အလ်-အစ်ရာ · 100/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
قُل لَّوْ أَنتُمْ تَمْلِكُونَ خَزَائِنَ رَحْمَةِ رَبِّي إِذًا لَّأَمْسَكْتُمْ خَشْيَةَ الْإِنفَاقِ ۚ وَكَانَ الْإِنسَانُ قَتُورًا ۝١٠٠
Qul law antum tamlikoona khazaaa`ina rahmati Rabbeee izal la amsaktum khash yatal infaaq; wa kaanal insaanu qatooraa
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ အကယ်၍သာ အသင်တို့သည် ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်၏ဘဏ္ဍာတော်များကို ပိုင်ဆိုင်ကြသည်ရှိသော်၊ အမှန်ပင် (ယင်းဘဏ္ဍာတော်များ) သုံးစွဲ၍ ကုန်ဆုံးသွားမည်ကိုစိုး၍ အသင်တို့စေးနှဲကြပေမည်။ စင်စစ် လူသားတို့သည် အလွန်စေးနှဲတွန့်တိုသူများပင် ဖြစ်ကြကုန်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
  • خَزَائِنَ : ဘဏ္ဍာတိုက်များ၊ သိုလှောင်ရာ ဌာနများ။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ရိက္ခာပေးသနားမှုတို့ကို ဆိုလိုသည်။
  • رَحْمَةِ رَبِّي : ကျွန်ုပ်၏ အရှင်မြတ်၏ ကရုဏာတော်။
  • لَّأَمْسَكْتُمْ : အကယ်၍ သင်တို့သည် ချုပ်တည်းထားကြမည်၊ မပေးကြမည်။
  • خَشْيَةَ الْإِنفَاقِ : ကုန်ခန်းသွားမည်ကို ကြောက်ရွံ့ခြင်း။
  • قَتُورًا : အလွန်တရာ စေးနှဲသော၊ လောဘကြီးသော၊ မပေးလှူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်၊ ဤအရှင်မြတ်ကို ငြင်းပယ်သူများအား ပြောလိုက်ပါ - အကယ်၍ သင်တို့သည် ကျွန်ုပ်၏ အရှင်မြတ်၏ ကရုဏာတော် ဘဏ္ဍာတိုက်များကို ပိုင်ဆိုင်ကြမည်ဆိုလျှင်၊ ထိုဘဏ္ဍာတိုက်များသည် မည်သည့်အခါမျှ ကုန်ခန်းမည်မဟုတ်၊ ကုန်ဆုံးမည်မဟုတ်သော်လည်း၊ သင်တို့သည် ကုန်ခန်းသွားမည်ကို ကြောက်ရွံ့သောကြောင့် သူတစ်ပါးအား ပေးလှူခြင်းမှ ချုပ်တည်းထားကြမည်သာ ဖြစ်သည်။ အမှန်စင်စစ် လူသားသည် အလွန်တရာ စေးနှဲသော သဘာဝရှိသည်။ သို့သော် အီမာန်ယုံကြည်မှုဖြင့် အလ္လာဟ်အရှင်မြတ် ထိန်းသိမ်းစောင့်ရှောက်တော်မူသော သူများမှအပ၊ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဆုလာဘ်တော်ကို မျှော်လင့်လျက် ရက်ရက်ရောရော ပေးလှူကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ရိက္ခာပေးသနားမှုသည် အကန့်အသတ်မရှိ၊ မကုန်ခန်းနိုင်သော ဘဏ္ဍာတိုက်ကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် လူသားများသည် ပေးလှူခြင်းဖြင့် ဆင်းရဲသွားမည်ကို မကြောက်ရွံ့သင့်ပါ။
  • လူသား၏ သဘာဝသည် စေးနှဲလောဘကြီးသော သဘာဝဖြစ်သည်။ သို့သော် အီမာန်ယုံကြည်မှုသည် ထိုသဘာဝကို ပြုပြင်ပေးပြီး ရက်ရောသော သဘာဝသို့ ပြောင်းလဲပေးသည်။
  • အလ္လာဟ်အရှင်မြတ်သည် ပေးလှူသူများအား ဆုလာဘ်များ ပေးသနားတော်မူမည်ဖြစ်သောကြောင့် ပေးလှူခြင်းသည် ဆုံးရှုံးမှုမဟုတ်ဘဲ အမှန်တကယ် အကျိုးအမြတ်ဖြစ်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာတော်၏ ရက်ရောမှုနှင့် ပေးလှူမှုဆိုင်ရာ သွန်သင်ချက်များကို ထင်ရှားစွာ ဖော်ပြထားပြီး၊ ယုံကြည်သူများအား စေးနှဲမှုမှ ကင်းဝေးစ


📜 အာယာသ် 98-102 — စူရာ အလ်-အစ်ရာ

98ذَٰلِكَ جَزَاؤُهُم بِأَنَّهُمْ كَفَرُوا بِآيَاتِنَا وَقَالُوا أَإِذَا كُنَّا عِظَامًا وَرُفَاتًا أَإِنَّا لَمَبْعُوثُونَ خَلْقًا جَدِيدًا
ဤကား ၎င်းတို့၏အကျိုးတည်း။ အကြောင်းသော်ကား၊ ထိုသူတို့သည် ငါအရှင်မြတ်၏သက်သေ လက္ခဏာတော်များကို မယုံမကြည် ငြင်းဆိုခဲ့ကြခြင်း ကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့သည် အရိုးများသာကျန်ရှိပြီး၊ အပိုင်းပိုင်းအစစဖြစ်ကြသောအခါ အသစ်(ပြန်လည်) ဖန်ဆင်းခြင်းအားဖြင့် ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လောဟု ပြောဆိုခဲ့ကြခြင်းကြောင့် လည်းကောင်း၊ ဖြစ်သတည်း။
99۞ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ قَادِرٌ عَلَىٰ أَن يَخْلُقَ مِثْلَهُمْ وَجَعَلَ لَهُمْ أَجَلًا لَّا رَيْبَ فِيهِ فَأَبَى الظَّالِمُونَ إِلَّا كُفُورًا
ဧကန်စင်စစ် မိုးကောင်းကင်ကိုလည်းကောင်း၊ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်သည် ၎င်းတို့ကဲ့သို့သောသူတို့အား(အသစ်ပြန်လည်) ဖန်ဆင်းတော်မူရန် စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်ကို ၎င်းတို့သည် မသိမမြင်ကြလေသလော။ စင်စစ် ထိုအရှင်မြတ်သည် (သေဆုံးရန်နှင့် ရှင်ပြန်ထရန်) ယုံမှားသံသယ လုံးဝကင်းရှင်းသောကာလအပိုင်းအခြားတစ်ခုကို သတ်မှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ သို့တစေလည်း မတရား ကျူးလွန်သူတို့မူကား မယုံမကြည် ငြင်းဆိုခြင်းမှတစ်ပါး အခြားကို မနှစ်သက်ခဲ့ကြပေ။
100قُل لَّوْ أَنتُمْ تَمْلِكُونَ خَزَائِنَ رَحْمَةِ رَبِّي إِذًا لَّأَمْسَكْتُمْ خَشْيَةَ الْإِنفَاقِ ۚ وَكَانَ الْإِنسَانُ قَتُورًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ အကယ်၍သာ အသင်တို့သည် ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်၏ဘဏ္ဍာတော်များကို ပိုင်ဆိုင်ကြသည်ရှိသော်၊ အမှန်ပင် (ယင်းဘဏ္ဍာတော်များ) သုံးစွဲ၍ ကုန်ဆုံးသွားမည်ကိုစိုး၍ အသင်တို့စေးနှဲကြပေမည်။ စင်စစ် လူသားတို့သည် အလွန်စေးနှဲတွန့်တိုသူများပင် ဖြစ်ကြကုန်သတည်း။
101وَلَقَدْ آتَيْنَا مُوسَىٰ تِسْعَ آيَاتٍ بَيِّنَاتٍ ۖ فَاسْأَلْ بَنِي إِسْرَائِيلَ إِذْ جَاءَهُمْ فَقَالَ لَهُ فِرْعَوْنُ إِنِّي لَأَظُنُّكَ يَا مُوسَىٰ مَسْحُورًا
၎င်းပြင် (နဗီတမန်တော်) မူစာသည် အစ္စရာအီလီမျိုးနွယ်တို့ထံ ရောက်ရှိလာသောအခါ မချွတ်မလွဲ ငါအရှင်မြတ်သည် ယင်းမူစာအား တန်ခိုးပြာဋိဟာကိုးပါးကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည် (ဤအကြောင်းကို) အစ္စရာအီလီမျိုးနွယ်တို့အားမေးမြန်းစုံစမ်း၍ကြည့်ပါလေ။ ထို(ကဲ့သို့မူစာ ရောက်လာသော)အခါ ယင်းမူစာအား ဖိရ်အောင်(န်)က အို-မူစာ၊ ဧကန်စင်စစ်ကျွန်ုပ်သည် အသင့်အား စုန်းပြုစားခြင်းခံရသူဖြစ်သည်ဟု ထင်မှတ်ကြောင်း ပြောဆိုခဲ့လေသည်။
102قَالَ لَقَدْ عَلِمْتَ مَا أَنزَلَ هَٰؤُلَاءِ إِلَّا رَبُّ السَّمَاوَاتِ وَالْأَرْضِ بَصَائِرَ وَإِنِّي لَأَظُنُّكَ يَا فِرْعَوْنُ مَثْبُورًا
ထိုမူစာက (ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ဤသည်တို့ကို မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်သည်သာလျှင် ပိုင်းခြားသိမြင်နိုင်စေသော သက်သေ သာဓကများအဖြစ်ချပေးတော်မူခဲ့ ကြောင်း။ အမှန်စင်စစ် အသင်သည်သိရှိခဲ့ပြီးဖြစ်ပေသည်။ ၎င်းပြင်၊ အို-ဖိရ်အောင်(န်) ဧကန်စင်စစ် ကျွန်ုပ်သည် အသင့်အား ဆုံးရှုံးဖျက်ဆီးခြင်းခံရမည်ဖြစ်သည်ဟု ထင်မှတ်ပေသတည်း။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
100အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 100

စူရာ အလ်-အစ်ရာ အာယာသ် 100 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ အကယ်၍သာ အသင်တို့သည် ကျွန်ုပ်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်၏ဘဏ္ဍာတော်များကို ပိုင်ဆိုင်ကြသည်ရှိသော်၊ အမှန်ပင် (ယင်းဘဏ္ဍာတော်များ)…

စူရာ အာယာသ် 100/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 98–102. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers