အလ်-အန်အာမ် · 14/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قُلْ أَغَيْرَ اللَّهِ أَتَّخِذُ وَلِيًّا فَاطِرِ السَّمَاوَاتِ وَالْأَرْضِ وَهُوَ يُطْعِمُ وَلَا يُطْعَمُ ۗ قُلْ إِنِّي أُمِرْتُ أَنْ أَكُونَ أَوَّلَ مَنْ أَسْلَمَ ۖ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ ۝١٤
Qul aghairal laahi attakhizu waliyyan faatiris samaawaati wal ardi wa Huwa yut`imu wa laa yut`am; qul inneee umirtu an akoona awwala man salama wa laa takoonanna minal mushrikeen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်ပြောပါလေ။ကျွန်ုပ်သည်’အလ္လာဟ်’အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ယောက်ကို ကိုးကွယ်ရာအရှင်ပြုလုပ်ရမည်လော။ ထိုအရှင်မြတ်သည် မိုးများနှင့်ပထဝီမြေကို စတင်ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် (သူတစ်ပါးတို့ကို)တို့ကို ကျွေးမွေးတော်မူ၏။ အထိုအရျင်မြတ်သည် (သူတစ်ပါး၏)ကျွေးမွေးခြင်းကိုမူကား ခံရတော်မူသည်မဟုတ်ချေ။ (4င်းအပြင်) အသင်ပြောပါလေ။ ကျွန်ုပ်သည်’အစ္စလာမ်’ သာသနာတော်ကို ပထမဆုံးလက်ခံနာယူသူဖြစ်ရန် အမိန့်တော်ကိုမုချရရှိ၏။ ထို့အပြင် အသင်သည် ‘မုရှ်ရစ်က်’ များတွင် အပါအဝင် အလျှင်းမဖြစ်လေနှင့် (ဟုလည်း မြစ်တားတော်မူခြင်းကိုခံရ၏။)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်

  • وَلِيًّا (ဝလိယျန်) — ကာကွယ်စောင့်ရှောက်သူ၊ ကူညီထောက်ပံ့သူ၊ ကိုးကွယ်ရာအရှင်သခင်။
  • فَاطِرِ (ဖာသိရိ) — ဖန်ဆင်းတော်မူသူ၊ ရှေးရုပ်ပုံနမူနာမရှိဘဲ ပထမဆုံးအကြိမ် ဖန်တီးတော်မူသူ။
  • يُطْعِمُ (ယုသ်အိမု) — ရိက္ခာပေးတော်မူသူ၊ စားနပ်ရိက္ခာနှင့် အသက်ရှင်ရေးပစ္စည်းများကို ချီးမြှင့်ပေးသနားတော်မူသူ။
  • لَا يُطْعَمُ (လာ ယုသ်အိမု) — မည်သူတစ်ဦးတစ်ယောက်မှ သူ့အား ရိက္ခာမပေးနိုင်၊ သူသည် ရိက္ခာပေးခြင်းကို ခံယူရန် လိုအပ်တော်မမူ။
  • أَسْلَمَ (အစ်လမ) — အလ္လာဟ်အရှင်မြတ်အား နာခံအပ်နှံခြင်း၊ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်း။
  • الْمُشْرِكِينَ (မုရှ်ရိကီန်) — အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားအရာများကို တွဲဖက်ကိုးကွယ်သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားအရာများကို တွဲဖက်ကိုးကွယ်နေကြသော ဤမုရှ်ရစ်က်များအား ဤသို့မေးမြန်းလိုက်ပါ — အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားတစ်စုံတစ်ရာကို ကျွန်ုပ်၏ ကာကွယ်စောင့်ရှောက်သူနှင့် ကိုးကွယ်ရာအရှင်အဖြစ် ကျွန်ုပ် မည်သို့ သတ်မှတ်နိုင်မည်နည်း။ အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပြင်ကို ရှေးရုပ်ပုံနမူနာမရှိဘဲ ပထမဆုံးအကြိမ် ဖန်ဆင်းတော်မူသောအရှင်၊ မိမိ၏ ကျွန်များအား ရိက္ခာပေးသနားတော်မူသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် ရိက္ခာပေးတော်မူသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ အရှင်မြတ်အား ရိက္ခာပေးနိုင်သည် မဟုတ်ပေ။ အရှင်မြတ်သည် မိမိ၏ ကျွန်များထံမှ လုံးဝ ကင်းလွတ်တော်မူသော ချမ်းသာကြွယ်ဝသောအရှင် ဖြစ်တော်မူပြီး ကျွန်များမှာမူ အရှင်မြတ်အား အမြဲတမ်း လိုအပ်နေသူများ ဖြစ်ကြသည်။ ထို့ကြောင့် အို တမန်တော်၊ ဤသို့ပြောကြားလိုက်ပါ — ကျွန်ုပ်၏ အရှင်သခင် အလ္လာဟ်အရှင်မြတ်သည် ဤအူမ္မသ်အသင်းသားများထဲမှ ပထမဆုံး အရှင်မြတ်အား နာခံအပ်နှံသူ ဖြစ်ရန် ကျွန်ုပ်အား အမိန့်ပေးတော်မူခဲ့သည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားအရာများကို တွဲဖက်ကိုးကွယ်သူများထဲတွင် မပါဝင်ရန် ကျွန်ုပ်အား တားမြစ်တော်မူ



📜 အာယာသ် 12-16 — စူရာ အလ်-အန်အာမ်

12قُل لِّمَن مَّا فِي السَّمَاوَاتِ وَالْأَرْضِ ۖ قُل لِّلَّهِ ۚ كَتَبَ عَلَىٰ نَفْسِهِ الرَّحْمَةَ ۚ لَيَجْمَعَنَّكُمْ إِلَىٰ يَوْمِ الْقِيَامَةِ لَا رَيْبَ فِيهِ ۚ الَّذِينَ خَسِرُوا أَنفُسَهُمْ فَهُمْ لَا يُؤْمِنُونَ
(အို-နဗီတမန်တော်) အသင်သည် (ထိုသွေဖည်ငြင်းပယ်သောသူတို့အား) မိုးကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိရှိသမျှသောအရာတို့သည် မည်သူပိုင်ဆိုင်သော အရာများဖြစ်သနည်းဟု မေးမြန်းပါလေ။ ( ထိုသူတို့သည် ပဌမသော် အမှန်အတိုင်း ဖြေကြားကြမည်ဖြစ်သည်။ အကယ်၍အကြောင်း တစုံတရာကြောင့် အမှန်အတိုင်း မဖြေကြားခဲ့သည်ရှိသော်) အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာဖြစ်ချေသည် ဟု အသင်ကပင် ဖြေကြားပါလေ။ ၎င်းပြင် ထိုအရှင်မြတ်သည် (သတိတရားရရှိ၍ရှစ်ရ်က် မှ ဝန်ချတောင်းပန်သူတို့အား) ကရုဏာပြုတော်မူရန် မိမိအပေါ်၌ တာဝန်အဖြစ် သတ်မှတ်ထားတော်မူပြီးဖြစ်သည်ဟုလည်း ပြောဆိုပါလေ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား �ိယာမတ်နေ့တွင် မုချ စုရုံးတော်မူမည်။ထိုနေ့၏ (ဆိုက်ရောက်ခြင်း) ၌ အလျင်း ဒွိဟမရှိပေ။ အကြင်သူတို့သည် မိမိတို့ကိုယ်ကို နစ်နာ ပျက်စီးစေခဲ့ကြ၏။ ထိုသူတို့ကား အီမာန် ယုံကြည်ကြမည် မဟုတ်ပေ။
13۞ وَلَهُ مَا سَكَنَ فِي اللَّيْلِ وَالنَّهَارِ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
ထိုမှတစ်ပါး ညဉ့်နှင့်နေ့တွင် နေထိုင်သောအရာများသည်လည်း ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းသာတည်း။ ၎င်းအပြင် ထိုအရှင်မြတ်သည်၊ အကြွင်းမဲ့ကြားတော်မူသောအရှင၊် အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။
14قُلْ أَغَيْرَ اللَّهِ أَتَّخِذُ وَلِيًّا فَاطِرِ السَّمَاوَاتِ وَالْأَرْضِ وَهُوَ يُطْعِمُ وَلَا يُطْعَمُ ۗ قُلْ إِنِّي أُمِرْتُ أَنْ أَكُونَ أَوَّلَ مَنْ أَسْلَمَ ۖ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်ပြောပါလေ။ကျွန်ုပ်သည်’အလ္လာဟ်’အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ယောက်ကို ကိုးကွယ်ရာအရှင်ပြုလုပ်ရမည်လော။ ထိုအရှင်မြတ်သည် မိုးများနှင့်ပထဝီမြေကို စတင်ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် (သူတစ်ပါးတို့ကို)တို့ကို ကျွေးမွေးတော်မူ၏။ အထိုအရျင်မြတ်သည် (သူတစ်ပါး၏)ကျွေးမွေးခြင်းကိုမူကား ခံရတော်မူသည်မဟုတ်ချေ။ (4င်းအပြင်) အသင်ပြောပါလေ။ ကျွန်ုပ်သည်’အစ္စလာမ်’ သာသနာတော်ကို ပထမဆုံးလက်ခံနာယူသူဖြစ်ရန် အမိန့်တော်ကိုမုချရရှိ၏။ ထို့အပြင် အသင်သည် ‘မုရှ်ရစ်က်’ များတွင် အပါအဝင် အလျှင်းမဖြစ်လေနှင့် (ဟုလည်း မြစ်တားတော်မူခြင်းကိုခံရ၏။)
15قُلْ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အချင်းတို့ အကျွန်ုပ်သည် မိမိအသျှင်မြတ်၏ (‘မုစ်လင်မ်’ဖြစ်ရန်နှင့် ရှစ်ရ်က် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်း မပြုရန်)ပညတ်တော်ကို အကယ်၍သာ ဖီဆန်ခဲ့ပါမူ၊ အလွန်ကြီးကျယ်လှသော (ကိယာမတ်ရှင်ပြန်ထမည့်)နေ့၏ ပြစ်ဒဏ် (ခံစားရမည်)ကို ဧကန်စင်စစ် ကြောက်ရွံ့စိုးရိမ်ရပါသည် ဟုပြောကြားပါလေ။
16مَّن يُصْرَفْ عَنْهُ يَوْمَئِذٍ فَقَدْ رَحِمَهُ ۚ وَذَٰلِكَ الْفَوْزُ الْمُبِينُ
မည်သူမဆို ၎င်း၏အပေါ်မှ ထို(ကိယာမတ်ရှင်ပြန်မည့်)နေ့တွင် ယင်းအပြစ်ဒဏ်သည် ဖယ်ရှားခြင်းခံရလျှင် မလွဲဧကန် ထိုအရှင်မြတ်သည် ၎င်း၏အပေါ်ဝယ် အလွန်တရာမျှပင် သနားကြင်နာ ညှာတာ တော်မူပြီး ဖြစ်ချေသည်။အမှန်စင်စစ် ဤ(ကဲ့သို့ အပြစ်ဒဏ်ဖယ်ရှားခြင်းနှင့် သနားကြင်နာမှုကို ခံစားရခြင်း)သည်ပင်လျှင် ထင်ရှားစွာသောအောင်မြင် မှုပင်တည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
14အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 14

စူရာ အလ်-အန်အာမ် အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်ပြောပါလေ။ကျွန်ုပ်သည်’အလ္လာဟ်’အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ယောက်ကို ကိုးကွယ်ရာအရှင်ပြုလုပ်ရမည်လော။ ထိုအရှင်မြတ်သည် မိုးများနှင့်ပထဝီမြေကို စတင်ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် (သူတစ်ပါးတို့ကို)တို့ကို…

စူရာ အာယာသ် 14/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers