အလ်-ဖသ် · 23/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖသ်
سُنَّةَ اللَّهِ الَّتِي قَدْ خَلَتْ مِن قَبْلُ ۖ وَلَن تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا ۝٢٣
Sunnatal laahil latee qad khalat min qablu wa lan tajida lisunnatil laahi tabdeelaa
📖 မြန်မာဘာသာ
(ဤသည်)ရှေးအထက်ကျော်ကာလက လွန်လေခဲ့ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းပင် ဖြစ်၏။ ၎င်းပြင် (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်း၌ မည်သည့်ပြောင်းလဲမှုကိုမျှ အလျှင်းတွေ့ရှိမည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 21-25 — စူရာ အလ်-ဖသ်

21وَأُخْرَىٰ لَمْ تَقْدِرُوا عَلَيْهَا قَدْ أَحَاطَ اللَّهُ بِهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا
ထိုမှတစ်ပါး အသင်တို့ စွမ်းနိုင်ခြင်း မရှိခဲ့ကြသေးသော အခြားအောင်မြင်မှုတစ်ရပ်လည်း ရှိပေသေး၏။ဧကန်�င်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းအောင်မြင်မှုကို ဝန်းဝိုင်းလျက် ရှိတော်မူ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
22وَلَوْ قَاتَلَكُمُ الَّذِينَ كَفَرُوا لَوَلَّوُا الْأَدْبَارَ ثُمَّ لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا
စင်စစ်တမူကား အကယ်၍သာ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သော သူတို့သည် အသင်တို့နှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြပါလျှင် ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြမည်သာ။ထို့နောက် ၎င်းတို့သည် အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။
23سُنَّةَ اللَّهِ الَّتِي قَدْ خَلَتْ مِن قَبْلُ ۖ وَلَن تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا
(ဤသည်)ရှေးအထက်ကျော်ကာလက လွန်လေခဲ့ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းပင် ဖြစ်၏။ ၎င်းပြင် (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်း၌ မည်သည့်ပြောင်းလဲမှုကိုမျှ အလျှင်းတွေ့ရှိမည် မဟုတ်ပေ။
24وَهُوَ الَّذِي كَفَّ أَيْدِيَهُمْ عَنكُمْ وَأَيْدِيَكُمْ عَنْهُم بِبَطْنِ مَكَّةَ مِن بَعْدِ أَنْ أَظْفَرَكُمْ عَلَيْهِمْ ۚ وَكَانَ اللَّهُ بِمَا تَعْمَلُونَ بَصِيرًا
ထို့ပြင် ထိုအရှင်မြတ်သည်ပင် ထို(‘ကာဖိရ်’သွေဖည်ငြင်းပယ်သော)သူတို့၏လက်များကို အသင်တို့(အားအန္တရာယ်ပြုခြင်း)မှလည်းကောင်း၊ အသင်တို့၏လက်များကို ထိုသူတို့(အား အန္တရာယ်ပြုခြင်းမှလည်းကောင်း၊) မက္ကာမြို့တွင်း၌ အသင်တို့အား ထိုသူတို့အပေါ်ဝယ် အောင်မြင်စေတော်မူပြီး နောက်သော်မှပင် တားဆီးထားတော်မူခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြုမူချက်တို့ကိုကောင်းစွာ ရှုမြင်တော်မူလျက် ရှိတော်မူခဲ့ပေသတည်း။
25هُمُ الَّذِينَ كَفَرُوا وَصَدُّوكُمْ عَنِ الْمَسْجِدِ الْحَرَامِ وَالْهَدْيَ مَعْكُوفًا أَن يَبْلُغَ مَحِلَّهُ ۚ وَلَوْلَا رِجَالٌ مُّؤْمِنُونَ وَنِسَاءٌ مُّؤْمِنَاتٌ لَّمْ تَعْلَمُوهُمْ أَن تَطَئُوهُمْ فَتُصِيبَكُم مِّنْهُم مَّعَرَّةٌ بِغَيْرِ عِلْمٍ ۖ لِّيُدْخِلَ اللَّهُ فِي رَحْمَتِهِ مَن يَشَاءُ ۚ لَوْ تَزَيَّلُوا لَعَذَّبْنَا الَّذِينَ كَفَرُوا مِنْهُمْ عَذَابًا أَلِيمًا
ထိုသူတို့သည်ပင် အကြင်သူများတည်း။ ထိုသူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ထိုသူတို့သည် အသင်တို့အား ‘မတ်စ်ဂျစ်ဒ်ဟရာမ်’ ရိုသေအပ်သော ဗလီကျောင်းတော်မှ တားဆီးခဲ့ကြ၏။ ထို့ပြင် (ဟုဒိုင်ဗိယဟ်၌)တားဆီးခြင်းခံနေခဲ့ရသော ကုရ်ဗာနီသားကောင်ကိုလည်း ယင်း၏ ရောက်ရှိရန် နေရာသို့ မရောက်စေရန် (တားဆီးခဲ့ကြကုန်)။စင်စစ်သော်ကား အကယ်၍သာ အသင်တို့ မသိခဲ့ကြသော(မြောက်မြားစွာသော)’မုအ်မင်န်’သက်ဝင်ယုံကြည်သူ ယောက်ျားမိန်းမတို့အား တက်နင်းမိကြသဖြင့် ၎င်းတို့ကြောင့် အသင်တို့၌ အပြစ်သက်ရောက်မည်ကို မစိုးရိမ်ရပါလျှင် (အလုံးစုံသောကိစ္စတို့မှာ စီရင်ဆုံးဖြတ်ပြီး ဖြစ်ခဲ့မည်သာ။ သို့ရာတွင် ယင်းကဲ့သို့ မဖြစ်ခဲ့သည်မှာ) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိကရုဏာတော်တွင်းသို့ ဝင်ရောက်စေတော်မူရန်ပင် ဖြစ်ခဲ့ပေသည်။ အကယ်၍သာ ထို(မုစ်လင်မ်ယောက်ျား မိန်းမတို့မှာ ကာဖိရ်များနှင့်)ခွဲခြား သိသာနိုင်ခဲ့ကြပါလျှင် ငါအရှင်မြတ်သည် ၎င်းတို့အနက် သွေဖည် ငြင်းပယ်ခဲ့ကြကုန်သော သူတို့အား ပြင်းပြစွာသော ပြစ်ဒဏ်ကို အမှန်ပင် ပေးတော်မူခဲ့မည်သာ။
အလ်-ဖသ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
23အာယာသ်

ဘာသာပြန် — အလ်-ဖသ် 23

စူရာ အလ်-ဖသ် အာယာသ် 23 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဤသည်)ရှေးအထက်ကျော်ကာလက လွန်လေခဲ့ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းပင် ဖြစ်၏။ ၎င်းပြင် (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်း၌ မည်သည့်ပြောင်းလဲမှုကိုမျှ…

စူရာ အာယာသ် 23/29 — စူရာ အလ်-ဖသ် الفتح (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖသ် နားထောင်, စူရာ အလ်-ဖသ် ဘာသာပြန်, စူရာ အလ်-ဖသ် mp3, စူရာ အလ်-ဖသ် pdf. အာယာသ် 21–25. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers