အလ်-ဖသ် · 22/29
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖသ်
وَلَوْ قَاتَلَكُمُ الَّذِينَ كَفَرُوا لَوَلَّوُا الْأَدْبَارَ ثُمَّ لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا ۝٢٢
Wa law qaatalakumul lazeena kafaroo la wallawul adbaara summa laa yajidoona waliyanw-wa laa naseeraa
📖 မြန်မာဘာသာ
စင်စစ်တမူကား အကယ်၍သာ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သော သူတို့သည် အသင်တို့နှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြပါလျှင် ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြမည်သာ။ထို့နောက် ၎င်းတို့သည် အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 20-24 — စူရာ အလ်-ဖသ်

20وَعَدَكُمُ اللَّهُ مَغَانِمَ كَثِيرَةً تَأْخُذُونَهَا فَعَجَّلَ لَكُمْ هَٰذِهِ وَكَفَّ أَيْدِيَ النَّاسِ عَنكُمْ وَلِتَكُونَ آيَةً لِّلْمُؤْمِنِينَ وَيَهْدِيَكُمْ صِرَاطًا مُّسْتَقِيمًا
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အခြားမြောက်မြားစွာသော လက်ရပစ္စည်းများကိုလည်း အသင်တို့ ယူငင်ကြဦးမည် ဖြစ်သည်ဟု ကတိပေးတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ဤသည့်(အောင်မြင်မှု)ကို အသင်တို့အား လတ်တလော ချီးမြှင့်တော်မူခဲ့၏။ ၎င်းပြင် ထိုအရှင်မြတ်သည် လူတို့၏လက်များကို အသင်တို့(အား အန္တရာယ်ပြုနိုင်ခြင်း)မှ တားဆီးတော်မူခဲ့၏။ (ထိုသို့ပြုတော်မူခြင်းမှာ)ယင်း(လတ်တလောရရှိခဲ့သော) အောင်မြင်မှုသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နမူနာတစ်ရပ် ဖြစ်အံ့သောငှာ လည်းကောင်း၊ ထိုအရှင်မြတ်သည် အသင်တို့အား ဖြောင့်မတ်သောလမ်းကို ပြတော်မူအံ့သောငှာလည်းကောင်း၊ ဖြစ်ချေသည်။
21وَأُخْرَىٰ لَمْ تَقْدِرُوا عَلَيْهَا قَدْ أَحَاطَ اللَّهُ بِهَا ۚ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرًا
ထိုမှတစ်ပါး အသင်တို့ စွမ်းနိုင်ခြင်း မရှိခဲ့ကြသေးသော အခြားအောင်မြင်မှုတစ်ရပ်လည်း ရှိပေသေး၏။ဧကန်�င်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းအောင်မြင်မှုကို ဝန်းဝိုင်းလျက် ရှိတော်မူ၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
22وَلَوْ قَاتَلَكُمُ الَّذِينَ كَفَرُوا لَوَلَّوُا الْأَدْبَارَ ثُمَّ لَا يَجِدُونَ وَلِيًّا وَلَا نَصِيرًا
စင်စစ်တမူကား အကယ်၍သာ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သော သူတို့သည် အသင်တို့နှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြပါလျှင် ၎င်းတို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြမည်သာ။ထို့နောက် ၎င်းတို့သည် အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။ ကူညီစောင်မအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိကြမည် မဟုတ်ပေ။
23سُنَّةَ اللَّهِ الَّتِي قَدْ خَلَتْ مِن قَبْلُ ۖ وَلَن تَجِدَ لِسُنَّةِ اللَّهِ تَبْدِيلًا
(ဤသည်)ရှေးအထက်ကျော်ကာလက လွန်လေခဲ့ပြီးဖြစ်သော အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းပင် ဖြစ်၏။ ၎င်းပြင် (အို-နဗီတမန်တော်၊)အသင်သည် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်း၌ မည်သည့်ပြောင်းလဲမှုကိုမျှ အလျှင်းတွေ့ရှိမည် မဟုတ်ပေ။
24وَهُوَ الَّذِي كَفَّ أَيْدِيَهُمْ عَنكُمْ وَأَيْدِيَكُمْ عَنْهُم بِبَطْنِ مَكَّةَ مِن بَعْدِ أَنْ أَظْفَرَكُمْ عَلَيْهِمْ ۚ وَكَانَ اللَّهُ بِمَا تَعْمَلُونَ بَصِيرًا
ထို့ပြင် ထိုအရှင်မြတ်သည်ပင် ထို(‘ကာဖိရ်’သွေဖည်ငြင်းပယ်သော)သူတို့၏လက်များကို အသင်တို့(အားအန္တရာယ်ပြုခြင်း)မှလည်းကောင်း၊ အသင်တို့၏လက်များကို ထိုသူတို့(အား အန္တရာယ်ပြုခြင်းမှလည်းကောင်း၊) မက္ကာမြို့တွင်း၌ အသင်တို့အား ထိုသူတို့အပေါ်ဝယ် အောင်မြင်စေတော်မူပြီး နောက်သော်မှပင် တားဆီးထားတော်မူခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြုမူချက်တို့ကိုကောင်းစွာ ရှုမြင်တော်မူလျက် ရှိတော်မူခဲ့ပေသတည်း။
အလ်-ဖသ်ကုရ်အာန် ညွှန်းကိန်း
29အာယာသ်
MedinanRevelation
22အာယာသ်

ဘာသာပြန် — အလ်-ဖသ် 22

စူရာ အလ်-ဖသ် အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်တမူကား အကယ်၍သာ ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သော သူတို့သည် အသင်တို့နှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြပါလျှင် ၎င်းတို့သည် ကျောခိုင်း၍…

စူရာ အာယာသ် 22/29 — စူရာ အလ်-ဖသ် الفتح (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖသ် နားထောင်, စူရာ အလ်-ဖသ် ဘာသာပြန်, စူရာ အလ်-ဖသ် mp3, စူရာ အလ်-ဖသ် pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers