وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَاخْتُلِفَ فِيهِ ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِيَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِي شَكٍّ مِّنْهُ مُرِيبٍ ١١٠
🔤 Transliteration
Wa laqad aatainaa Moosal Kitaaba fakhtulifa feeh; wa law laa Kalimatun sabaqat mir Rabbika laqudiya bainahum; wa innahum lafee shakkim minhu mureeb
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ သို့ရာတွင် ထိုကျမ်းဂန် နှင့်စပ်လျဉ်း၍(လည်း)အကွဲအလွဲဖြစ်ခဲ့ရလေသည်။ စင်စစ်သော်ကား အကယ်၍သာအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ အမိန့်တော် တစ်ရပ်သည် မူလကပင် မရှိခဲ့ပါလျှင် ၎င်းတို့၏စပ်ကြားတွင် စီရင်ဆုံးဖြတ်ခဲ့မည်မှာ ဧကန်မလွဲ အမှန်သော်ကား ၎င်းတို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမြဲတစေယုံမှားသံသယဖြစ်စေသော ဒွိဟ၌ အမှန်ပင် ရှိနေကြကုန်၏။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ် آتَيْنَا (အာသိုင်နာ) — ငါအရှင်မြတ်သည် ပေးသနားတော်မူခဲ့သည်။الْكِتَابَ (အလ်ကီသာဗ) — ကျမ်းတော်၊ ဤနေရာတွင် တောင်ရသ်ကျမ်း (التوراة ) ကို ဆိုလိုသည်။فَاخْتُلِفَ فِيهِ (ဖခ်သုလိဖာ ဖီဟိ) — ထိုကျမ်းနှင့် ပတ်သက်၍ လူတို့သည် ကွဲပြားခဲ့ကြသည်။ အချို့က ယုံကြည်သည်၊ အချို့က ငြင်းပယ်သည်။كَلِمَةٌ سَبَقَتْ مِن رَّبِّكَ (ကလီမသွန် ဆဗကသ် မිန် ရဗ္ဗိက) — သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ကြိုတင်ဆုံးဖြတ်ထားတော်မူသော စကားတော်၊ ဆိုလိုသည်မှာ အပြစ်ဒဏ်ကို ဤဘဝတွင် ချက်ချင်းမပေးဘဲ ရွှေ့ဆိုင်းထားတော်မူခြင်းဖြစ်သည်။لَقُضِيَ بَيْنَهُمْ (လကူဒိယာ ဗိုင်နဟွမ်) — သူတို့အကြား စီရင်ဆုံးဖြတ်ခြင်း ခံရမည်၊ ဆိုလိုသည်မှာ ငြင်းပယ်သူများ ဖျက်ဆီးခံရပြီး ယုံကြည်သူများ ကယ်တင်ခံရမည်။شَكٍّ (ရှက္က်) — သံသယ၊ ယုံမှားမှု။مُرِيبٍ (မုရီဗ်) — စိတ်ကို မငြိမ်မသက်ဖြစ်စေသော၊ စိုးရိမ်ပူပန်မှု ဖြစ်စေသော သံသယ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ငါအရှင်မြတ်သည် တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) အား တောင်ရသ်ကျမ်းတော်ကို ပေးသနားတော်မူခဲ့သည်။ သို့သော် သူ၏ လူမျိုးများသည် ထိုကျမ်းနှင့် ပတ်သက်၍ ကွဲပြားခဲ့ကြသည်။ အချို့က ယုံကြည်လက်ခံကြပြီး အချို့က ငြင်းပယ်ကြသည်။ ဤသည်မှာ အို တမန်တော်မုဟမ္မဒ်၊ သင့်လူမျိုးများက ကုရ်အာန်ကျမ်းတော်နှင့် ပတ်သက်၍ ပြုမူကြသည့်အတိုင်းပင် ဖြစ်သည်။
အကယ်၍ သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ "အပြစ်ဒဏ်ကို ဤလောကတွင် ချက်ချင်းမပေးဘဲ ကိယာမသ်နေ့အထိ ရွှေ့ဆိုင်းထားမည်" ဟူသော စကားတော် ကြိုတင်မရှိခဲ့လျှင် သူတို့အကြား ချက်ချင်း စီရင်ဆုံးဖြတ်ခံရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ငြင်းပယ်သူများ ဤလောကတွင်ပင် ဖျက်ဆီးခံရပြီး ယုံကြည်သူများ ကယ်တင်ခံရမည် ဖြစ်သည်။
ထို့ပြင် ဤသံသယရှင်များ — ယဟူဒီများနှင့် ရုပ်တုကိုးကွယ်သူများ — သည် ဤကုရ်အာန်ကျမ်းတော်နှင့် ပတ်သက်၍ စိတ်ကို မငြိမ်မသက်ဖြစ်စေသော၊ စိုးရိမ်ပူပန်မှု ဖြစ်စေသော သံသယ
وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَٱخۡتُلِفَ فِيهِۚ وَلَوۡلَا كَلِمَةٌ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡۚ وَإِنَّهُمۡ لَفِي شَكٍّ مِّنۡهُ مُرِيبٍ ١١٠
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ သို့ရာတွင် ထိုကျမ်းဂန် နှင့်စပ်လျဉ်း၍(လည်း)အကွဲအလွဲဖြစ်ခဲ့ရလေသည်။ စင်စစ်သော်ကား အကယ်၍သာအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ အမိန့်တော် တစ်ရပ်သည် မူလကပင် မရှိခဲ့ပါလျှင် ၎င်းတို့၏စပ်ကြားတွင် စီရင်ဆုံးဖြတ်ခဲ့မည်မှာ ဧကန်မလွဲ အမှန်သော်ကား ၎င်းတို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမြဲတစေယုံမှားသံသယဖြစ်စေသော ဒွိဟ၌ အမှန်ပင် ရှိနေကြကုန်၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 108-112 — စူရာ ဟူဒ်
108 ۞ وَأَمَّا الَّذِينَ سُعِدُوا فَفِي الْجَنَّةِ خَالِدِينَ فِيهَا مَا دَامَتِ السَّمَاوَاتُ وَالْأَرْضُ إِلَّا مَا شَاءَ رَبُّكَ ۖ عَطَاءً غَيْرَ مَجْذُوذٍ
သို့ရာတွင် အကြောင်းလှသောသူတို့မှာမူကားဂျန္နတ်အမတသုခဘုံ၌ ရှိကြပေမည်။ (၎င်းတို့သည်) မိုးကောင်းကင်များနှင့်ပထဝီမြေသည် တည်ရှိနေသမျှကာလပတ်လုံး ထိုဂျန္နတ်အမတသုခဘုံတွင် အသင်၏အရှင်မြတ် အလိုတော်ရှိတော်မူခဲ့သည်မှတစ်ပါး ထာဝစဉ်နေထိုင်သူများအဖြစ် စံမြန်းကြပေမည်။ (ဤဆုကျေးဇူး) ချီးမြှင့်တော်မူခြင်းကား အဆက်မပြတ် ချီးမြှင့်တော်မူခြင်းပင်တည်း။
109 فَلَا تَكُ فِي مِرْيَةٍ مِّمَّا يَعْبُدُ هَٰؤُلَاءِ ۚ مَا يَعْبُدُونَ إِلَّا كَمَا يَعْبُدُ آبَاؤُهُم مِّن قَبْلُ ۚ وَإِنَّا لَمُوَفُّوهُمْ نَصِيبَهُمْ غَيْرَ مَنقُوصٍ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည်ဤသူများ ဆည်းကပ်ကိုးကွယ်သောအရာ များနှင့်စပ်လျဉ်း၍ဒွိဟသံသယ မဖြစ်ပါလေနှင့်။ (စင်စစ်သော်ကား)၎င်းတို့သည်မိမိတို့အဖ ဘိုးဘေး များအလျင်က ဆည်းကပ်ကိုးကွယ်လျက်ရှိခဲ့ကြသည့်နည်းတူ ကိုးကွယ်ဆည်းကပ်နေကြသည်ပင်။ ထို့ပြင်ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ ဝေစုဝေပုံကို ယုတ်လျော့စေခြင်းမရှိစေဘဲ အပြည့်ပေးတော်မူမည်ဖြစ်ပေသတည်း။
110 وَلَقَدْ آتَيْنَا مُوسَى الْكِتَابَ فَاخْتُلِفَ فِيهِ ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِيَ بَيْنَهُمْ ۚ وَإِنَّهُمْ لَفِي شَكٍّ مِّنْهُ مُرِيبٍ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ သို့ရာတွင် ထိုကျမ်းဂန် နှင့်စပ်လျဉ်း၍(လည်း)အကွဲအလွဲဖြစ်ခဲ့ရလေသည်။ စင်စစ်သော်ကား အကယ်၍သာအသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ အမိန့်တော် တစ်ရပ်သည် မူလကပင် မရှိခဲ့ပါလျှင် ၎င်းတို့၏စပ်ကြားတွင် စီရင်ဆုံးဖြတ်ခဲ့မည်မှာ ဧကန်မလွဲ အမှန်သော်ကား ၎င်းတို့သည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမြဲတစေယုံမှားသံသယဖြစ်စေသော ဒွိဟ၌ အမှန်ပင် ရှိနေကြကုန်၏။
111 وَإِنَّ كُلًّا لَّمَّا لَيُوَفِّيَنَّهُمْ رَبُّكَ أَعْمَالَهُمْ ۚ إِنَّهُ بِمَا يَعْمَلُونَ خَبِيرٌ
၎င်းပြင် (ထိုသူတို့အနက်) အသီးသီးတို့သည်အကြင်သူများပင် အသင့်အား ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် အချိန်ကျရောက်သောအခါ ထိုသူတို့၏ အပြုအမူများ(၏အစား)ကို အပြည့်ပေးတော်မူမည်။ ဧကန်အမှန်ထိုအရှင်မြတ်သည် ၎င်းတို့ ပြုမူကြသည်တို့ကို အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
112 فَاسْتَقِمْ كَمَا أُمِرْتَ وَمَن تَابَ مَعَكَ وَلَا تَطْغَوْا ۚ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ
သို့ဖြစ်ပေရာ အသင်သည်လည်းကောင်း၊ ဝန်ချတောင်းပန်ပြီး အသင်နှင့်အတူရှိနေသူများသည် လည်းကောင်း၊အသင့်အမိန့်တော် ကျရောက်သည့်အတိုင်း ဖြောင့်မတ်တည်ကြည်စွာရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ကျူးလွန်ခြင်းမပြုကြ ကုန်လင့်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ကောင်းစွာ မြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — ဟူဒ် 110 စူရာ ဟူဒ် အာယာသ် 110 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်(နဗီတမန်တော်)မူစာအား ကျမ်းဂန်ကိုချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။ သို့ရာတွင် ထိုကျမ်းဂန် နှင့်စပ်လျဉ်း၍(လည်း)အကွဲအလွဲဖြစ်ခဲ့ရလေသည်။ စင်စစ်သော်ကား အကယ်၍သာအသင့်အား…
စူရာ အာယာသ် 110/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 108–112. မြန်မာဘာသာ: ภาษาไทย.