တာဟာ · 89/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
أَفَلَا يَرَوْنَ أَلَّا يَرْجِعُ إِلَيْهِمْ قَوْلًا وَلَا يَمْلِكُ لَهُمْ ضَرًّا وَلَا نَفْعًا ۝٨٩
Afalaa yarawna allaa yarji`u ilaihim qawlanw wa laa yamliku lahum darranw wa laa naf`aa
📖 မြန်မာဘာသာ
အသို့ပါနည်း။ ယင်းနွားကလေးမှာ မိမိတိုု့၏မည်သည့်စကားကိုမျှ ပြန်ကြားနိုင်ခြင်းလည်းမရှိကြောင်း၊ မိမိတို့နှင့်ပတ်သက်၍ မည်သို့မျှပင် အကျိုးယုတ်စေခြင်း၊ အကျိုးဖြစ်ထွန်းစေခြင်းကိုလည်း ပြုစွမ်းနိုင်ခြင်းမရှိသည်ကို ၎င်းတို့မမြင်ကြလေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 87-91 — စူရာ တာဟာ

87قَالُوا مَا أَخْلَفْنَا مَوْعِدَكَ بِمَلْكِنَا وَلَٰكِنَّا حُمِّلْنَا أَوْزَارًا مِّن زِينَةِ الْقَوْمِ فَقَذَفْنَاهَا فَكَذَٰلِكَ أَلْقَى السَّامِرِيُّ
(ထိုအခါ) ယင်းအမျိုးသားတို့က (ဤသို့) ပြောကြားခဲ့ကြကုန်၏။ (အို-နဗီတမန်တော်မူစာ၊ စင်စစ်) ကျွန်ုပ်တို့သည် အသင်နှင့်ထားရှိခဲ့သော ကတိကို မိမိတို့ အလိုသဘောနှင့်ဖောက်ဖျက်ခဲ့ကြသည်မဟုတ်။ သို့ရာတွင် ကျွန်ုပ်တို့မှာမူကား(ကစ်ဗ်တီ) အမျိုးသားတို့၏လက်ဝတ်လက်စားများကို သယ်ပိုးယူဆောင်လာခဲ့ကြရလေသည်။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့သည်ယင်းလက်ဝတ်လက်စားများကို(မီးထဲသိ)ု့ပစ်ချခဲ့ကြပေသည်။ထို့နောက် စာမိရီသည်လည်းထိုနည်းအတိုင်းပင်ပစ်ချခဲ့လေသည်။
88فَأَخْرَجَ لَهُمْ عِجْلًا جَسَدًا لَّهُ خُوَارٌ فَقَالُوا هَٰذَا إِلَٰهُكُمْ وَإِلَٰهُ مُوسَىٰ فَنَسِيَ
ထို့နောက် ယင်းစာမိရီသည် ၎င်းတို့အဖို့ အသံထွက်သော နွားငယ်ကလေးတစ်ကောင်၏ ခန္ဓာကိုယ် အသွင်သဏ္ဌာန်တစ်ခုကို (သွန်းလောင်း) ထုတ်ယူလာခဲ့လေသည်။(ထိုအခါ) ယင်းအမျိုးသားတို့က ဤသည်ပင် အသင်တို့၏ကိုးကွယ်ရာအရှင်၊ မူစာ၏ ကိုးကွယ်ရာအရှင်ဖြစ်သည်။ သို့သော် မူစာကား(မိမိကိုးကွယ်ရာအရှင်အား ဤမှာပင်)မေ့ထားခဲ့လေပြီဟု (အချင်းချင်း) ပြောဆိုကြလေသည်။
89أَفَلَا يَرَوْنَ أَلَّا يَرْجِعُ إِلَيْهِمْ قَوْلًا وَلَا يَمْلِكُ لَهُمْ ضَرًّا وَلَا نَفْعًا
အသို့ပါနည်း။ ယင်းနွားကလေးမှာ မိမိတိုု့၏မည်သည့်စကားကိုမျှ ပြန်ကြားနိုင်ခြင်းလည်းမရှိကြောင်း၊ မိမိတို့နှင့်ပတ်သက်၍ မည်သို့မျှပင် အကျိုးယုတ်စေခြင်း၊ အကျိုးဖြစ်ထွန်းစေခြင်းကိုလည်း ပြုစွမ်းနိုင်ခြင်းမရှိသည်ကို ၎င်းတို့မမြင်ကြလေသလော။
90وَلَقَدْ قَالَ لَهُمْ هَارُونُ مِن قَبْلُ يَا قَوْمِ إِنَّمَا فُتِنتُم بِهِ ۖ وَإِنَّ رَبَّكُمُ الرَّحْمَٰنُ فَاتَّبِعُونِي وَأَطِيعُوا أَمْرِي
အမှန်စင်စစ်သော်ကား ဟာရူန်က(မူစာ) ပြန်မရောက်မီကပင်ယင်းအမျိုးသားတို့အား(ဤသို့)ပြောဆို (သတိပေး)ခဲ့လေသည်။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ ဧကန်စင်စစ်အသင်တို့သည် ဤနွားရုပ်ကြောင့်လမ်းမှားခဲ့ကြရချေပြီ။ အမှန်စင်စစ်မှာမူကား အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ရဟ်မာန်အနန္တကရုဏာတော်ရှင်သာတည်း။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်၏နောက်သို့လိုက်ခဲ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကိုလိုက်နာကြလေကုန်။
91قَالُوا لَن نَّبْرَحَ عَلَيْهِ عَاكِفِينَ حَتَّىٰ يَرْجِعَ إِلَيْنَا مُوسَىٰ
(ထိုအခါ) ယင်းအမျိုးသားတို့က ကျွန်ုပ်တို့သည်မိမိတို့ထံ မူစာပြန်မလာသမျှကာလပတ်လုံး ယင်းနွားရုပ်အပေါ်၌ အမြဲမပြတ် စွဲလမ်းလျက်ပင် ရှိကြမည်ဟု ပြောကြားခဲ့ကြ၏။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
89အာယာသ်

ဘာသာပြန် — တာဟာ 89

စူရာ တာဟာ အာယာသ် 89 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသို့ပါနည်း။ ယင်းနွားကလေးမှာ မိမိတိုု့၏မည်သည့်စကားကိုမျှ ပြန်ကြားနိုင်ခြင်းလည်းမရှိကြောင်း၊ မိမိတို့နှင့်ပတ်သက်၍ မည်သို့မျှပင် အကျိုးယုတ်စေခြင်း၊ အကျိုးဖြစ်ထွန်းစေခြင်းကိုလည်း ပြုစွမ်းနိုင်ခြင်းမရှိသည်ကို ၎င်းတို့မမြင်ကြလေသလော။

စူရာ အာယာသ် 89/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 87–91. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers