အလ်-အန်အာမ် · 40/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قُلْ أَرَأَيْتَكُمْ إِنْ أَتَاكُمْ عَذَابُ اللَّهِ أَوْ أَتَتْكُمُ السَّاعَةُ أَغَيْرَ اللَّهِ تَدْعُونَ إِن كُنتُمْ صَادِقِينَ ۝٤٠
Qaul ara`aytakum in ataakum `azaabul laahi aw atatkumus Saa`atu a-ghairal laahi tad`oona in kuntum saadiqeen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့) ပြောဆိုပါလေ။ အသင်တို့ ပြောပြကြ ကုန်၊ အကယ်၍အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်သည် အသင်တို့၏အပေါ်၌ကျရောက်လာခဲ့သည်ရှိသော်၊ သို့တည်းမဟုတ် ကိယာမတ်(ရှင်ပြန်ထမည့်နေ့)သည် အသင်တို့ထံ ဆိုက်ရောက်လာခဲ့သည်ရှိသော် (ထိုကဲ့သို့သော အချိန်ကာလမျိုး၌လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး (မိမိတို့ ကိုယ်တိုင် ဘုရားအဖြစ် ပြုလုပ် ကိုးကွယ်ကြကုန် သော) အခြားအရာများကိုပင်ဟစ်ခေါ်ကြမည်လော။ အသင်တို့ မှန်ကန်သောသူများဖြစ်ကြပါလျှင် (ထိုသို့သောအချိန်မျိုးတွင်လည်း အလ္လာဟ်ရှင်မြတ် အားစွန့်လွှတ်၍ မိမိတို့၏ ကိုးကွယ်ရာများကိုသာ ဟစ်ခေါ်သင့်ပေသည်)။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • أَرَأَيْتَكُمْ (အာရာအိုက်တုမ်): “ကျွန်ုပ်ကို ပြောပြပါ” သို့မဟုတ် “သင်တို့ ပြောပြကြပါ” ဟု အဓိပ္ပာယ်ရသည်။
  • عَذَابُ اللَّهِ (အဇာဗုလ္လာဟ်): အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်။
  • السَّاعَةُ (ဆာအာ): ကိယာမသ်ခေါ် ရှင်ပြန်ထမည့်နေ့။
  • تَدْعُونَ (တဒ်အူန): သင်တို့ ခေါ်ဆိုတောင်းဆိုကြသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ်၊ ဤရုပ်တုကိုးကွယ်သူများအား ပြောပြပါ - “သင်တို့ ပြောပြကြပါ။ အကယ်၍ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်သည် သင်တို့အပေါ်သို့ ရောက်လာခဲ့လျှင်၊ သို့မဟုတ် ရှင်ပြန်ထမည့်နေ့သည် သင်တို့ထံ ရောက်လာခဲ့လျှင်၊ သင်တို့ထံ ရောက်လာသော ဘေးဒုက္ခကို ဖယ်ရှားပေးရန် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသူကို သင်တို့ ခေါ်ဆိုတောင်းဆိုကြမည်လော။ အကယ်၍ သင်တို့သည် မိမိတို့ကိုးကွယ်သော ရုပ်တုများသည် အကျိုးပေးနိုင်သည် သို့မဟုတ် ဘေးအန္တရာယ်ကို ဖယ်ရှားနိုင်သည်ဟု ဆိုကြသည့်အတိုင်း မှန်ကန်သူများဖြစ်ကြပါလျှင် (ထိုရုပ်တုများကို ခေါ်ဆိုကြပါလေ)။”

ဤအာယသ်တော်သည် ရုပ်တုကိုးကွယ်သူများ၏ အယူအဆကို စိန်ခေါ်ထားခြင်းဖြစ်သည်။ သူတို့သည် ပုံမှန်အခြေအနေတွင် ရုပ်တုများကို ကိုးကွယ်ကြသော်လည်း၊ ကြီးမားသော ဘေးဒုက္ခများ သို့မဟုတ် ကိယာမသ်နေ့ ရောက်လာသောအခါ၊ မည်သူကမျှ ကူညီနိုင်မည်မဟုတ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ ကယ်တင်နိုင်သူဖြစ်ကြောင်း သူတို့ကိုယ်တိုင် သိရှိကြသည်။ ထို့ကြောင့် ထိုအချိန်တွင် သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ခေါ်ဆိုကြမည်ဖြစ်သည်။ ဤအချက်က ရုပ်တုများသည် အမှန်တကယ် အကျိုးမပေးနိုင်ကြောင်း ထင်ရှားစေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာသို့ ဖိတ်ခေါ်မှု
  • အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်းသော ကိုးကွယ်ရာဖြစ်ကြောင်း သိရှိစေသည်။ ဘေးဒုက္ခရောက်ချိန်တွင် မည်သည့်ရုပ်တု၊ မည်သည့်လူသားကမျှ မကူညီနိုင်ဘဲ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ ကယ်တင်နိုင်သူဖြစ်သည်။
  • လူသားတို့သည် မိမိတို့၏ အားနည်းချက်ကို သိရှိပြီး မာန်မာနကို စွန့်လွှတ်ကာ အလ္လာဟ်အရှင်မြတ်ထံ ပြန်လည်ချဉ်းကပ်သင့်သည်။
  • အစ္စလာမ်ဘာသာသည် လူသားတို့အား အမှန်တရားကိ


📜 အာယာသ် 38-42 — စူရာ အလ်-အန်အာမ်

38وَمَا مِن دَابَّةٍ فِي الْأَرْضِ وَلَا طَائِرٍ يَطِيرُ بِجَنَاحَيْهِ إِلَّا أُمَمٌ أَمْثَالُكُم ۚ مَّا فَرَّطْنَا فِي الْكِتَابِ مِن شَيْءٍ ۚ ثُمَّ إِلَىٰ رَبِّهِمْ يُحْشَرُونَ
၎င်းနောက် ပထဝီမြေဝယ် ရှိရှိသမျှသော သက်ရှိအပေါင်းတို့သည်လည်းကောင်း၊ မိမိတို့ တောင်ပံ နှစ်ဖက်ဖြင့်ပျံသန်းလျက်ရှိသော ငှက်တိရိစ္ဆာန် ပေါင်းတို့သည်လည်းကောင်း၊ အသင်တို့ကဲ့သို့ အုပ်စုများပင် ဖြစ်ကြပေသည်။ ငါအရှင်မြတ်သည် (မိမိမှတ်တမ်း) စာအုပ်တွင် တစုံတရာကိုမျှချန်လှပ်ထားတော်မူသည်မရှိချေ။ ထို့နောက် ၎င်းတို့အားလုံးသည် မိမိ၏ အရှင်မြတ်အထံတော်၌ပင် စုရုံးစေခြင်းကို ခံကြရ�ေမည်။
39وَالَّذِينَ كَذَّبُوا بِآيَاتِنَا صُمٌّ وَبُكْمٌ فِي الظُّلُمَاتِ ۗ مَن يَشَإِ اللَّهُ يُضْلِلْهُ وَمَن يَشَأْ يَجْعَلْهُ عَلَىٰ صِرَاطٍ مُّسْتَقِيمٍ
စင်စစ် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သော သူတို့ကား နားပင်းသူများနှင့် ဆွံ့အသူများပင်ဖြစ်ကြကုန်၏။ အမှောင်အမျိုးမျိုးတွင်(တဝဲလည်လည်)ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည်မိမိ အလိုရှိတော်မူသောသူအား (အမှန်တရားကိုသွေဖည်မှုကြောင့်) လမ်းလွဲ၌ပင် ရှိစေတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိတော်မူသော သူအား (မိမိ၏ကျေးဇူးတော်ဖြင့်) ဖြောင့်မတ် မှန်ကန်သောတရားလမ်းပေါ်၌ တည်စေတော်မူ၏။
40قُلْ أَرَأَيْتَكُمْ إِنْ أَتَاكُمْ عَذَابُ اللَّهِ أَوْ أَتَتْكُمُ السَّاعَةُ أَغَيْرَ اللَّهِ تَدْعُونَ إِن كُنتُمْ صَادِقِينَ
(အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့) ပြောဆိုပါလေ။ အသင်တို့ ပြောပြကြ ကုန်၊ အကယ်၍အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်သည် အသင်တို့၏အပေါ်၌ကျရောက်လာခဲ့သည်ရှိသော်၊ သို့တည်းမဟုတ် ကိယာမတ်(ရှင်ပြန်ထမည့်နေ့)သည် အသင်တို့ထံ ဆိုက်ရောက်လာခဲ့သည်ရှိသော် (ထိုကဲ့သို့သော အချိန်ကာလမျိုး၌လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး (မိမိတို့ ကိုယ်တိုင် ဘုရားအဖြစ် ပြုလုပ် ကိုးကွယ်ကြကုန် သော) အခြားအရာများကိုပင်ဟစ်ခေါ်ကြမည်လော။ အသင်တို့ မှန်ကန်သောသူများဖြစ်ကြပါလျှင် (ထိုသို့သောအချိန်မျိုးတွင်လည်း အလ္လာဟ်ရှင်မြတ် အားစွန့်လွှတ်၍ မိမိတို့၏ ကိုးကွယ်ရာများကိုသာ ဟစ်ခေါ်သင့်ပေသည်)။
41بَلْ إِيَّاهُ تَدْعُونَ فَيَكْشِفُ مَا تَدْعُونَ إِلَيْهِ إِن شَاءَ وَتَنسَوْنَ مَا تُشْرِكُونَ
(ဤသို့) အလျင်းမဟုတ်ပေ၊ အမှန်စင်စစ်သော်ကား(ယင်းကဲ့သို့သောအချိန်အခါမျိုးတွင်)အသင်တို့သည်အထူးသဖြင့်(တစ်ဆူတည်းသော)ထိုအရှင်မြတ်ကိုသာလျှင် ဟစ်ခေါ်ကြပေမည်။ ၎င်း နောက် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိခဲ့ပါလျှင်၊ အကြင်(ဘေးအန္တရာယ်)ကိုလည်း ဖယ်ရှားတော်မူအံ့၊ထိုအရာ (ဘေးအန္တရာယ်ကိုဖယ်ရှားရန်)အတွက် အသင်တို့သည် (ထိုအရှင်မြတ်ကို) ဟစ်ခေါ်ကြကုန်၏။ ၎င်းပြင်(ထိုအခါဝယ်) အသင်တို့သည်လည်း မိမိတို့ (ယခု)တွဲဖက်(ကိုးကွယ်နေ)ကြကုန်သော အရာများကို မေ့ပျောက်သွားကြလတ္တံ့။ (ရကူ)
42وَلَقَدْ أَرْسَلْنَا إِلَىٰ أُمَمٍ مِّن قَبْلِكَ فَأَخَذْنَاهُم بِالْبَأْسَاءِ وَالضَّرَّاءِ لَعَلَّهُمْ يَتَضَرَّعُونَ
(အို-နဗီတမန်တော်) မချွတ်မလွဲ ငါအရှင်မြတ်သည် အသင့်အလျင် ရှိခဲ့ကြကုန်သောလူမျိုး များတို့ထံသို့လည်း(ရစူလ်တမန်တော်များကို) စေလွှတ်တော်မူခဲ့လေသည်။ ထို့နောက် (ယင်းလူမျိုးတို့သည် ထိုတမန်တော်များအား သွေဖည်ငြင်းပယ် ခဲ့ကြလေရာ) ငါအရှင်မြတ်သည် ယင်းသူတို့၌ဆင်းရဲဒုက္ဓများနှင့် ရောဂါဝေဒနာများ ဆိုက်ရောက်စေ တော်မူခဲ့လေသည်။ သို့မှသာလျှင် ထိုသူများသည် ကျိုးနွံကြပေမည်။ (နောင်တ တရားရရှိကြပေမည်။)
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
40အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 40

စူရာ အလ်-အန်အာမ် အာယာသ် 40 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့) ပြောဆိုပါလေ။ အသင်တို့ ပြောပြကြ ကုန်၊ အကယ်၍အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်သည် အသင်တို့၏အပေါ်၌ကျရောက်လာခဲ့သည်ရှိသော်၊…

စူရာ အာယာသ် 40/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 38–42. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers