အလ်-ဂျာစီယာ · 26/37
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဂျာစီယာ
قُلِ اللَّهُ يُحْيِيكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يَجْمَعُكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ۝٢٦
Qulil laahu yuhyeekum summa yumeetukum summa yajma`ukum ilaa Yawmil Qiyaamati laa raiba feehi wa laakinna aksaran naasi laa ya`lamoon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူသည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား သေစေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဒွိဟသံသယ အလျဉ်းမရှိသော "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် စုရုံးတော်မူပေမည်။ သို့ရာတွင် အများဆုံးသော သူတို့မှာမူကား သိရှိကြသည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • يُحْيِيكُمْ : သင့်တို့အား အသက်ရှင်စေသည်။
  • يُمِيتُكُمْ : သင့်တို့အား သေစေသည်။
  • يَجْمَعُكُمْ : သင့်တို့အား စုရုံးစေသည်။
  • يَوْمِ الْقِيَامَةِ : ရှင်ပြန်ထမြောက်မည့်နေ့။
  • لَا رَيْبَ فِيهِ : ထိုနေ့တွင် သံသယဟူသည် မရှိပါ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်၊ ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်သော ထိုသူတို့အား ပြောလိုက်ပါ - အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ဤလောကတွင် အသက်ရှင်စေတော်မူသည်။ ထို့နောက် အရှင်မြတ် သတ်မှတ်တော်မူသော ကာလပြည့်သောအခါ သင်တို့အား သေစေတော်မူသည်။ ထို့နောက် ရှင်ပြန်ထမြောက်မည့်နေ့တွင် သင်တို့အားလုံးကို စုရုံးစေတော်မူသည်။ ထိုနေ့သည် ဧကန်မုချ ဖြစ်ပေါ်မည်ဖြစ်ကြောင်း သံသယဖြစ်စရာ အကြောင်းမရှိပါ။ သို့သော် လူအများစုသည် ဤအမှန်တရားကို မသိနားမလည်ကြပါ။ အကြောင်းမှာ သူတို့သည် မစဉ်းစားမဆင်ခြင်ကြခြင်း၊ နက်နဲစွာ မရှုမြင်ကြခြင်းကြောင့် ဖြစ်သည်။ အရှင်မြတ်သည် ပထမဆုံးအကြိမ် ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည့်အတွက် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းရန်လည်း တတ်စွမ်းတော်မူသည်။ ထို့ကြောင့် ရှင်ပြန်ထမြောက်မည့်နေ့ကို ယုံကြည်၍ ကောင်းမှုကုသိုလ်များဖြင့် ပြင်ဆင်ထားသင့်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် အသက်ရှင်စေခြင်း၊ သေစေခြင်း၊ ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်ကြောင်း သိရှိစေသည်။
  • ရှင်ပြန်ထမြောက်မည့်နေ့သည် ဧကန်မုချ ဖြစ်ပေါ်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။
  • ဤလောကတွင် ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် အားပေးတိုက်တွန်းစေသည်။
  • စဉ်းစားဆင်ခြင်ခြင်းနှင့် နက်နဲစွာ ရှုမြင်ခြင်းသည် အမှန်တရားကို သိရှိရန် လမ်းစဖြစ်ကြောင်း သွန်သင်ပေးသည်။
  • အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကို ရှုမြင်သုံးသပ်ခြင်းဖြင့် ယုံကြည်ခြင်း တိုးပွားလာစေသည်။


📜 အာယာသ် 24-28 — စူရာ အလ်-ဂျာစီယာ

24وَقَالُوا مَا هِيَ إِلَّا حَيَاتُنَا الدُّنْيَا نَمُوتُ وَنَحْيَا وَمَا يُهْلِكُنَا إِلَّا الدَّهْرُ ۚ وَمَا لَهُم بِذَٰلِكَ مِنْ عِلْمٍ ۖ إِنْ هُمْ إِلَّا يَظُنُّونَ
ထို့ပြင် ၎င်းတို့က အသက်ရှင်ခြင်းဟူသည် (ဤ)လောကီဘဝ၌ ကျွန်ုပ်တို့၏အသက်ရှင်ခြင်းမှ တစ်ပါးအခြားမရှိပြီ။ ကျွန်ုပ်တို့သည် (တစ်ကြိမ်တစ်ခါသာလျှင်) အသက်သေဆုံးကြ၍ (တစ်ကြိမ်တစ်ခါသာလျှင်) အသက်ရှင်ကြကုန်၏။စင်စစ် ကျွန်ုပ်တို့အား ခေတ်ကာလသည်သာလျှင် ပျက်စီးစေ၏။ အမှန်စင်စစ်မှာမူကား ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့၌ မည်သည့်အသိပညာမျှပင် မရှိချေ။ ၎င်းတို့သည် ရမ်းဆ(ပြောဆို) နေကြသည်သာ ဖြစ်သည်။
25وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ مَّا كَانَ حُجَّتَهُمْ إِلَّا أَن قَالُوا ائْتُوا بِآبَائِنَا إِن كُنتُمْ صَادِقِينَ
ထိုမှတစ်ပါး ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ထင်ရှားစွာသော အာယတ်တော်များ ဖတ်ကြားခြင်း ခံရလေသောအခါ ၎င်းတို့က "အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ကျွန်ုပ်တို့၏(သေဆုံးလေပြီးသော) အဘ၊ ဘိုး၊ ဘေးတို့အား(တစ်ဖန်ရှင်ပြန်ထစေပြီး) ခေါ်ယူခဲ့ကြလေကုန်" ဟု ပြောဆိုခြင်းမှတစ်ပါး မည်သို့မျှ ဆင်ခြေတက်နိုင်ကြသည် မရှိပေ။
26قُلِ اللَّهُ يُحْيِيكُمْ ثُمَّ يُمِيتُكُمْ ثُمَّ يَجْمَعُكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူသည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား သေစေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဒွိဟသံသယ အလျဉ်းမရှိသော "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် စုရုံးတော်မူပေမည်။ သို့ရာတွင် အများဆုံးသော သူတို့မှာမူကား သိရှိကြသည် မဟုတ်ပေ။
27وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ وَيَوْمَ تَقُومُ السَّاعَةُ يَوْمَئِذٍ يَخْسَرُ الْمُبْطِلُونَ
၎င်းပြင် မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှုသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး "ကိယာမတ်" ရှင်ပြန်ထမည့် အချိန်ကာလ ဆိုက်ရောက်လာမည့်နေ့တွင်မူ အမှားကိုလိုက်စားကြ ကုန်သောသူတို့မှာ ပျက်စီးဆုံးရှုံးကြပေမည်။
28وَتَرَىٰ كُلَّ أُمَّةٍ جَاثِيَةً ۚ كُلُّ أُمَّةٍ تُدْعَىٰ إِلَىٰ كِتَابِهَا الْيَوْمَ تُجْزَوْنَ مَا كُنتُمْ تَعْمَلُونَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်("ကိယာမတ်"နေ့တွင်)သာသနာဝင် အုပ်စုတိုင်းအား ဒူးထောက်လျက်ရှိကြမည်ကို တွေ့မြင်ရပေမည်။ သာသနာဝင်အုပ်စုတိုင်းမှ ၎င်းတို့၏မှတ်တမ်းစာအုပ် (ရှိရာ)သို့ ဖိတ်ခေါ်ခြင်းကို ခံကြရပေမည်။ "ယနေ့သော်ကား အသင်တို့သည် မိမိတို့၏ ကျင့်မူချက်များနှင့် စပ်လျဉ်း၍ အစားပေးခြင်းကို ခံကြရပေမည်"။
အလ်-ဂျာစီယာကုရ်အာန် ညွှန်းကိန်း
37အာယာသ်
MeccanRevelation
26အာယာသ်

ဘာသာပြန် — အလ်-ဂျာစီယာ 26

စူရာ အလ်-ဂျာစီယာ အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ရှင်စေတော်မူသည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် အသင်တို့အား…

စူရာ အာယာသ် 26/37 — စူရာ အလ်-ဂျာစီယာ الجاثية (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဂျာစီယာ နားထောင်, စူရာ အလ်-ဂျာစီယာ ဘာသာပြန်, စူရာ အလ်-ဂျာစီယာ mp3, စူရာ အလ်-ဂျာစီယာ pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers