အန်-နဟ်လ် · 15/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَأَلْقَىٰ فِي الْأَرْضِ رَوَاسِيَ أَن تَمِيدَ بِكُمْ وَأَنْهَارًا وَسُبُلًا لَّعَلَّكُمْ تَهْتَدُونَ ۝١٥
Wa alqaa fil ardi rawaasiya an tameeda bikum wa anhaaranw wa sublulal la `allakum tahtadoon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေ၌၊ထိုပထဝီမြေသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်း ယိုင်)ခြင်းမပြုရန်၊(ကျောက်ဆူးများကို)တောင်များကို ချထားတော်မူခဲ့လေသည်။ ထို့ပြင် အသင်တို့ လမ်းရှာ၍တွေ့အံ့သောငှာ မြစ်ချောင်းများကို လည်းကောင်း၊ (ပြုလုပ်တော်မူခဲ့လေသည်)။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္ဘာမြေပြင်တွင် လှုပ်ရှားမတည်ငြိမ်မှုမဖြစ်စေရန် ခိုင်မြဲစွာနစ်မြုပ်ထားသော တောင်ကြီးများ၊ မြစ်ချောင်းများနှင့် လမ်းများကို ဖန်ဆင်းထားတော်မူခြင်း။

၂။ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေပြင်ပေါ်တွင် လေးလံခိုင်ခံ့သော တောင်ကြီးများကို စိုက်ထူထားတော်မူခဲ့သည်။ ထိုတောင်ကြီးများသည် မြေပြင်ကို ခိုင်မြဲစေပြီး သင်တို့နှင့်အတူ လှုပ်ရှားယိမ်းယိုင်မှုမဖြစ်စေရန် တည်ငြိမ်စေသည်။ ထို့ပြင် မြစ်ချောင်းများကိုလည်း ဖန်ဆင်းထားတော်မူခဲ့သည်။ ထိုမြစ်ရေများမှ သင်တို့သောက်သုံးနိုင်ပြီး သီးနှံများနှင့် တိရစ္ဆာန်များကိုလည်း ရေကျွေးနိုင်သည်။ ထို့အပြင် လမ်းများကိုလည်း ဖန်ဆင်းထားတော်မူခဲ့သည်။ ထိုလမ်းများအတိုင်း သွားလာခြင်းဖြင့် သင်တို့သည် မိမိတို့သွားလိုရာနေရာများသို့ လမ်းမှန်ကိုရောက်ရှိပြီး လမ်းမှားခြင်းမှ ကင်းဝေးနိုင်ကြသည်။

၃။ ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ ကြီးမားလှသော ဂရုဏာတော်နှင့် ဖန်ဆင်းနိုင်စွမ်းကို ဖော်ပြသည်။ လူသားတို့သည် ဤကမ္ဘာမြေပေါ်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်၊ ရေရရှိရန်၊ သွားလာလှုပ်ရှားနိုင်ရန် အရှင်မြတ်က အစီအစဉ်တကျ ဖန်ဆင်းပေးထားတော်မူခြင်းဖြစ်သည်။ ဤအရာများကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ကို သိရှိယုံကြည်ခြင်း၊ ကိုးကွယ်ခြင်းနှင့် ကျေးဇူးတင်ခြင်းသို့ ရောက်ရှိနိုင်သည်။ အစ္စလာမ်သာသနာသည် လူသားတို့၏ လောကီဘဝနှင့် နောင်တမလွန်ဘဝကို ပြုပြင်ပေးသော သာသနာဖြစ်ပြီး ဤအာယသ်တော်က ဖန်ဆင်းရှင်ကို သိရှိရန် လမ်းညွှန်ပြသပေးသည်။



📜 အာယာသ် 13-17 — စူရာ အန်-နဟ်လ်

13وَمَا ذَرَأَ لَكُمْ فِي الْأَرْضِ مُخْتَلِفًا أَلْوَانُهُ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِّقَوْمٍ يَذَّكَّرُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထဝီမြေ၌ ဖန်ဆင်းထားတော်မူသော အရာများကိုလည်း(အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။) ထိုအရာဝတ္ထုများ၏ အသွေးအရောင် (မျိုး၊မည်၊ ရသာ ရနံ့စသည်တို့မှာတစ်ခုနှင့်တစ်ခု မတူ) ကွဲပြားခြားနားလျက်ပင် ရှိကြပေသည်။မုချဧကန်ဤသည်၌ တရားကျကြသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိချေသတည်း။
14وَهُوَ الَّذِي سَخَّرَ الْبَحْرَ لِتَأْكُلُوا مِنْهُ لَحْمًا طَرِيًّا وَتَسْتَخْرِجُوا مِنْهُ حِلْيَةً تَلْبَسُونَهَا وَتَرَى الْفُلْكَ مَوَاخِرَ فِيهِ وَلِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အကြင်ရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာကို အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ လတ်ဆတ်သောအသားကိုစားသုံးကြအံ့ သောငှာလည်းကောင်း၊ အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ မိမိတို့ဆင်ယင်ကြကုန်သောလက်ဝတ်လက်စားတန်ဆာများကို ထုတ်ယူ(ဆင်ယင်သုံးစွဲ) ကြအံ့သောငှာလည်းကောင်း၊ နိုင်နင်းစေတော်မူခဲ့၏။ ၎င်းအပြင်အသင်သည် သင်္ဘောများကို ထိုပင်လယ်သမုဒ္ဒရာ၌ ရေကိုခွဲ၍သွားလာလျက်ရှိကြသည်ကို တွေ့မြင်ရလေသည်။ ထိုမှတပါးအသင်တို့သည် (ပင်လယ်ခရီးဖြင့် ကူးလူးဆက်ဆံသွားလာခြင်းအားဖြင့်) ထိုအရှင်မြတ်၏ကျေးဇူးတော်(တည်းဟူသော စီးပွားဥစ္စာ)ကို ရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များကို သိတတ်ကြအံ့သောငှာလည်းကောင်း၊ (ထိုပင်လယ်သမုဒ္ဒရာကို နိုင်နင်းစေတော်မူခဲ့ပေသည်)။
15وَأَلْقَىٰ فِي الْأَرْضِ رَوَاسِيَ أَن تَمِيدَ بِكُمْ وَأَنْهَارًا وَسُبُلًا لَّعَلَّكُمْ تَهْتَدُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေ၌၊ထိုပထဝီမြေသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်း ယိုင်)ခြင်းမပြုရန်၊(ကျောက်ဆူးများကို)တောင်များကို ချထားတော်မူခဲ့လေသည်။ ထို့ပြင် အသင်တို့ လမ်းရှာ၍တွေ့အံ့သောငှာ မြစ်ချောင်းများကို လည်းကောင်း၊ (ပြုလုပ်တော်မူခဲ့လေသည်)။
16وَعَلَامَاتٍ ۚ وَبِالنَّجْمِ هُمْ يَهْتَدُونَ
၎င်းပြင် အမှတ်သညာမှတ်တိုင်များကိုလည်း(ပြုလုပ်တော်မူခဲ့၏)။ ထို့ပြင် ကြယ်နက္ခတ်များဖြင့်လည်း(လူတို့သည်) လမ်းများကို ရှာတွေ့ကြကုန်၏။
17أَفَمَن يَخْلُقُ كَمَن لَّا يَخْلُقُ ۗ أَفَلَا تَذَكَّرُونَ
သို့ပါလျက် ဖန်ဆင်းတော်မူသော အရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ မဖန်ဆင်းနိုင်သော သူကဲ့သို့ ဖြစ်တော်မူပါမည်လော။ သို့ပါလျက် အသင်တို့သည် (ဤမျှပင်) သတိမရကြလေသသလော။ (နားမလည်ကြလေသလော)။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
15အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 15

စူရာ အန်-နဟ်လ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေ၌၊ထိုပထဝီမြေသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်း ယိုင်)ခြင်းမပြုရန်၊(ကျောက်ဆူးများကို)တောင်များကို ချထားတော်မူခဲ့လေသည်။ ထို့ပြင် အသင်တို့ လမ်းရှာ၍တွေ့အံ့သောငှာ…

စူရာ အာယာသ် 15/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers