အလ်-အန်အာမ် · 30/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَلَوْ تَرَىٰ إِذْ وُقِفُوا عَلَىٰ رَبِّهِمْ ۚ قَالَ أَلَيْسَ هَٰذَا بِالْحَقِّ ۚ قَالُوا بَلَىٰ وَرَبِّنَا ۚ قَالَ فَذُوقُوا الْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ ۝٣٠
Wa law taraa iz wuqifoo `alaa Rabbihim; qaala alaisa haazaa bilhaqq; qaaloo balaa wa Rabbinaa; qaala fazooqul `azaaba bimaa kuntum takfuroon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အကယ်၍ အသင်ကြည့်သော်(ကြောက်မက်ဖွယ်အဖြစ်ကိုတွေ့မြင်ရမည်)အကြင် အခါဝယ် ၎င်းတို့သည် မိမိတို့၏အရှင်မြတ်၏ ရှေ့တော် မှောက်ဝယ်ရပ်တန့်စေခြင်းကို ခံကြရလတ္တံ့။ ယင်းအခါဝယ် ထိုအရှင်မြတ်သည် (၎င်းတို့အား) ဤ (ကိယာမတ် ရှင်ပြန်ထ မည့်နေ့)သည်အမှန်ပင်မဟုတ်ပါလောဟု မေးမြန်းတော်မူအံ့။ ထိုအခါ၎င်းတို့က ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ ကစမ် အဟုတ်အမှန် ဖြစ်ပါသည် ဟု ဖြေကြားလတ္တံ့။ ထိုအခါ အရှင်မြတ်က သို့ဖြစ်လျှင် အသင်တို့ သည်မယုံမကြည် ငြင်းပယ်လေ့ရှိခဲ့ကြသည့်အတွက် ပြစ်ဒဏ်ကိုမြည်းစမ်းကြလေကုန်ဟု မိန့်ကြားတော် မူမည်ဖြစ်သည်။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • وُقِفُوا (ဝုကိဖူ) — ရပ်တန့်စေခြင်းခံရသည်၊ ထိန်းသိမ်းခံရသည်၊ တရားစီရင်ခြင်းအတွက် ရပ်စေခြင်းခံရသည်။
  • عَلَىٰ رَبِّهِمْ (အလာ ရဗ်ဗိဟိမ်) — သူတို့၏ အရှင်သခင်ရှေ့တော်မှောက်တွင်။
  • بِالْحَقِّ (ဗိလ်ဟက္က်) — အမှန်တရား၊ ဧကန်မုချ ဖြစ်သောအရာ။
  • بَلَىٰ (ဗလာ) — ဟုတ်ပေသည်၊ မှန်ပေသည် (အတည်ပြုသော စကား)။
  • فَذُوقُوا (ဖဇူးကူး) — သင်တို့ မြည်းစမ်းကြလော့၊ ခံစားကြလော့။
  • تَكْفُرُونَ (တက်က္ဖုရူန) — သင်တို့ ငြင်းပယ်ကြသည်၊ မယုံကြည်ကြသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်သော သူတို့သည် ကိယာမသ်နေ့တွင် သူတို့၏ အရှင်သခင်ရှေ့တော်မှောက်၌ ရပ်တန့်စေခြင်းခံရပြီး စစ်ဆေးမေးမြန်းခြင်းခံရသောအခါ သူတို့၏ အခြေအနေသည် မည်မျှ ဆိုးရွားလှသည်ကို သင်မြင်ခဲ့ရလျှင် အလွန်အံ့သြဖွယ်ကောင်းလိမ့်မည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က သူတို့အား “သင်တို့ လောကတွင် ငြင်းပယ်ခဲ့သော ဤရှင်ပြန်ထမြောက်ခြင်းသည် အမှန်တရား မဟုတ်လော” ဟု မေးမြန်းတော်မူမည်။ သူတို့က “ဟုတ်ပေသည်၊ ကျွန်ုပ်တို့၏ အရှင်သခင်ကို တိုင်တည်၍ ဤအရာသည် ဧကန်မုချ အမှန်တရားပင် ဖြစ်ပါသည်” ဟု ဝန်ခံကြမည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က “သင်တို့သည် လောကတွင် ဤနေ့ကို ငြင်းပယ်ခဲ့ကြသောကြောင့် ယခု ပြစ်ဒဏ်ကို မြည်းစမ်းကြလော့” ဟု မိန့်တော်မူမည်။

ဤအာယသ်တော်သည် ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်သူများ၏ နောက်ဆုံးအခြေအနေကို ထင်ရှားစွာ ဖော်ပြထားပါသည်။ သူတို့သည် လောကတွင် မည်မျှပင် ငြင်းပယ်ခဲ့ကြသော်လည်း ကိယာမသ်နေ့တွင် အမှန်တရားကို မျက်ဝါးထင်ထင် တွေ့မြင်ရသောအခါ မိမိတို့၏ အမှားကို ဝန်ခံရမည်ဖြစ်ပြီး ထိုဝန်ခံမှုသည် သူတို့အား မည်သည့်အကျိုးမျှ မပေးနိုင်တော့ပါ။ ဤသည်ကား လောကတွင် ကုရ်အာန်နှင့် တမန်တော်တို့၏ သတိပေးချက်များကို ဂရုမစိုက်ဘဲ ငြင်းပယ်ခဲ့သူများအတွက် သင်ခန်းစာတစ်ရပ် ဖြစ်ပါသည်။


၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာသို့ ဖိတ်ခေါ်မှု

၁။ **ရှင်ပြန်ထမြောက်ခြင်းသည် ဧ



📜 အာယာသ် 28-32 — စူရာ အလ်-အန်အာမ်

28بَلْ بَدَا لَهُم مَّا كَانُوا يُخْفُونَ مِن قَبْلُ ۖ وَلَوْ رُدُّوا لَعَادُوا لِمَا نُهُوا عَنْهُ وَإِنَّهُمْ لَكَاذِبُونَ
(သို့ရာတွင် ၎င်းတို့သည် အကယ်စင်စစ် မှန်ကန်သော ရည်ရွယ်ချက်နှင့် ဤသို့ ပြောဆိုကြသည်) အလျင်းမဟုတ်ပေ။ စင်စစ်မှာကား ထိုသူတို့သည် ယခင်မူလက မိမိတို့ထိမ်ချန် လျှို့ဝှက်ထား ရှိသမျှတို့(၏အကျိုးအပြစ်များ)သည်ပေါ်လာသည်(ဖြစ်၍ ထိုအပြစ်များမှ လွတ်မြောက်ရုံကာမျှပြောဆိုခြင်းသာဖြစ်ချေသည်။) ၎င်းတို့သည် အကယ်၍သာ(လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းခံကြရပါလျှင်၊ မုချဧကန်ထိုသူတို့သည် မိမိတို့�ားမြစ်ခြင်းခံကြရသော အမှုကိစ္စများကိုထပ်မံ၍ပင် ပြုကြလတ္တံ့။ ထိုသူတို့သည် ဧကန်စင်စစ် မုသားပြောဆိုသူများသာ ဖြစ်ကြကုန် သတည်း။တနည်း။(ထိုမုရှ်ရစ်က်တို့က ထိုကဲ့သို့ ပြောဆိုခြင်း မှာစိတ်စေတနာဖြူစင်စွာဖြင့် ပြောဆိုခြင်း)မဟုတ်၊ သို့ရာတွင်အလျင်က(လူ့လောကတွင်) ၎င်းတို့ထိမ်ချန် လျှို့ဝှက်ခဲ့ကြသောအရာသည် အထင်အရှား ပေါ်လွင်လာချေပြီ(ဖြစ်၍ ယင်းကဲ့သို့ ပြောဆိုကြခြင်းသာဖြစ်သည်)။ အကယ်တန္တု ၎င်းတို့သည်(လူ့လောကသို့) ပြန်လွှတ်ခြင်းခံရပါလျှင် ၎င်းတို့အား တားမြစ်ထားသော အရာများကို မုချပြန်လည် ကျူးလွန်ကြမည် ပင်ဖြစ်သည်။ အမှန်မှာ ထိုသူများသည် မုသား ပြောဆိုသောသူများဖြစ်ကြပေသည်။
29وَقَالُوا إِنْ هِيَ إِلَّا حَيَاتُنَا الدُّنْيَا وَمَا نَحْنُ بِمَبْعُوثِينَ
၎င်းပြင် ထိုသူတို့က အသက်ရှင်ခြင်းကားပစ္စက္ခမျက်မှောက်လောကီဘဝ၌ ငါတို့၏ရှင်ခြင်းသာ ဖြစ်သည်။ အမှန်သော်ကား ငါတို့သည် ရှင်ပြန်ထစေခြင်း ခံကြရမည်မဟုတ်ချေ ဟုပြောဆိုကြသည်။
30وَلَوْ تَرَىٰ إِذْ وُقِفُوا عَلَىٰ رَبِّهِمْ ۚ قَالَ أَلَيْسَ هَٰذَا بِالْحَقِّ ۚ قَالُوا بَلَىٰ وَرَبِّنَا ۚ قَالَ فَذُوقُوا الْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ
(အို-နဗီတမန်တော်) အကယ်၍ အသင်ကြည့်သော်(ကြောက်မက်ဖွယ်အဖြစ်ကိုတွေ့မြင်ရမည်)အကြင် အခါဝယ် ၎င်းတို့သည် မိမိတို့၏အရှင်မြတ်၏ ရှေ့တော် မှောက်ဝယ်ရပ်တန့်စေခြင်းကို ခံကြရလတ္တံ့။ ယင်းအခါဝယ် ထိုအရှင်မြတ်သည် (၎င်းတို့အား) ဤ (ကိယာမတ် ရှင်ပြန်ထ မည့်နေ့)သည်အမှန်ပင်မဟုတ်ပါလောဟု မေးမြန်းတော်မူအံ့။ ထိုအခါ၎င်းတို့က ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ ကစမ် အဟုတ်အမှန် ဖြစ်ပါသည် ဟု ဖြေကြားလတ္တံ့။ ထိုအခါ အရှင်မြတ်က သို့ဖြစ်လျှင် အသင်တို့ သည်မယုံမကြည် ငြင်းပယ်လေ့ရှိခဲ့ကြသည့်အတွက် ပြစ်ဒဏ်ကိုမြည်းစမ်းကြလေကုန်ဟု မိန့်ကြားတော် မူမည်ဖြစ်သည်။(ရကူ)
31قَدْ خَسِرَ الَّذِينَ كَذَّبُوا بِلِقَاءِ اللَّهِ ۖ حَتَّىٰ إِذَا جَاءَتْهُمُ السَّاعَةُ بَغْتَةً قَالُوا يَا حَسْرَتَنَا عَلَىٰ مَا فَرَّطْنَا فِيهَا وَهُمْ يَحْمِلُونَ أَوْزَارَهُمْ عَلَىٰ ظُهُورِهِمْ ۚ أَلَا سَاءَ مَا يَزِرُونَ
အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံကြမည်ကိုမဟုတ်မမှန်ဟု ပြောဆိုကြကုန်သော သူတို့သည် ဧကန်စင်စစ်ဆုံးရှုံးပျက်စီးကြလေပြီ။ (ဤသို့ မဟုတ်မမှန် ပြောဆိုခြင်းသည်ရက် အနည်းငယ်သာဖြစ်မည်) နောက်ဆုံးတွင် ၎င်းတို့ထံထိုကန့်သတ်ပြီးဖြစ်သော အချိန်ကာလ (ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့)သည် ရုတ်တရက်ရှောင်တခင် ရောက်ရှိလာသောအခါ (ထိုသူတို့၏ မဟုတ်မမှန် ပြောဆိုခြင်းသည်ရပ်သွားပေမည်။ ၎င်းပြင်) ထိုသူတို့က ဪ ငါတို့သည်ဤအချိန်နှင့် စပ်လျဉ်း၍ ပေါ့လျော့ ပျက်ကွက်ခဲ့ကြသည်မှာဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရလေခြင်း ဟု ညည်းငြူမြည်တမ်းကြမည်။ ထို့ပြင် ၎င်းတို့သည် (ထိုနေ့တွင်) မိမိတို့(၏ အပြစ်များ)၏ ဝန်ထုပ်များကို မိမိတို့၏ ကျောက်ကုန်းများထက်ဝယ်သည်ပိုးလျှက်ရှိကြမည်။ ၎င်းတို့ သည်ပိုးလျှက်ရှိကြသောအရာများမှာ ဆိုးရွား လှသည်ဟု မှတ်ယူကြလေကုန်။
32وَمَا الْحَيَاةُ الدُّنْيَا إِلَّا لَعِبٌ وَلَهْوٌ ۖ وَلَلدَّارُ الْآخِرَةُ خَيْرٌ لِّلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ
စင်စစ်သော်ကား မျက်မှောက်လောကီဘဝ၏အသက်တာသည် (စိတ်ပြေလက်ပျောက်) ကစားခုန်စားမှုသာဖြစ်၏။ သို့ရာတွင် နောင်တမလွန်ဘဝ၏ ဘုံဗိမာန်သည်ကား(နောင်တမလွန်ဘဝ၌ရှိသောဘုံဗိမာန်သည်ကား)ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူတို့အဖို့ အလွန်ကောင်းပေသည်။အသင် တို့သည် (ဤမျှပင်) နားမလည်ကြလေသလော။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
30အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 30

စူရာ အလ်-အန်အာမ် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အကယ်၍ အသင်ကြည့်သော်(ကြောက်မက်ဖွယ်အဖြစ်ကိုတွေ့မြင်ရမည်)အကြင် အခါဝယ် ၎င်းတို့သည် မိမိတို့၏အရှင်မြတ်၏ ရှေ့တော် မှောက်ဝယ်ရပ်တန့်စေခြင်းကို ခံကြရလတ္တံ့။ ယင်းအခါဝယ်…

စူရာ အာယာသ် 30/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers