သည် အုပ်ထိန်းသူ၊ ကာကွယ်စောင့်ရှောက်သူအဖြစ် လုံလောက်တော်မူပါသည်။ အရှင်မြတ်သည် မိမိအား ယုံကြည်စိတ်ချစွာ မှီခိုအားထားသူများအတွက် အကြီးမြတ်ဆုံး ကာကွယ်စောင့်ရ



📜 အာယာသ် 79-83 — စူရာ အန်-နီဆာ

79مَّا أَصَابَكَ مِنْ حَسَنَةٍ فَمِنَ اللَّهِ ۖ وَمَا أَصَابَكَ مِن سَيِّئَةٍ فَمِن نَّفْسِكَ ۚ وَأَرْسَلْنَاكَ لِلنَّاسِ رَسُولًا ۚ وَكَفَىٰ بِاللَّهِ شَهِيدًا
(အို- လူသား) ။ အသင့်၌ ဆိုက်ရောက်သမျှသော ကောင်းခြင်းမင်္ဂလာအဖြာဖြာတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်မှပင်ဖြစ်၏။ သို့ရာတွင် အသင့်၌ ဆိုက်ရောက်သမျှသော ဒုက္ခဟူသရွေ့တို့သည် မိမိ (အပြုအမူတို့) ကြောင့်သာဖြစ်၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့ထံသို့ ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့လေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် (အသင် ရစူလ်တမန်တော်မြတ်ဖြစ်ခြင်းနှင့် စပ်လျဉ်း၍) သက်သေအဖြစ် လုံလောက်တော်မူပေသတည်း။
80مَّن يُطِعِ الرَّسُولَ فَقَدْ أَطَاعَ اللَّهَ ۖ وَمَن تَوَلَّىٰ فَمَا أَرْسَلْنَاكَ عَلَيْهِمْ حَفِيظًا
မည်သူမဆို ရစူလ်တမန်တော်၏ အမိန့်တော်များကို လိုက်နာပါလျှင်၊ ထိုသူသည် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသည်မည်၏။ သို့ရာတွင် မည်သူမဆို (အသင်၏ အမိန့်များကို သွေဖည်၍) မျက်နှာလွှဲဖယ်သွားခဲ့ပါမူ (အသင်၏တာဝန်မဟုတ်ချေ) ငါအရှင်မြတ်သည် အသင့်အား ထိုသူတို့အပေါ်၌ (တာဝန်ခံ) အုပ်ထိန်းသူအဖြစ် စေလွှတ်တော်မူခဲ့သည်မဟုတ်ပေ။
81وَيَقُولُونَ طَاعَةٌ فَإِذَا بَرَزُوا مِنْ عِندِكَ بَيَّتَ طَائِفَةٌ مِّنْهُمْ غَيْرَ الَّذِي تَقُولُ ۖ وَاللَّهُ يَكْتُبُ مَا يُبَيِّتُونَ ۖ فَأَعْرِضْ عَنْهُمْ وَتَوَكَّلْ عَلَى اللَّهِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
ထို့ပြင်တဝ ၎င်း (မုနာဖစ်က် အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် (အသင်၏ရှေ့၌မူ ကျွန်တော်များ၏တာဝန်ကား အသင်နဗီတမန်တော်၏ အမိန့်တော်များကို မပျက်မကွက်) လိုက်နာရန်သာရှိသည် ဟု ပြောဆိုလေ့ရှိကြကုန်၏။ တစ်ဖန် အသင်၏ထံမှ ထွက်ခွာသွားကြသောအခါ ၎င်းတို့အနက်မှ လူတစ်စုသည် မိမိတို့ပြောဆိုခဲ့ကြသော အချက်များနှင့် ဆန့်ကျင်သောကိစ္စများကို ညဉ့်အချိန်၌ တိုင်ပင်ဆွေးနွေးကြကုန်သည်။ အလ္လာဟ်အရှင်မြတ်သည်လည်း ၎င်းတို့ ညဉ့်အချိန်၌ဆွေးနွေးကြသောကိစ္စများကို ရေးသားလျက်ရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်သည် ထိုသူတို့အား လျစ်လျူရှုပြီး အလ္လာဟ်အရှင်မြတ်အားသာ ယုံကြည်စိတ်ချ အားထား၍နေပါလေ။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် ယုံကြည်အားထားရာအရှင်အဖြစ် လုံလောက်တော်မူပေသတည်း။
82أَفَلَا يَتَدَبَّرُونَ الْقُرْآنَ ۚ وَلَوْ كَانَ مِنْ عِندِ غَيْرِ اللَّهِ لَوَجَدُوا فِيهِ اخْتِلَافًا كَثِيرًا
၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာဆင်ခြင် သုံးသပ်ခြင်းမရှိကြပါသလော။ အကယ်၍သာ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသူ၏ထံမှ (ရောက်ရှိလာသောကျမ်းဂန်) သာဖြစ်ခဲ့ပါမူ ထိုသူတို့သည် ၎င်း (ကုရ်အာန် ကျမ်းတော်) တွင် မြောက်မြားစွာသောကွဲလွဲမှုတို့ကို မလွဲဧကန် တွေ့ရှိခဲ့ကြကုန်အံ့။
83وَإِذَا جَاءَهُمْ أَمْرٌ مِّنَ الْأَمْنِ أَوِ الْخَوْفِ أَذَاعُوا بِهِ ۖ وَلَوْ رَدُّوهُ إِلَى الرَّسُولِ وَإِلَىٰ أُولِي الْأَمْرِ مِنْهُمْ لَعَلِمَهُ الَّذِينَ يَسْتَنبِطُونَهُ مِنْهُمْ ۗ وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ لَاتَّبَعْتُمُ الشَّيْطَانَ إِلَّا قَلِيلًا
ထိုမှတစ်ပါးတုံ ၎င်းတို့ထံ စိတ်အေးဖွယ်ရာသော သတင်းတစ်ရပ်ရပ်၊ သို့မဟုတ် ကြောက်ရွံ့စိုးရိမ်ဖွယ်ရာသော သတင်းတစ်ရပ်ရပ်ရောက်ရှိလတ်သော်၊ ထိုသူတို့သည် ၎င်းသတင်းကို (စဉ်းစားဆင်ခြင် သုံးသပ်ခြင်းမရှိဘဲ ချက်ခြင်းပင်) ပျံ့နှံ့စေလေ့ရှိကြသည်။ အကယ်၍သာ ထိုသူတို့သည် ၎င်းသတင်းကို ရစူလ်တမန်တော်ထံသို့ဖြစ်စေ၊ သို့မဟုတ် ဩဇာအာဏာရှိသူများထံသို့ဖြစ်စေ၊ ပို့ဆောင်လွှဲအပ်ခဲ့ကြပါမူ ထိုသူတို့အနက်မှ နက်နဲစွာ �ဉ်စားဆင်ခြင်တတ်သောသူတို့သည် ထိုသတင်း (၏အခြေအမြစ်) ကို မလွဲဧကန် (ဝေဖန်ပိုင်းခြား၍) သိရှိကြပေမည်။ အမှန်စင်စစ်သော်ကား အကယ်၍သာ အသင်တို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့်ကရုဏာတော်သည် မရှိခဲ့ပါမူ အနည်းငယ်သောသူတို့မှအပ အသင်တို့ (အားလုံး) သည် ရှိုင်တွာန်၏နောက်သို့ မုချ လိုက်ခဲ့ကြမည်သာတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
81အာယာသ်

ဘာသာပြန် — အန်-နီဆာ 81

စူရာ အန်-နီဆာ အာယာသ် 81 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ ၎င်း (မုနာဖစ်က် အယောင်ဆောင်မွတ်စ်လင်မ်) တို့သည် (အသင်၏ရှေ့၌မူ ကျွန်တော်များ၏တာဝန်ကား အသင်နဗီတမန်တော်၏ အမိန့်တော်များကို မပျက်မကွက်)…

စူရာ အာယာသ် 81/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 79–83. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers