အက်ရှ်-ရှမ်စ် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အက်ရှ်-ရှမ်စ် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (15 အာယာသ် — مكية). အက်ရှ်-ရှမ်စ် နားထောင်, အက်ရှ်-ရှမ်စ် ဘာသာပြန်, အက်ရှ်-ရှမ်စ် mp3, အက်ရှ်-ရှမ်စ် pdf.

အက်ရှ်-ရှမ်စ် စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
وَالشَّمْسِ وَضُحَاهَا ۝١
📖 ဘာသာပြန် အာယာသ် 1
(ငါ အရှင်မြတ်သည်) နေကိုလည်းကောင်း၊ ထိုနေ၏အလင်းရောင်၊ အလင်းရောင်တက်ချိန်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
وَالْقَمَرِ إِذَا تَلَاهَا ۝٢
📖 ဘာသာပြန် အာယာသ် 2
ထို့ပြင် (ငါအရှင်မြတ်သည်) လစန္ဒာကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုလစန္ဒာသည် ယင်းနေ၏နောက်မှလိုက်၏။
وَالنَّهَارِ إِذَا جَلَّاهَا ۝٣
📖 ဘာသာပြန် အာယာသ် 3
၎င်းပြင် (ငါအရှင်မြတ်သည်)နေ့ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုနေ့သည် ယင်းနေကို လင်းဝင်းစေ၏။
وَاللَّيْلِ إِذَا يَغْشَاهَا ۝٤
📖 ဘာသာပြန် အာယာသ် 4
ထို့ပြင် (ငါအရှင်မြတ်သည်) ညဉ့်ကိုသက် သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညဉ့်သည် ယင်းနေကို ဖုံးလွှမ်းလေ၏။
وَالسَّمَاءِ وَمَا بَنَاهَا ۝٥
📖 ဘာသာပြန် အာယာသ် 5
ထို့ပြင် (ငါအရှင်မြတ်သည်) မိုးကောင်းကင်ကိုလည်းကောင်း၊ ထိုမိုးကောင်းကင်ကို ပြုလုပ်ဖန်ဆင်း တော်မူသောအရှင်ကိုလည်းကောင်း၊ သက်သေ ထူတော်မူ၏။
وَالْأَرْضِ وَمَا طَحَاهَا ۝٦
📖 ဘာသာပြန် အာယာသ် 6
ထို့ပြင် (ငါအရှင်မြတ်သည်)ပထဝီမြေကို လည်းကောင်း၊ ထိုပထဝီမြေကို ဖြန့်ခင်းတော်မူသော အရှင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
وَنَفْسٍ وَمَا سَوَّاهَا ۝٧
📖 ဘာသာပြန် အာယာသ် 7
ထိုမှတစ်ပါး အသက်ဇီဝိန်ကိုလည်းကောင်း၊ ထိုအသက်ဇီဝိန်ကို စုံလင်အောင် ပြုလုပ်တော်မူသော အရှင်ကိုလည်းကောင်း၊ သက်သေထူတော်မူ၏။
فَأَلْهَمَهَا فُجُورَهَا وَتَقْوَاهَا ۝٨
📖 ဘာသာပြန် အာယာသ် 8
တဖန် ထိုအရှင်မြတ်သည် ထိုအသက်ဇီဝိန်တွင်းဝယ် ထိုအသက်ဇီဝိန်၏ ပြစ်မှုဒုစရိုက်(၏အသိ) ကိုလည်းကောင်း၊ ကောင်းမှုသုစရိုက်(၏အသိ)ကို လည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့၏။
قَدْ أَفْلَحَ مَن زَكَّاهَا ۝٩
📖 ဘာသာပြန် အာယာသ် 9
စင်စစ်ဧကန် ထိုအသက်ဇီဝိန်ကို သပ္ပာယ ဖြစ်အောင် စင်ကြယ် သန့်ရှင်းစေခဲ့သောသူသည် အောင်မြင်ခဲ့လေပြီ။
وَقَدْ خَابَ مَن دَسَّاهَا ۝١٠
📖 ဘာသာပြန် အာယာသ် 10
သို့ရာတွင် ထိုအသက်ဇီဝိန်ကို(ဒုစရိုက်မှုများတွင်) နစ်မြုပ်စေခဲ့သော သူသည် ပျက်စီးဆုံးရှုံးခဲ့ ချေပြီတကား။
كَذَّبَتْ ثَمُودُ بِطَغْوَاهَا ۝١١
📖 ဘာသာပြန် အာယာသ် 11
ဆမူဒ်" အမျိုးသားတို့သည် မိမိတို့၏ ဆိုးသွမ်းမှုကြောင့် (နဗီတမန်တော် ဆွာလစ်ဟ်အား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြကုန်၏။
إِذِ انبَعَثَ أَشْقَاهَا ۝١٢
📖 ဘာသာပြန် အာယာသ် 12
အကြင်အခါဝယ် ၎င်းတို့အနက်မှ အယုတ်မာဆုံးသောသူသည် အရှိန်နှင့်ထွက်ပေါ်လာခဲ့၏။
فَقَالَ لَهُمْ رَسُولُ اللَّهِ نَاقَةَ اللَّهِ وَسُقْيَاهَا ۝١٣
📖 ဘာသာပြန် အာယာသ် 13
ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွာလစ်ဟ်)က ၎င်းတို့အား(အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မကို (သတ်ဖြတ်ခြင်းမှ)လည်းကောင်း၊ ထိုကုလားအုတ်မ ရေသောက်ခြင်းကို (တားမြစ်ခြင်းမှ)လည်းကောင်း၊ (ရှောင်ကြဉ်ကြလေကုန်ဟု) ပြောကြား(သတိပေး)ခဲ့လေ၏။
فَكَذَّبُوهُ فَعَقَرُوهَا فَدَمْدَمَ عَلَيْهِمْ رَبُّهُم بِذَنبِهِمْ فَسَوَّاهَا ۝١٤
📖 ဘာသာပြန် အာယာသ် 14
သို့ရာတွင် ထို "ဆမူဒ်" အမျိုးသားတို့သည်(အလ္လာဟ်အရှင်မြတ်၏) ထိုရစူလ်တမန်တော်အား မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ပြီးနောက် ထိုကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်းတို့၏အပေါ်၌ ၎င်းတို့၏ပြစ်မှုများကြောင့် ပြစ်ဒဏ်ကို စီရင်တော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုပြစ်ဒဏ်ကို အားလုံးနှင့် သက်ဆိုင်စေတော်မူခဲ့၏။ (အားလုံးအပေါ်သို့ ပျံ့နှံ့သက်ရောက်စေတော်မူခဲ့လေသည်)။
وَلَا يَخَافُ عُقْبَاهَا ۝١٥
📖 ဘာသာပြန် အာယာသ် 15
စင်စစ် ထိုအရှင်မြတ်သည် ထိုပြစ်ဒဏ်၏နောက်ဆက်(ဖြစ်ပေါ်လာမည့် တုံ့ပြန်မှု၊ ဒဏ်ပြန်မှု)ကို အလျင်းစိုးရိမ်တော်မူသည် မဟုတ်ပေတကား။
← 90 အက်ရှ်-ရှမ်စ် (91/114) 92 →
ဖတ်ရန် အက်ရှ်-ရှမ်စ် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

91الشمس Ash-Shams 📚 15 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အက်ရှ်-ရှမ်စ် စူရာ — 15 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers