ယူနူစ် · 76/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِندِنَا قَالُوا إِنَّ هَٰذَا لَسِحْرٌ مُّبِينٌ ۝٧٦
Falammaa jaaa`ahumul haqqu min `indinaa qaalooo inna haazaa lasihrum mubeen
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ ၎င်း တို့ထံ ငါအရှင်မြတ် အထံတော်မှ အမှန်တရား (တန်ခိုးပြာဋိဟာ)သည် ရောက်လာသောအခါ၎င်း တို့က ဤသည် ဧကန်မလွဲ စုန်းပယောဂ အတတ်ပင်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 74-78 — စူရာ ယူနူစ်

74ثُمَّ بَعَثْنَا مِن بَعْدِهِ رُسُلًا إِلَىٰ قَوْمِهِمْ فَجَاءُوهُم بِالْبَيِّنَاتِ فَمَا كَانُوا لِيُؤْمِنُوا بِمَا كَذَّبُوا بِهِ مِن قَبْلُ ۚ كَذَٰلِكَ نَطْبَعُ عَلَىٰ قُلُوبِ الْمُعْتَدِينَ
ထို့နောက် ငါအရှင်မြတ်သည် ထို(နဗီတမန်တော်)နူးဟ် မရှိသည့်နောက်တွင်(အခြားသော)ရစူလ်တမန်တော်များကို ထိုရစူလ်တမန်တော်များ၏ အမျိုးသားများထံစေလွှတ်တော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များသည် ၎င်း တို့ထံ ထင်ရှားစွာသော သက်သေသာဓကများကိုယူဆောင်လာခဲ့ကြလေသည်။ သို့ရာတွင်(ယခုသော်) ထိုအမျိုးသားများသည် မိမိတို့ရှေးဦးမဆွက မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသောကြောင့် ယုံကြည်ကြရန် မဖြစ်တော့ပေ။ ငါအရှင်မြတ်သည် စည်းကမ်းကျူး လွန်သောသူတို့၏ စိတ်နှလုံးပေါ်တွင်ဤအတိုင်းပင် တံဆိပ်ခတ်နှိပ်တော်မူလေ့ ရှိပေသတည်း။
75ثُمَّ بَعَثْنَا مِن بَعْدِهِم مُّوسَىٰ وَهَارُونَ إِلَىٰ فِرْعَوْنَ وَمَلَئِهِ بِآيَاتِنَا فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُّجْرِمِينَ
ထို့နောက် ငါအရှင်မြတ်သည် ထိုရစူလ် တမန်တော်များ မရှိသည့်နောက်တွင် (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်)ဟာရွန် အားလည်းကောင်း၊ငါအင်မြတ်၏ သက်သေ လက္ခဏာတော်များနှင့်တကွ ဖစ်ရ်အောင်န်နှင့် ၎င်း ၏အကြီးအကဲများထံသို့ စေလွှတ်တော်မူခဲ့လေသည်။ သို့သော် ၎င်း တို့သည် မောက်မာပလွှားခဲ့ကြလေသည်။ စင်စစ်သော်ကား ၎င်း တို့သည် ပြစ်မှုကျူးလွန်လေ့ရှိသော အမျိုးသားများ ဖြစ်ခဲ့ကြကုန်သတည်း။
76فَلَمَّا جَاءَهُمُ الْحَقُّ مِنْ عِندِنَا قَالُوا إِنَّ هَٰذَا لَسِحْرٌ مُّبِينٌ
သို့ဖြစ်ပေရာ ၎င်း တို့ထံ ငါအရှင်မြတ် အထံတော်မှ အမှန်တရား (တန်ခိုးပြာဋိဟာ)သည် ရောက်လာသောအခါ၎င်း တို့က ဤသည် ဧကန်မလွဲ စုန်းပယောဂ အတတ်ပင်ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြလေသတည်း။
77قَالَ مُوسَىٰ أَتَقُولُونَ لِلْحَقِّ لَمَّا جَاءَكُمْ ۖ أَسِحْرٌ هَٰذَا وَلَا يُفْلِحُ السَّاحِرُونَ
(ထိုအခါ နဗီတမန်တော်)မူစာက (ဤသို့) ပြောဆိုဖြေကြားခဲ့လေသည်။ (ဟယ်-အချင်းတို့) အသင်တို့သည်အမှန်တရားနှင့်စပ်လျဉ်း၍ ထိုအမှန်တရားသည် အသင်တို့ထံရောက်လာခဲ့ပြီးမှ (ဤသည် စုန်းပယောဂဖြစ်သည်ဟ)ုပြောဆိုကြလေသလော။ ဤသည် စုန်းပယောဂအတတ် ဖြစ်ပါသလော။ အမှန်စင်စစ် သော်ကား စုန်းကဝေတို့သည် (မည်သည့်အခါမျှ) အောင်မြင်ကြသည် မရှိချေတကား။
78قَالُوا أَجِئْتَنَا لِتَلْفِتَنَا عَمَّا وَجَدْنَا عَلَيْهِ آبَاءَنَا وَتَكُونَ لَكُمَا الْكِبْرِيَاءُ فِي الْأَرْضِ وَمَا نَحْنُ لَكُمَا بِمُؤْمِنِينَ
၎င်း တို့က (နဗီတမန်တော်မူစာအား ဤသို့)ပြောဆိုကြပြန်လေသည်။ (အို-မူစာ) အသင်သည် ကျွန်ုပ်တို့၏အဖ၊ ဘိုး၊ ဘေးများ၏လမ်းစဉ်မှ ကျွန်ုပ်တို့အား လွှဲဖယ်ရန်လည်းကောင်း၊ တိုင်းပြည်တွင် ခေါင်းဆောင်မှုသည် အသင်တို့နှစ်ဦး၌သာ ရှိအံ့သော ငှာလည်းကောင်း၊ အသင် ကျွန်ုပ်တို့ထံရောက်ရှိခဲ့လေသလော။ စင်စစ်သော်ကား ကျွန်ုပ်တို့သည်အသင်တို့နှစ်ဦးအား(မည်သည့်အခါ၌မျှ) ယုံစား ကြမည့်သူများမဟုတ်ချေ။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
76အာယာသ်

ဘာသာပြန် — ယူနူစ် 76

စူရာ ယူနူစ် အာယာသ် 76 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ ၎င်း တို့ထံ ငါအရှင်မြတ် အထံတော်မှ အမှန်တရား (တန်ခိုးပြာဋိဟာ)သည် ရောက်လာသောအခါ၎င်း တို့က ဤသည်…

စူရာ အာယာသ် 76/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 74–78. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers