أَمْ حَسِبَ الَّذِينَ اجْتَرَحُوا السَّيِّئَاتِ أَن نَّجْعَلَهُمْ كَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَوَاءً مَّحْيَاهُمْ وَمَمَاتُهُمْ ۚ سَاءَ مَا يَحْكُمُونَ ٢١
🔤 Transliteration
Am hasibal lazeenaj tarahus saiyiaati an naj`alahum kallazeena aamanoo wa `amilu saalihaati sawaaa`am mahyaahum wa mamaatuhum; saaa`a maa yahkumoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
မကောင်းမှုများကို ကျူးလွန်ကြသောသူတို့က ငါအရှင်မြတ်သည် ထိုသူတို့အား "အီမာန်" သက်ဝင် ယုံကြည်၍ ကောင်းမှုများကို ကျင့်မူခဲ့ကြကုန်သောသူတို့ကဲ့သို့ ထိုသူတို့၏ အသက်ရှင်ခြင်းကိုလည်းကောင်း၊ ထိုသူတို့၏ အသက်သေဆုံးခြင်းကို ပြုလုပ်တော်မူမည်ဟု ထင်မှတ်ကြလေသလော။ ၎င်းတို့၏ စီရင်ဆုံးဖြတ်ချက်မှာ လွန်စွာဆိုးရွားလှပေ၏။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: အမ်ဟာစိဗာ (أَمْ حَسِبَ ) : သို့မဟုတ် ထင်မှတ်သလော။အဂ�်သရဟူ (اجْتَرَحُوا ) : သူတို့ကိုယ်တိုင် ရှာဖွေကျူးလွန်ခဲ့ကြသည်။ဆိုင်ယိအာသ် (السَّيِّئَاتِ ) : မကောင်းမှုများ၊ အကုသိုလ်များ။နဂျ်အလဟွမ် (نَجْعَلَهُمْ ) : ငါအရှင်မြတ်သည် သူတို့အား ဖြစ်စေတော်မူမည်။ဆဝါအန် (سَوَاءً ) : တူညီသည်၊ ညီမျှသည်။မာဟ်ယာဟွမ် ဝမာမာသုဟွမ် (مَحْيَاهُمْ وَمَمَاتُهُمْ ) : သူတို့၏ ဘဝရှင်သန်မှုနှင့် သေဆုံးမှု။စာအာ မာ ယဟ်ကုမూఔန် (سَاءَ مَا يَحْكُمُونَ ) : သူတို့ စီရင်ဆုံးဖြတ်နေကြသည့်အရာသည် အလွန်ဆိုးရွားလှပေစွ။အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူများနှင့် အကုသိုလ်မှုများကို ကျူးလွန်သူများအား သတိပေးတော်မူလျက် မေးခွန်းထုတ်တော်မူသည်။ သူတို့သည် ကိုယ်တိုင် ရှာဖွေကျူးလွန်ခဲ့ကြသော မကောင်းမှုများ၊ ကုဖ်ရ်မှုနှင့် ပြစ်မှုများဖြင့် အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ကောင်းမှုကုသိုလ်များကို ပြုလုပ်ခဲ့ကြသော မုအ်မင်န်များနှင့် တူညီမည်ဟု ထင်မှတ်နေကြသလော။ ဤလောကတွင်သာမက နောင်တမလွန်ဘဝတွင်ပါ သူတို့နှစ်ဦးကို တူညီစွာ ဆက်ဆံခံရမည်ဟု ထင်မှတ်နေကြသလော။
ဤလောကတွင် မုအ်မင်န်နှင့် ကာဖိရ်တို့သည် စားဝတ်နေရေး၊ ကျန်းမာရေး၊ ရောဂါဘယ စသည်တို့တွင် တူညီနေကြသည်မှာ မှန်ပေသည်။ သို့သော် နောင်တမလွန်ဘဝတွင် သူတို့သည် လုံးဝမတူညီကြပေ။ မုအ်မင်န်များသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ကြရမည်ဖြစ်ပြီး ကာဖိရ်များသည် ဂျဟန်နမ်ငရဲဘုံသို့ ရောက်ရှိကြရမည်ဖြစ်သည်။ ထို့ကြောင့် ဤလောကတွင် ဘဝရှင်သန်မှု၌ တူညီနေကြသော်လည်း သေဆုံးပြီးနောက် နောင်တမလွန်ဘဝတွင် လုံးဝမတူညီကြပေ။
ထိုသို့ ကောင်းမှုပြုသူနှင့် မကောင်းမှုပြုသူကို တူညီစွာ ဆက်ဆံခံရမည်ဟု ထင်မှတ်ခြင်းသည် အလွန်ဆိုးရွားလှသော စီရင်ဆုံးဖြတ်ချက်ဖြစ်ပေသည်။ အလ္လာဟ်အရှင်မြတ်သည် တရားမျှတတော်မူသော အရှင်ဖြစ်တော်မူသည်။ ကောင်းမှုပြုသူသည် ကောင်းကျိုးခံစားရမည်ဖြစ်ပြီး မကောင်းမှုပြုသူသည် မကောင်းကျိုးခံစားရမည်ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူ
أَمۡ حَسِبَ ٱلَّذِينَ ٱجۡتَرَحُواْ ٱلسَّيِّـَٔاتِ أَن نَّجۡعَلَهُمۡ كَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ سَوَآءً مَّحۡيَاهُمۡ وَمَمَاتُهُمۡۚ سَآءَ مَا يَحۡكُمُونَ ٢١
မကောင်းမှုများကို ကျူးလွန်ကြသောသူတို့က ငါအရှင်မြတ်သည် ထိုသူတို့အား "အီမာန်" သက်ဝင် ယုံကြည်၍ ကောင်းမှုများကို ကျင့်မူခဲ့ကြကုန်သောသူတို့ကဲ့သို့ ထိုသူတို့၏ အသက်ရှင်ခြင်းကိုလည်းကောင်း၊ ထိုသူတို့၏ အသက်သေဆုံးခြင်းကို ပြုလုပ်တော်မူမည်ဟု ထင်မှတ်ကြလေသလော။ ၎င်းတို့၏ စီရင်ဆုံးဖြတ်ချက်မှာ လွန်စွာဆိုးရွားလှပေ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 19-23 — စူရာ အလ်-ဂျာစီယာ
19 إِنَّهُمْ لَن يُغْنُوا عَنكَ مِنَ اللَّهِ شَيْئًا ۚ وَإِنَّ الظَّالِمِينَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۖ وَاللَّهُ وَلِيُّ الْمُتَّقِينَ
ဧကန်စင်စစ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် နှင့်ဆန့်ကျင်၍ အနည်းငယ်မျှပင် အသင့်အဖို့ အလျှင်းအသုံးဝင်ကြမည် မဟုတ်ပေ။ ၎င်းပြင် ဧကန်အမှန် မတရားသောသူတို့သည် ၎င်းတို့အနက် အချို့မှာအချို့၏ အဆွေခင်ပွန်းများပင်ဖြစ်ကြကုန်၏။ အလ္လာဟ်အရှင်မြတ်မူကား "မွတ္တကီ" သူတော်စင်တို့၏ အဆွေခင်ပွန်း ဖြစ်တော်မူ၏။
20 هَٰذَا بَصَائِرُ لِلنَّاسِ وَهُدًى وَرَحْمَةٌ لِّقَوْمٍ يُوقِنُونَ
ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် လူတို့အဖို့ထင်ရှားစွာသော သက်သေသာဓကများလည်း ဖြစ်သည်။ ယုံကြည်သောသူတို့အဖို့ တရားလမ်းညွှန်လည်း ဖြစ်သည်၊ ကရုဏာတော်လည်း မည်သည်။
21 أَمْ حَسِبَ الَّذِينَ اجْتَرَحُوا السَّيِّئَاتِ أَن نَّجْعَلَهُمْ كَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَوَاءً مَّحْيَاهُمْ وَمَمَاتُهُمْ ۚ سَاءَ مَا يَحْكُمُونَ
မကောင်းမှုများကို ကျူးလွန်ကြသောသူတို့က ငါအရှင်မြတ်သည် ထိုသူတို့အား "အီမာန်" သက်ဝင် ယုံကြည်၍ ကောင်းမှုများကို ကျင့်မူခဲ့ကြကုန်သောသူတို့ကဲ့သို့ ထိုသူတို့၏ အသက်ရှင်ခြင်းကိုလည်းကောင်း၊ ထိုသူတို့၏ အသက်သေဆုံးခြင်းကို ပြုလုပ်တော်မူမည်ဟု ထင်မှတ်ကြလေသလော။ ၎င်းတို့၏ စီရင်ဆုံးဖြတ်ချက်မှာ လွန်စွာဆိုးရွားလှပေ၏။
22 وَخَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ وَلِتُجْزَىٰ كُلُّ نَفْسٍ بِمَا كَسَبَتْ وَهُمْ لَا يُظْلَمُونَ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် လူတိုင်းလူတိုင်း မိမိတို့ ရှာဖွေဆည်းပူးခဲ့သော (ကောင်းမှု၊မကောင်းမှု)နှင့်စပ်လျဉ်း၍ အစားပေးခြင်းခံရအံ့သောငှာ(ဖန်ဆင်းတော်မူခဲ့၏၊) သို့ရာတွင် ၎င်းတို့သည် မတရားမှုပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။
23 أَفَرَأَيْتَ مَنِ اتَّخَذَ إِلَٰهَهُ هَوَاهُ وَأَضَلَّهُ اللَّهُ عَلَىٰ عِلْمٍ وَخَتَمَ عَلَىٰ سَمْعِهِ وَقَلْبِهِ وَجَعَلَ عَلَىٰ بَصَرِهِ غِشَاوَةً فَمَن يَهْدِيهِ مِن بَعْدِ اللَّهِ ۚ أَفَلَا تَذَكَّرُونَ
(အို-နဗီတမန်တော်) မိမိစိတ်အလ�ုဆန္ဒကို မိမိဆည်းကပ်ကိုးကွယ်ရာ ပြုလုပ်ထားသောသူအား အသင်မမြင်လေသလော။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သိတော်မူပါလျက်နှင့်ပင် ၎င်းအား လမ်းမှား၌ ရှိစေတော်မူခဲ့၏။၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူ၏ နားပေါ်၌လည်းကောင်း၊ထိုသူ၏ စိတ်နှလုံးပေါ်၌လည်းကောင်း၊ တံဆိပ်ခတ်နှိပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ၎င်း၏မျက်စိပေါ်ဝယ် အကာအဖုံးကို ပြုလုပ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုသူအား အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ တရားလမ်းမှန်ကို ညွှန်ပြအံ့နည်း။ သို့ပါလျက် အသင်တို့သည် တရားရယူကြသည် မရှိလေသလော။
ဘာသာပြန် — အလ်-ဂျာစီယာ 21 စူရာ အလ်-ဂျာစီယာ အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မကောင်းမှုများကို ကျူးလွန်ကြသောသူတို့က ငါအရှင်မြတ်သည် ထိုသူတို့အား "အီမာန်" သက်ဝင် ယုံကြည်၍ ကောင်းမှုများကို ကျင့်မူခဲ့ကြကုန်သောသူတို့ကဲ့သို့ ထိုသူတို့၏…
စူရာ အာယာသ် 21/37 — စူရာ အလ်-ဂျာစီယာ الجاثية (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဂျာစီယာ နားထောင်, စူရာ အလ်-ဂျာစီယာ ဘာသာပြန်, စူရာ အလ်-ဂျာစီယာ mp3, စူရာ အလ်-ဂျာစီယာ pdf. အာယာသ် 19–23. မြန်မာဘာသာ: ภาษาไทย.