အလ်-အာအ်ရာဖ် · 183/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ ۝١٨٣
Wa umlee lahum; inna kaidee mateen
📖 မြန်မာဘာသာ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား (ကာလကြာမြင့်စွာ) ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏။ ဧကန်စင်စစ် ငါအရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုသည် အလွန်ခိုင်ခံ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 181-185 — စူရာ အလ်-အာအ်ရာဖ်

181وَمِمَّنْ خَلَقْنَا أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ
၎င်းပြင် ငါအရှင်မြတ် ဖန်ဆင်းတော်မူသောသူတို့တွင် မှန်ကန်သော တရားဓမ္မနှင့်အညီ လမ်းညွှန်ကြသည့်ပြင်မိမိတို့ကိုယ်တိုင်လည်း ထိုတရားဓမ္မနှင့်အညီ(လိုက်နာ)စီရင်ဆုံးဖြတ်သော လူတစ်စုသည် ရှိကြကုန်၏။(ရကူ)
182وَالَّذِينَ كَذَّبُوا بِآيَاتِنَا سَنَسْتَدْرِجُهُم مِّنْ حَيْثُ لَا يَعْلَمُونَ
၎င်းပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား (ဂျဟန္နမ်ဘက်သို့)ထိုသူတို့မသိသောနည်းဖြင့် တဖြည်းဖြည်း ဆွဲယူတော်မူအံ့။
183وَأُمْلِي لَهُمْ ۚ إِنَّ كَيْدِي مَتِينٌ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား (ကာလကြာမြင့်စွာ) ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏။ ဧကန်စင်စစ် ငါအရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုသည် အလွန်ခိုင်ခံ့လေသတည်း။
184أَوَلَمْ يَتَفَكَّرُوا ۗ مَا بِصَاحِبِهِم مِّن جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ مُّبِينٌ
၎င်းတို့သည် မိမိတို့၏အဖော် (နဗီတမန်တော်မုဟမ္မဒ်သခင်) ၌ရူးသွပ်ခြင်းသည် လုံးဝမရှိကြောင်း၊ ၎င်းသည်ထင်ရှားစွာသော အသိပေးနှိုးဆော်သူ တစ်ဦးသာလျှင်ဖြစ်ကြောင်း ကောင်းမွန်စွာ ဆင်ခြင်သုံးသပ်ခဲ့ကြသည် မရှိလေသလော။
185أَوَلَمْ يَنظُرُوا فِي مَلَكُوتِ السَّمَاوَاتِ وَالْأَرْضِ وَمَا خَلَقَ اللَّهُ مِن شَيْءٍ وَأَنْ عَسَىٰ أَن يَكُونَ قَدِ اقْتَرَبَ أَجَلُهُمْ ۖ فَبِأَيِّ حَدِيثٍ بَعْدَهُ يُؤْمِنُونَ
ထိုသူတို့သည် မိုးကောင်းကင်များနှင့် ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူသော (သက်ရှိသက်မဲ့)အရာဝတ္ထု အလုံးစုံတို့ကိုလည်းကောင်း၊ မိမိတို့ (သေဆုံးရန်)သတ်မှတ်ထား ပြီးဖြစ်သောကာလ အပိုင်းအခြားသည် နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊ မတွေးမမြင်မဆင်ခြင် မသုံးသပ်ကြလေသလော။ ၎င်းတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက် မည်သည့်စကားကို ယုံကြည်ကြပါဦးမည်နည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
183အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 183

စူရာ အလ်-အာအ်ရာဖ် အာယာသ် 183 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား (ကာလကြာမြင့်စွာ) ရွှေ့ဆိုင်းခွင့်ပေးတော်မူ၏။ ဧကန်စင်စစ် ငါအရှင်မြတ်၏ လျှို့ဝှက်စွာ ကြံစည်မှုသည် အလွန်ခိုင်ခံ့လေသတည်း။

စူရာ အာယာသ် 183/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 181–185. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers