အလ်-အန်အာမ် · 15/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قُلْ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ ۝١٥
Qul inneee akhaafu in `asaitu Rabbee `azaaba Yawmin `Azeem
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အချင်းတို့ အကျွန်ုပ်သည် မိမိအသျှင်မြတ်၏ (‘မုစ်လင်မ်’ဖြစ်ရန်နှင့် ရှစ်ရ်က် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်း မပြုရန်)ပညတ်တော်ကို အကယ်၍သာ ဖီဆန်ခဲ့ပါမူ၊ အလွန်ကြီးကျယ်လှသော (ကိယာမတ်ရှင်ပြန်ထမည့်)နေ့၏ ပြစ်ဒဏ် (ခံစားရမည်)ကို ဧကန်စင်စစ် ကြောက်ရွံ့စိုးရိမ်ရပါသည် ဟုပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဝိပါကစသည့် ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • အာယသ် (آية) - သက်သေလက္ခဏာ၊ ကျမ်းပိုဒ်
  • ရဗ် (رب) - အရှင်သခင်၊ ဖန်ဆင်းမွေးမြူသူ (အလ္လာဟ်အရှင်မြတ်)
  • အီသ် (عصيت) - မနာခံခြင်း၊ ဖီဆန်ခြင်း
  • အဇာဗ် (عذاب) - ပြစ်ဒဏ်၊ ဆင်းရဲဒုက္ခ
  • ယောမ် (يوم) - နေ့၊ ရက်စွဲ
  • အဇီးမ် (عظيم) - ကြီးကျယ်သော၊ ကြီးမားသော
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ သင်သည် ဤအလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားအရာများကို ကိုးကွယ်သူများအား ဤသို့ပြောကြားပါ - "အကယ်၍ ကျွန်ုပ်သည် ကျွန်ုပ်၏အရှင်သခင် အလ္လာဟ်အရှင်မြတ်အား မနာခံခဲ့ပါက၊ သို့မဟုတ် အရှင်မြတ်က ကျွန်ုပ်အား တားမြစ်ထားသော ရှိရ်က် (အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်ခြင်း) နှင့် အခြားသော ပြစ်မှုများကို ကျူးလွန်ခဲ့ပါက၊ သို့မဟုတ် အရှင်မြတ်က ကျွန်ုပ်အား အမိန့်ပေးထားသော အီမာန် (ယုံကြည်ခြင်း) နှင့် အခြားသော ကောင်းမှုကုသိုလ်များကို စွန့်လွှတ်ခဲ့ပါက၊ ကျွန်ုပ်သည် ကြီးကျယ်လှစွာသော ကိယာမသ်နေ့ (ရှင်ပြန်ထမြောက်မည့်နေ့) ၏ ပြစ်ဒဏ်ကို ခံရမည်ကို အမှန်ပင် ကြောက်ရွံ့ပါသည်" ဟု ပြောကြားပါ။

ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာရန်၊ တားမြစ်ချက်များကို ရှောင်ကြဉ်ရန် သတိပေးထားခြင်းဖြစ်သည်။ တမန်တော်တစ်ပါးဖြစ်သော်လည်း အကယ်၍ အရှင်မြတ်အား မနာခံပါက ပြစ်ဒဏ်ခံရမည်ကို ကြောက်ရွံ့ကြောင်း ဖော်ပြထားသည်။ ဤသည်မှာ လူသားအားလုံးအတွက် သင်ခန်းစာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ကို နာခံခြင်းသည် ကယ်တင်ခြင်း၏ လမ်းစဉ်ဖြစ်ပြီး မနာခံခြင်းသည် ပြစ်ဒဏ်ခံရမည့် အကြောင်းရင်းဖြစ်သည်။ ကိယာမသ်နေ့၏ ပြစ်ဒဏ်သည် အလွန်ကြီးကျယ်ပြင်းထန်သောကြောင့် မည်သူမျှ မခံစားနိုင်ပါ။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ နောက်ဆုံးတမန်တော်ကိုပင် သတိပေးထားခြင်းဖြင့် အရှင်မြတ်၏ တရားမျှတမှုကို ပြသသည်။
  • မည်သူမဆို အလ္လာဟ်အရှင်မြတ်အား မနာခံပါက အကျိုးဆက်ကို ခံရမည်ဖြစ်ကြောင်း သိရှိစေသည်။
  • ကိယာမသ်နေ့နှင့် ထိုနေ့၏ ပြစ်ဒဏ်များကို သတိရစေပြီး က


📜 အာယာသ် 13-17 — စူရာ အလ်-အန်အာမ်

13۞ وَلَهُ مَا سَكَنَ فِي اللَّيْلِ وَالنَّهَارِ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
ထိုမှတစ်ပါး ညဉ့်နှင့်နေ့တွင် နေထိုင်သောအရာများသည်လည်း ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းသာတည်း။ ၎င်းအပြင် ထိုအရှင်မြတ်သည်၊ အကြွင်းမဲ့ကြားတော်မူသောအရှင၊် အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူလေသတည်း။
14قُلْ أَغَيْرَ اللَّهِ أَتَّخِذُ وَلِيًّا فَاطِرِ السَّمَاوَاتِ وَالْأَرْضِ وَهُوَ يُطْعِمُ وَلَا يُطْعَمُ ۗ قُلْ إِنِّي أُمِرْتُ أَنْ أَكُونَ أَوَّلَ مَنْ أَسْلَمَ ۖ وَلَا تَكُونَنَّ مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်ပြောပါလေ။ကျွန်ုပ်သည်’အလ္လာဟ်’အရှင်မြတ်မှတစ်ပါး အခြားတစ်စုံတစ်ယောက်ကို ကိုးကွယ်ရာအရှင်ပြုလုပ်ရမည်လော။ ထိုအရှင်မြတ်သည် မိုးများနှင့်ပထဝီမြေကို စတင်ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် (သူတစ်ပါးတို့ကို)တို့ကို ကျွေးမွေးတော်မူ၏။ အထိုအရျင်မြတ်သည် (သူတစ်ပါး၏)ကျွေးမွေးခြင်းကိုမူကား ခံရတော်မူသည်မဟုတ်ချေ။ (4င်းအပြင်) အသင်ပြောပါလေ။ ကျွန်ုပ်သည်’အစ္စလာမ်’ သာသနာတော်ကို ပထမဆုံးလက်ခံနာယူသူဖြစ်ရန် အမိန့်တော်ကိုမုချရရှိ၏။ ထို့အပြင် အသင်သည် ‘မုရှ်ရစ်က်’ များတွင် အပါအဝင် အလျှင်းမဖြစ်လေနှင့် (ဟုလည်း မြစ်တားတော်မူခြင်းကိုခံရ၏။)
15قُلْ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အချင်းတို့ အကျွန်ုပ်သည် မိမိအသျှင်မြတ်၏ (‘မုစ်လင်မ်’ဖြစ်ရန်နှင့် ရှစ်ရ်က် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်း မပြုရန်)ပညတ်တော်ကို အကယ်၍သာ ဖီဆန်ခဲ့ပါမူ၊ အလွန်ကြီးကျယ်လှသော (ကိယာမတ်ရှင်ပြန်ထမည့်)နေ့၏ ပြစ်ဒဏ် (ခံစားရမည်)ကို ဧကန်စင်စစ် ကြောက်ရွံ့စိုးရိမ်ရပါသည် ဟုပြောကြားပါလေ။
16مَّن يُصْرَفْ عَنْهُ يَوْمَئِذٍ فَقَدْ رَحِمَهُ ۚ وَذَٰلِكَ الْفَوْزُ الْمُبِينُ
မည်သူမဆို ၎င်း၏အပေါ်မှ ထို(ကိယာမတ်ရှင်ပြန်မည့်)နေ့တွင် ယင်းအပြစ်ဒဏ်သည် ဖယ်ရှားခြင်းခံရလျှင် မလွဲဧကန် ထိုအရှင်မြတ်သည် ၎င်း၏အပေါ်ဝယ် အလွန်တရာမျှပင် သနားကြင်နာ ညှာတာ တော်မူပြီး ဖြစ်ချေသည်။အမှန်စင်စစ် ဤ(ကဲ့သို့ အပြစ်ဒဏ်ဖယ်ရှားခြင်းနှင့် သနားကြင်နာမှုကို ခံစားရခြင်း)သည်ပင်လျှင် ထင်ရှားစွာသောအောင်မြင် မှုပင်တည်း။
17وَإِن يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِن يَمْسَسْكَ بِخَيْرٍ فَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းပြင် (အို-လူသား) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်အား (ဤမျက်မှောက် လောကီဘဝ၌ဖြစ်စေ၊ နောင်တမလွန်ဘဝ၌ဖြစ်စေ) ဘေးအန္တရာယ် တစ်စုံတစ်ရာ သင့်စေတော်မူပါလျှင် ထိုအရှင်မြတ်မှတစ်ပါး ယင်းဘေးအန္တရာယ်ကို ကင်းဝေးပပျောက်စေနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ။ အကယ်၍ ထိုအရှင်မြတ်သည် အသင်၌ တစ်စုံတစ်ရာ အကျိုးကျေးဇူးကို ဖြစ်ထွန်းစေတော် မူပါလျှင်လည်း (မည်သူမျှ ထိုကျေးဇူးကို ပျက်ပြားစေနိုင်သူဟူ၍ မရှိချေ၊) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင် သောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
15အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 15

စူရာ အလ်-အန်အာမ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အချင်းတို့ အကျွန်ုပ်သည် မိမိအသျှင်မြတ်၏ (‘မုစ်လင်မ်’ဖြစ်ရန်နှင့် ရှစ်ရ်က် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်း မပြုရန်)ပညတ်တော်ကို…

စူရာ အာယာသ် 15/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers