La sourate Al-Balad en Birmane
ငါအရှင်မြတ်သည် ဤ(မက္ကဟ်) မြို့တော်ကို သက်သေထူတော်မူ၏။ |
စင်စစ် အသင်သည် ဤ(မက္ကဟ်)မြို့တော်၌ ဝင်ခွင့်ပြုခြင်း ခံရပေမည်။ |
၎င်းပြင် (ငါအရှင်မြတ်သည်) ဖခင်ကိုလည်းကောင်း၊ ထိုဖခင်က မွေးဖွားသည့်(သားသမီး)ကို လည်းကောင်း၊ သက်သေထူတော်မူ၏။ |
မုချဧကန် ငါအရှင်မြတ်သည် လူကို(ကြီးကျယ်သော) ပင်ပန်းမှု၌ (ပင်ပန်းသောဘဝ၌) ဖန်ဆင်းတော်မူခဲ့၏။ |
ထိုလူသည် မိမိအပေါ်၌ မည်သူတစ်ဦးတစ်ယောက်မျှပင် အလျှင်းတတ်စွမ်းနိုင်မည် မဟုတ်ဟု ထင်မှတ်လေသလော။ |
၎င်းက ကျွန်ုပ်သည် မြောက်မြားစွာသော ပစ္စည်းဥစ္စာကို သုံးဖြုန်းခဲ့သည်ဟု (ဝါကြွား)ပြောဆိုလေ၏။ |
၎င်းသည် မိမိအား မည်သူတစ်ဦးတစ်ယောက်မျှပင် မြင်ခဲ့သည် မဟုတ်ဟူ၍ ထင်မှတ်လေသလော။ |
ငါအရှင်မြတ်သည် ၎င်းအား မျက်စိနှစ်လုံးကိုပြုလုပ်၍ ပေးသနားတော်မူခဲ့သည် မဟုတ်ပါလော။ |
ထို့ပြင် လျှာတစ်ခုကိုလည်းကောင်း၊ နှုတ်ခမ်းနှစ်ခုကိုလည်းကောင်း၊ (ပြုလုပ်ပေးသနားတော်မမူခဲ့ ပါသလော)။ |
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား (အကောင်းအဆိုး) လမ်းနှစ်သွယ်ကို ညွှန်ပြတော်မူခဲ့ပေသတည်း။ |
သို့ပါလျက် ထိုလူသားသည် တောင်ကြား လမ်းကိုဖြတ်ကူးခဲ့သည် မဟုတ်ပေ။ |
စင်စစ် တောင်ကြားလမ်းသည် အဘယ်နည်း၊ အသင် သိပါသလော။ |
فَكُّ رَقَبَةٍ(13) ကျွန် တစ်ဦးတစ်ယောက်အား (ကျွန်ဘဝမှ)လွတ်မြောက်စေခြင်းပင်။ |
သို့တည်းမဟုတ် ငတ်မွတ်သောနေ့တွင် ကျွေးမွေးခြင်းပင်။ |
ဆွေမျိုးနီးစပ်ဖြစ်သော ဘမဲ့ကလေးသူငယ် တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း။ |
မြေကြီးပေါ် လူးလိမ့်နေသော ဒုက္ခိတသူဆင်းရဲ တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း။ |
ثُمَّ كَانَ مِنَ الَّذِينَ آمَنُوا وَتَوَاصَوْا بِالصَّبْرِ وَتَوَاصَوْا بِالْمَرْحَمَةِ(17) ထို့နောက် အကြင်သူတို့တွင် ပါဝင်ခြင်းပင်၊ ထိုသူတို့သည် "အီမာန်" သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အချင်းချင်း တစ်ဦး ကိုတစ်ဦး သည်းခံကြရန် လေးနက်စွာ ဆုံးမခဲ့ကြကုန်၏။ ထိုနည်းတူစွာ အချင်းချင်း တစ်ဦးကိုတစ်ဦး ကရုဏာတရားထားရှိကြရန်လည်း လေးနက်စွာ ဆုံးမခဲ့ကြကုန်၏။ |
ထိုသူတို့ကား လက်ယာဘက်သားများပင် ဖြစ်ကြကုန်၏။ |
وَالَّذِينَ كَفَرُوا بِآيَاتِنَا هُمْ أَصْحَابُ الْمَشْأَمَةِ(19) သို့ရာတွင် အကြင်သူတို့သည် ငါအရှင်မြတ်၏အာယတ်တော်များကို သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထိုသူတို့ကား လက်ဝဲဘက်သားများပင် ဖြစ်ကြကုန်၏။ |
၎င်းတို့အပေါ်၌ ပိတ်လှောင်ထားသော ဖုံးအုပ်ထားသော မီးသည် လွှမ်းခြုံလျက်ပင် ရှိချေအံ့သတည်း။ |
Plus de sourates en Birmane :
Téléchargez la sourate avec la voix des récitants du Coran les plus célèbres :
Téléchargez le fichier mp3 de la sourate Al-Balad : choisissez le récitateur pour écouter et télécharger la sourate Al-Balad complète en haute qualité.















Donnez-nous une invitation valide