ဖုစ်စီလာ့ · 20/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
حَتَّىٰ إِذَا مَا جَاءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَارُهُمْ وَجُلُودُهُم بِمَا كَانُوا يَعْمَلُونَ ۝٢٠
Hattaaa izaa maa jaaa`oohaa shahida `alaihim samu`uhum wa absaaruhum wa julooduhum bimaa kaanoo ya`maloon
📖 မြန်မာဘာသာ
နောက်ဆုံးတွင် ထိုသူတို့သည် ယင်းငရဲမီး၏အနီးရောက်ရှိကြသောအခါ ထိုသူတို့၏နားများသည် လည်းကောင်း၊ ထိုသူတို့၏ မျက်စိများသည်လည်း ကောင်း၊ ထိုသူတို့၏သားရေများသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ ထိုသူတို့ကျင့်မူလျက် ရှိခဲ့ကြသည်တို့နှင့်စပ်လျဉ်း၍ သက်သေခံကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 18-22 — စူရာ ဖုစ်စီလာ့

18وَنَجَّيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
သို့ရာတွင် ငါအရှင်မြတ်သည် သက်ဝင် ယုံကြည်၍ (ငါအရှင်မြတ်အား) ကြောက်ရွံ့လျက် ရှိခဲ့ကြကုန်သောသူတို့ကိုမူကား လွတ်မြောက်စေတော် မူခဲ့ပေသတည်း။
19وَيَوْمَ يُحْشَرُ أَعْدَاءُ اللَّهِ إِلَى النَّارِ فَهُمْ يُوزَعُونَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်၊ အသင်သည်၎င်းတို့အား ထိုနေ့ကိုသတိရစေပါလေ)။ အကြင်နေ့တွင်အလ္လာဟ်အရှင်မြတ်၏ရန်သူများသည် ငရဲမီး၏အနီးသို့ စုရုံးခေါ်ဆောင်ခြင်းခံကြရပေမည်။ ထို့နောက် ၎င်းတို့သည် တားဆီးခြင်းကို ခံကြရပေမည်။
20حَتَّىٰ إِذَا مَا جَاءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَارُهُمْ وَجُلُودُهُم بِمَا كَانُوا يَعْمَلُونَ
နောက်ဆုံးတွင် ထိုသူတို့သည် ယင်းငရဲမီး၏အနီးရောက်ရှိကြသောအခါ ထိုသူတို့၏နားများသည် လည်းကောင်း၊ ထိုသူတို့၏ မျက်စိများသည်လည်း ကောင်း၊ ထိုသူတို့၏သားရေများသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ ထိုသူတို့ကျင့်မူလျက် ရှိခဲ့ကြသည်တို့နှင့်စပ်လျဉ်း၍ သက်သေခံကြပေမည်။
21وَقَالُوا لِجُلُودِهِمْ لِمَ شَهِدتُّمْ عَلَيْنَا ۖ قَالُوا أَنطَقَنَا اللَّهُ الَّذِي أَنطَقَ كُلَّ شَيْءٍ وَهُوَ خَلَقَكُمْ أَوَّلَ مَرَّةٍ وَإِلَيْهِ تُرْجَعُونَ
(ထိုအခါ)၎င်းတို့က မိမိတု့ိ၏(အသား)အရေများကို အသင်တို့သည် ကျွန်ုပ်တို့နှင့်ဆန်ကျင်၍ အဘယ်ကြောင့်သက်သေထွက်ဆိုကြသနည်းဟု ပြောဆိုကြပေမည်။ (ထိုအခါ)ယင်း(နား၊ မျက်စိနှင့်သားရေ)တို့က (ဤသို့)ပြောဆို (ပြန်ကြား)ကြပေမည်။ ကျွန်ုပ်တို့အား အကြင်အလ္လာဟ်အရှင်မြတ်သည်ပင် စကားပြောဆိုစေတော်မူ၏။ ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို စကားပြောဆိုစေတော်မူခဲ့၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အသင်တို့အား ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့၏။ ထို့အပြင် အသင်တို့သည်ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်လည်ရောက်စေခြင်းကိုခံကြရလေသည်။
22وَمَا كُنتُمْ تَسْتَتِرُونَ أَن يَشْهَدَ عَلَيْكُمْ سَمْعُكُمْ وَلَا أَبْصَارُكُمْ وَلَا جُلُودُكُمْ وَلَٰكِن ظَنَنتُمْ أَنَّ اللَّهَ لَا يَعْلَمُ كَثِيرًا مِّمَّا تَعْمَلُونَ
စင်စစ်သော်ကား မိမိတု့ိ၏ နားများသည်လည်းကောင်း၊ မိမိတို့၏မျက်စိများသည်လည်းကောင်း၊ မိမိတို့၏(အသား)အရေများသည်လည်းကောင်း၊ မိမိတို့နှင့်ဆန့်ကျင်၍သက်သေခံကြမည်ကို စိုးရိမ်ကာ သက်သေမခံနိုင်ကြရန် အသင်တို့ ဖုံးကွယ်နိုင်ကြ သည်မဟုတ်ပေ။ သို့ရာတွင် အသင်တို့သည်မိမိတို့ကျင့်မူကြသည်တို့အနက် များစွာတို့ကို အလ္လာဟ်အရှင်မြတ် သိတော်မူသည်မဟုတ်ဟု ထင်မှတ်ခဲ့ကြကုန်၏။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
20အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 20

စူရာ ဖုစ်စီလာ့ အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : နောက်ဆုံးတွင် ထိုသူတို့သည် ယင်းငရဲမီး၏အနီးရောက်ရှိကြသောအခါ ထိုသူတို့၏နားများသည် လည်းကောင်း၊ ထိုသူတို့၏ မျက်စိများသည်လည်း ကောင်း၊ ထိုသူတို့၏သားရေများသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ…

စူရာ အာယာသ် 20/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers