အလ်-အန်အာမ် · 39/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَالَّذِينَ كَذَّبُوا بِآيَاتِنَا صُمٌّ وَبُكْمٌ فِي الظُّلُمَاتِ ۗ مَن يَشَإِ اللَّهُ يُضْلِلْهُ وَمَن يَشَأْ يَجْعَلْهُ عَلَىٰ صِرَاطٍ مُّسْتَقِيمٍ ۝٣٩
Wallazeena kazzaboo bi Aayaatinaa summunw wa bukmun fiz zulumaat; mai yasha il laahu yudlilh; wa mai yashaa yaj`alhu `alaa Siraatim Mustaqeem
📖 မြန်မာဘာသာ
စင်စစ် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သော သူတို့ကား နားပင်းသူများနှင့် ဆွံ့အသူများပင်ဖြစ်ကြကုန်၏။ အမှောင်အမျိုးမျိုးတွင်(တဝဲလည်လည်)ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည်မိမိ အလိုရှိတော်မူသောသူအား (အမှန်တရားကိုသွေဖည်မှုကြောင့်) လမ်းလွဲ၌ပင် ရှိစေတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိတော်မူသော သူအား (မိမိ၏ကျေးဇူးတော်ဖြင့်) ဖြောင့်မတ် မှန်ကန်သောတရားလမ်းပေါ်၌ တည်စေတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ

  • صُمٌّ (ဆွမ်မွန်) — နားပင်းသူများ။ ဤနေရာတွင် အကျိုးရှိသောအရာကို မကြားနိုင်သူများကို ဆိုလိုသည်။
  • بُكْمٌ (ဗုကမွန်) — စကားမပြောနိုင်သူများ၊ ဆွံ့အသူများ။ ဤနေရာတွင် အမှန်တရားကို မပြောဆိုနိုင်သူများကို ဆိုလိုသည်။
  • الظُّلُمَاتِ (အဇ်ဇုလုမာသ်) — အမှောင်ထုများ။ ဤနေရာတွင် လမ်းမှားမှု၊ မောဟအမှောင်ထုများကို ဆိုလိုသည်။
  • يُضْلِلْهُ (ယုဒ်လိလ်ဟု) — သူ့ကို လမ်းမှားစေတော်မူသည်။
  • صِرَاطٍ مُّسْتَقِيمٍ (ဆွိရာသွင်မုစ်သကီမ်) — ဖြောင့်မတ်သောလမ်း၊ ကွေးကောက်မှုမရှိသော တည့်ဖြောင့်သောလမ်း။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ငါအရှင်မြတ်၏ သက်သေလက္ခဏာများနှင့် အာယသ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသောသူများသည် နားပင်းသူများကဲ့သို့ဖြစ်ကြသည်။ သူတို့သည် မိမိတို့အတွက် အကျိုးရှိမည့်အရာများကို မကြားနိုင်ကြပေ။ ထို့အပြင် သူတို့သည် ဆွံ့အသူများကဲ့သို့လည်းဖြစ်ကြသည်။ အမှန်တရားကို မပြောဆိုနိုင်ကြပေ။ သူတို့သည် မောဟအမှောင်ထုများအတွင်း၌ လမ်းပျောက်နေကြရသည်။ ထိုသို့သောအခြေအနေမျိုးတွင် ရှိနေသူသည် မည်သို့လမ်းမှန်ကို ရရှိနိုင်မည်နည်း။ အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကို လမ်းမှားစေလိုတော်မူလျှင် သူ့ကို လမ်းမှားစေတော်မူသည်။ မည်သူ့ကို လမ်းမှန်ရရှိစေလိုတော်မူလျှင် သူ့ကို ကွေးကောက်မှုမရှိသော ဖြောင့်မတ်သည့်လမ်းပေါ်တွင် ထားရှိတော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ငြင်းပယ်ခြင်းသည် လူတစ်ဦးကို နားပင်းခြင်း၊ ဆွံ့အခြင်းနှင့် အမှောင်ထုအတွင်း လမ်းပျောက်ခြင်းသို့ ပို့ဆောင်နိုင်သည်ကို သိရှိစေသည်။
  • လမ်းမှန်ရရှိခြင်းနှင့် လမ်းမှားခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်နှင့် စီမံခန့်ခွဲမှုအောက်တွင်ရှိကြောင်း နားလည်စေသည်။
  • အရှင်မြတ်သည် ဖြောင့်မတ်သောလမ်းကို ရှာဖွေလိုသူများအတွက် ထိုလမ်းကို ဖွင့်လှစ်ပေးတော်မူကြောင်း သိရှိစေသည်။
  • ဤအာယသ်တော်သည် လူသားများအား အမှန်တရားကို နားထောင်ရန်၊ လက်ခံရန်နှင့် ဖြောင့်မတ်သောလမ်းကို လိုက်လျှောက်ရန် အားပေးနှိုးဆော်ထားသည်။
  • အလ္လာဟ်အရှင်မြတ


📜 အာယာသ် 37-41 — စူရာ အလ်-အန်အာမ်

37وَقَالُوا لَوْلَا نُزِّلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ ۚ قُلْ إِنَّ اللَّهَ قَادِرٌ عَلَىٰ أَن يُنَزِّلَ آيَةً وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
၎င်းပြင် ထိုသူတို့က(အကယ်၍သာ မုဟမ္မဒ်သည် နဗီတမန်တော်ဖြစ်ခဲ့ပါလျှင်) ၎င်း၏အရှင်မြတ် ထံတော်မှ ၎င်းထံသို့ ပြာဋိဟာတစ်ရပ်ရပ်သည် မည်သည့်အတွက်ကြောင့် မကျရောက်ပါသနည်းဟု ပြောဆိုကြလေသည်။ (အိုနဗီတမန်တော်အသင်သည် ထိုသူတို့ အား ဤသို့) ပြောကြားပါလေ။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုသူတို့တောင်းဆိုသော)တန်ခိုး ပြာဋိဟာကို ချပေးနိုင်စွမ်းရှိတော်မူ သောအရှင်မြတ် ဖြစ်တော်မူ၏။ သို့ရာတွင် ထိုသူတို့အနက်မှ များစွာသော သူတို့သည် (ဤသည်ကိုပင်) မသိကြချေ။
38وَمَا مِن دَابَّةٍ فِي الْأَرْضِ وَلَا طَائِرٍ يَطِيرُ بِجَنَاحَيْهِ إِلَّا أُمَمٌ أَمْثَالُكُم ۚ مَّا فَرَّطْنَا فِي الْكِتَابِ مِن شَيْءٍ ۚ ثُمَّ إِلَىٰ رَبِّهِمْ يُحْشَرُونَ
၎င်းနောက် ပထဝီမြေဝယ် ရှိရှိသမျှသော သက်ရှိအပေါင်းတို့သည်လည်းကောင်း၊ မိမိတို့ တောင်ပံ နှစ်ဖက်ဖြင့်ပျံသန်းလျက်ရှိသော ငှက်တိရိစ္ဆာန် ပေါင်းတို့သည်လည်းကောင်း၊ အသင်တို့ကဲ့သို့ အုပ်စုများပင် ဖြစ်ကြပေသည်။ ငါအရှင်မြတ်သည် (မိမိမှတ်တမ်း) စာအုပ်တွင် တစုံတရာကိုမျှချန်လှပ်ထားတော်မူသည်မရှိချေ။ ထို့နောက် ၎င်းတို့အားလုံးသည် မိမိ၏ အရှင်မြတ်အထံတော်၌ပင် စုရုံးစေခြင်းကို ခံကြရ�ေမည်။
39وَالَّذِينَ كَذَّبُوا بِآيَاتِنَا صُمٌّ وَبُكْمٌ فِي الظُّلُمَاتِ ۗ مَن يَشَإِ اللَّهُ يُضْلِلْهُ وَمَن يَشَأْ يَجْعَلْهُ عَلَىٰ صِرَاطٍ مُّسْتَقِيمٍ
စင်စစ် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သော သူတို့ကား နားပင်းသူများနှင့် ဆွံ့အသူများပင်ဖြစ်ကြကုန်၏။ အမှောင်အမျိုးမျိုးတွင်(တဝဲလည်လည်)ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည်မိမိ အလိုရှိတော်မူသောသူအား (အမှန်တရားကိုသွေဖည်မှုကြောင့်) လမ်းလွဲ၌ပင် ရှိစေတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိတော်မူသော သူအား (မိမိ၏ကျေးဇူးတော်ဖြင့်) ဖြောင့်မတ် မှန်ကန်သောတရားလမ်းပေါ်၌ တည်စေတော်မူ၏။
40قُلْ أَرَأَيْتَكُمْ إِنْ أَتَاكُمْ عَذَابُ اللَّهِ أَوْ أَتَتْكُمُ السَّاعَةُ أَغَيْرَ اللَّهِ تَدْعُونَ إِن كُنتُمْ صَادِقِينَ
(အို-နဗီတမန်တော်) အသင်သည်(ထိုသူတို့ အားဤသို့) ပြောဆိုပါလေ။ အသင်တို့ ပြောပြကြ ကုန်၊ အကယ်၍အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်သည် အသင်တို့၏အပေါ်၌ကျရောက်လာခဲ့သည်ရှိသော်၊ သို့တည်းမဟုတ် ကိယာမတ်(ရှင်ပြန်ထမည့်နေ့)သည် အသင်တို့ထံ ဆိုက်ရောက်လာခဲ့သည်ရှိသော် (ထိုကဲ့သို့သော အချိန်ကာလမျိုး၌လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး (မိမိတို့ ကိုယ်တိုင် ဘုရားအဖြစ် ပြုလုပ် ကိုးကွယ်ကြကုန် သော) အခြားအရာများကိုပင်ဟစ်ခေါ်ကြမည်လော။ အသင်တို့ မှန်ကန်သောသူများဖြစ်ကြပါလျှင် (ထိုသို့သောအချိန်မျိုးတွင်လည်း အလ္လာဟ်ရှင်မြတ် အားစွန့်လွှတ်၍ မိမိတို့၏ ကိုးကွယ်ရာများကိုသာ ဟစ်ခေါ်သင့်ပေသည်)။
41بَلْ إِيَّاهُ تَدْعُونَ فَيَكْشِفُ مَا تَدْعُونَ إِلَيْهِ إِن شَاءَ وَتَنسَوْنَ مَا تُشْرِكُونَ
(ဤသို့) အလျင်းမဟုတ်ပေ၊ အမှန်စင်စစ်သော်ကား(ယင်းကဲ့သို့သောအချိန်အခါမျိုးတွင်)အသင်တို့သည်အထူးသဖြင့်(တစ်ဆူတည်းသော)ထိုအရှင်မြတ်ကိုသာလျှင် ဟစ်ခေါ်ကြပေမည်။ ၎င်း နောက် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိခဲ့ပါလျှင်၊ အကြင်(ဘေးအန္တရာယ်)ကိုလည်း ဖယ်ရှားတော်မူအံ့၊ထိုအရာ (ဘေးအန္တရာယ်ကိုဖယ်ရှားရန်)အတွက် အသင်တို့သည် (ထိုအရှင်မြတ်ကို) ဟစ်ခေါ်ကြကုန်၏။ ၎င်းပြင်(ထိုအခါဝယ်) အသင်တို့သည်လည်း မိမိတို့ (ယခု)တွဲဖက်(ကိုးကွယ်နေ)ကြကုန်သော အရာများကို မေ့ပျောက်သွားကြလတ္တံ့။ (ရကူ)
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
39အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 39

စူရာ အလ်-အန်အာမ် အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သော သူတို့ကား နားပင်းသူများနှင့် ဆွံ့အသူများပင်ဖြစ်ကြကုန်၏။ အမှောင်အမျိုးမျိုးတွင်(တဝဲလည်လည်)ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည်မိမိ…

စူရာ အာယာသ် 39/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers