အလ်-အန်အာမ် · 35/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَإِن كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ فَإِنِ اسْتَطَعْتَ أَن تَبْتَغِيَ نَفَقًا فِي الْأَرْضِ أَوْ سُلَّمًا فِي السَّمَاءِ فَتَأْتِيَهُم بِآيَةٍ ۚ وَلَوْ شَاءَ اللَّهُ لَجَمَعَهُمْ عَلَى الْهُدَىٰ ۚ فَلَا تَكُونَنَّ مِنَ الْجَاهِلِينَ ۝٣٥
Wa in kaana kabura `alaika i`raaduhum fa inistata`ta an tabtaghiya nafaqan fil ardi aw sullaman fis samaaa`i fataa tiyahum bi Aayah; wa law shaaa`al laahu lajama`ahum `alal hudaa; falaa takoonanna minal jaahileen
📖 မြန်မာဘာသာ
သို့ရာတွင် (အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့၏ လွှဲဖယ်တိမ်းရှောင်သွားခြင်းသည် အသင့် အပေါ်ဝယ်ရင်လေးဖွယ်ဖြစ်နေပါလျှင်၊ အသင်သည် တတ်စွမ်းနိုင်ပါကမြေအောက်တွင် လိုဏ်ခေါင်းတခုခု ကိုဖြစ်စေ၊ မိုးပေါ်သို့(တက်နိုင်ရန်) လှေကားတခုခု ကိုဖြစ်စေ၊ ရှာဖွေပြီးလျှင် ၎င်းတို့အဖို့ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်ကိုယူဆောင်ခဲ့ပါလေ။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါမူ၊ ၎င်းတို့အားလုံးကို တရားလမ်းမှန်ပေါ်၌ တစ်စည်းတစ်လုံးတည်း တည်ရှိစေတော်မူအံ့။ သို့ဖြစ်ပေရာ အသင်သည် အသိဉာဏ်ကင်းမဲ့သောသူတို့တွင် အပါအဝင်မဖြစ်ပါလေနှင့်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 33-37 — စူရာ အလ်-အန်အာမ်

33قَدْ نَعْلَمُ إِنَّهُ لَيَحْزُنُكَ الَّذِي يَقُولُونَ ۖ فَإِنَّهُمْ لَا يُكَذِّبُونَكَ وَلَٰكِنَّ الظَّالِمِينَ بِآيَاتِ اللَّهِ يَجْحَدُونَ
(အို-နဗီတမန်တော်)၎င်းတို့ပြေ�ဆိုသော စကားသည် ဧကန်စင်စစ် အသင့်အား စိတ်ဒုက္ခ ရောက်စေသည်ကိုငါအရှင်မြတ်သည်(ကောင်းစွာ) သိတော်မူသည်။ အမှန်စင်စစ် ယင်းသူတို့သည် အသင့်အား မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြသည် မဟုတ်ချေ။ သို့ရာတွင် မတော်မတရားပြုမူသောသူတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုသာ ငြင်းပယ်နေကြသည်။
34وَلَقَدْ كُذِّبَتْ رُسُلٌ مِّن قَبْلِكَ فَصَبَرُوا عَلَىٰ مَا كُذِّبُوا وَأُوذُوا حَتَّىٰ أَتَاهُمْ نَصْرُنَا ۚ وَلَا مُبَدِّلَ لِكَلِمَاتِ اللَّهِ ۚ وَلَقَدْ جَاءَكَ مِن نَّبَإِ الْمُرْسَلِينَ
၎င်းပြင် မချွတ်ဧကန် အသင့်အလျင် မြောက်မြားစွာသော ရစူလ်တမန်တော်များသည် မဟုတ်မမှန်ဟုငြင်းပယ်ခြင်း ခံခဲ့ကြရလေပြီ။ သို့ရာတွင် ထိုရစူလ်တမန်တော်တို့သည် မိမိတို့အား မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းကိုခံခဲ့ကြရခြင်း အပေါ်၌လည်းကောင်း၊ ဒုက္ခပေးခြင်းကို ခံခဲ့ကြရခြင်းအပေါ်၌လည်းကောင်း၊ သည်းခံခဲ့ကြလေသည်။ နောက်ဆုံးတွင် ငါအရှင်မြတ်၏အကူအညီသည် ထိုရစူလ်တမန်တော်များထံသို့ ရောက်ရှိလာခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်များကို မည်သူမျှပြောင်းလဲနိုင်သည်မဟုတ်ချေ။ စင်စစ်ဧကန် ရစူလ်တမန်တော်တို့၏ အချို့အကြောင်းသတင်းများသည် အသင့်ထံရောက်ရှိလာခဲ့ပြီးဖြစ်၏။
35وَإِن كَانَ كَبُرَ عَلَيْكَ إِعْرَاضُهُمْ فَإِنِ اسْتَطَعْتَ أَن تَبْتَغِيَ نَفَقًا فِي الْأَرْضِ أَوْ سُلَّمًا فِي السَّمَاءِ فَتَأْتِيَهُم بِآيَةٍ ۚ وَلَوْ شَاءَ اللَّهُ لَجَمَعَهُمْ عَلَى الْهُدَىٰ ۚ فَلَا تَكُونَنَّ مِنَ الْجَاهِلِينَ
သို့ရာတွင် (အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့၏ လွှဲဖယ်တိမ်းရှောင်သွားခြင်းသည် အသင့် အပေါ်ဝယ်ရင်လေးဖွယ်ဖြစ်နေပါလျှင်၊ အသင်သည် တတ်စွမ်းနိုင်ပါကမြေအောက်တွင် လိုဏ်ခေါင်းတခုခု ကိုဖြစ်စေ၊ မိုးပေါ်သို့(တက်နိုင်ရန်) လှေကားတခုခု ကိုဖြစ်စေ၊ ရှာဖွေပြီးလျှင် ၎င်းတို့အဖို့ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်ကိုယူဆောင်ခဲ့ပါလေ။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါမူ၊ ၎င်းတို့အားလုံးကို တရားလမ်းမှန်ပေါ်၌ တစ်စည်းတစ်လုံးတည်း တည်ရှိစေတော်မူအံ့။ သို့ဖြစ်ပေရာ အသင်သည် အသိဉာဏ်ကင်းမဲ့သောသူတို့တွင် အပါအဝင်မဖြစ်ပါလေနှင့်။
36۞ إِنَّمَا يَسْتَجِيبُ الَّذِينَ يَسْمَعُونَ ۘ وَالْمَوْتَىٰ يَبْعَثُهُمُ اللَّهُ ثُمَّ إِلَيْهِ يُرْجَعُونَ
(စိတ်စေတနာ ဖြူစင်စွာဖြင့် တရားကို) နားထောင်သောသူများသာလျှင် တရားကို လက်ခံနာယူကြပေသည်။ အမှန်စင်စစ် သူသေတို့မူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ရှင်ပြန်ထစေတော်မူမည်။ ထို့နောက်၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင် ပြန်သွားကြရမည်။
37وَقَالُوا لَوْلَا نُزِّلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ ۚ قُلْ إِنَّ اللَّهَ قَادِرٌ عَلَىٰ أَن يُنَزِّلَ آيَةً وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
၎င်းပြင် ထိုသူတို့က(အကယ်၍သာ မုဟမ္မဒ်သည် နဗီတမန်တော်ဖြစ်ခဲ့ပါလျှင်) ၎င်း၏အရှင်မြတ် ထံတော်မှ ၎င်းထံသို့ ပြာဋိဟာတစ်ရပ်ရပ်သည် မည်သည့်အတွက်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆိုကြလေသည်။ (အိုနဗီတမန်တော်အသင်သည် ထိုသူတို့ အား ဤသို့) ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့တောင်းဆိုသော)တန်ခိုး ပြာဋိဟာကို ချပေးနိုင်စွမ်းရှိတော်မူ သောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် ထိုသူတို့အနက်မှ များစွာသော သူတို့သည် (ဤသည်ကိုပင်) မသိကြချေ။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
35အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 35

စူရာ အလ်-အန်အာမ် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် (အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့၏ လွှဲဖယ်တိမ်းရှောင်သွားခြင်းသည် အသင့် အပေါ်ဝယ်ရင်လေးဖွယ်ဖြစ်နေပါလျှင်၊ အသင်သည် တတ်စွမ်းနိုင်ပါကမြေအောက်တွင် လိုဏ်ခေါင်းတခုခု…

စူရာ အာယာသ် 35/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers