وَلُوطًا آتَيْنَاهُ حُكْمًا وَعِلْمًا وَنَجَّيْنَاهُ مِنَ الْقَرْيَةِ الَّتِي كَانَت تَّعْمَلُ الْخَبَائِثَ ۗ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَاسِقِينَ ٧٤
🔤 Transliteration
Wa Lootan aatainaahu hukmanw wa `ilmanw wa najjainaahu minal qaryatil latee kaanat ta`malul khabaaa`is; innahum kaanoo qawma saw`in faasiqeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူ(တ်)အားဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၄င်းအပြင် ငါအရှင်မြတ်သည် ထိုလူ(တ်)အား အကြင်မြို့ရွာမှ ကယ်တင်တော်မူခဲ့၏။ ယင်းမြို့(သူ)၊ ရွာ(သားတို့)သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို ကျူးလွန်လျက်ရှိခဲ့ကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် အလွန်ယုတ်မာသော အမျိုးသားများ၊ကာမဂုဏ် လိုက်စား ကျူးလွန်သောသူများပင် ဖြစ်ခဲ့ကြကုန်၏။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက် حُكْمًا (ဟုက္မန်) — ဤနေရာတွင် တရားစီရင်ဆုံးဖြတ်နိုင်သော ဉာဏ်ပညာနှင့် အမှုအခင်းများကို ဖြေရှင်းနိုင်သော အရည်အချင်းကို ဆိုလိုသည်။الْخَبَائِثَ (အလ်ခဗာအိသ်) — ရွံရှာဖွယ်ရာ မကောင်းမှုများ၊ သိက္ခာမဲ့သော ပြုမူမှုများ (အထူးသဖြင့် ယောက်ျားချင်း ကာမဆက်ဆံမှုနှင့် လမ်းများကို ပိတ်ဆို့တိုက်ခိုက်မှုကဲ့သို့သော ပြစ်မှုများ) ကို ဆိုလိုသည်။قَوْمَ سَوْءٍ (ကောင်မာ ဆဝ်အ်) — မကောင်းမှုကို ကျင့်သုံးသော ဆိုးသွမ်းသည့် လူမျိုးစုကို ဆိုလိုသည်။فَاسِقِينَ (ဖာစိကီးန်) — အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်ကျူးလွန်သူများ၊ နာခံမှုမှ ထွက်ခွာသွားသူများကို ဆိုလိုသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် တမန်တော် လူသွ် (အလိုင်ဟိစ်စလာမ်) သည် တမန်တော် အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) ကို ယုံကြည်လက်ခံသူများထဲမှ တစ်ဦးဖြစ်ပြီး၊ သူနှင့်အတူ ရွှေ့ပြောင်းခဲ့သူလည်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူ့အား တရားစီရင်ဆုံးဖြတ်နိုင်သော ဉာဏ်ပညာနှင့် အမှုအခင်းများကို တရားမျှတစွာ ဖြေရှင်းနိုင်သော အရည်အချင်းကို ပေးသနားတော်မူခဲ့သည်။ ထို့အပြင် တမန်တော်များအတွက် လိုအပ်သော အသိပညာများကိုလည်း သင်ကြားပေးတော်မူခဲ့သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူ့အား ဆဒူးမ် (سدوم ) ဟုခေါ်သော ရွာမှ ကယ်တင်တော်မူခဲ့သည်။ ထိုရွာသူရွာသားများသည် ယောက်ျားချင်း ကာမဆက်ဆံမှု၊ ခရီးသွားလမ်းများကို ပိတ်ဆို့တိုက်ခိုက်မှုနှင့် အခြားသော ပြစ်မှုများကဲ့သို့သော ရွံရှာဖွယ်ရာ မကောင်းမှုများကို ပြုလုပ်ကျင့်သုံးခဲ့ကြသည်။ ဧကန်စင်စစ် သူတို့သည် မကောင်းမှုများကို ကျင့်သုံးသော ဆိုးသွမ်းသည့် လူမျိုးစုဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်ကျူးလွန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် ပြစ်ဒဏ်ကို ချမှတ်တော်မူခဲ့ပြီး၊ တမန်တော် လူသွ်ကို ထိုရွာမှ ကယ်တင်တော်မူခဲ့သည်။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ နာခံသူများကို မည်သည့်အခြေအနေတွင်မဆို ကယ်တင်တော်မူကြောင်း သိရှ
وَلُوطًا ءَاتَيۡنَٰهُ حُكۡمًا وَعِلۡمًا وَنَجَّيۡنَٰهُ مِنَ ٱلۡقَرۡيَةِ ٱلَّتِي كَانَت تَّعۡمَلُ ٱلۡخَبَٰٓئِثَۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٍ فَٰسِقِينَ ٧٤
ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူ(တ်)အားဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၄င်းအပြင် ငါအရှင်မြတ်သည် ထိုလူ(တ်)အား အကြင်မြို့ရွာမှ ကယ်တင်တော်မူခဲ့၏။ ယင်းမြို့(သူ)၊ ရွာ(သားတို့)သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို ကျူးလွန်လျက်ရှိခဲ့ကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် အလွန်ယုတ်မာသော အမျိုးသားများ၊ကာမဂုဏ် လိုက်စား ကျူးလွန်သောသူများပင် ဖြစ်ခဲ့ကြကုန်၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 72-76 — စူရာ အလ်-အန်ဘီယာ
72 وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ نَافِلَةً ۖ وَكُلًّا جَعَلْنَا صَالِحِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိဗ်ရာဟီမ်အား အစ္စဟာက်ကို (သားတော်အဖြစ်)လည်းကောင်း၊ ယအ်ကူးဗ်ကို မြေးတော်အဖြစ်လည်းကောင်း၊ ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (၎င်းတို့အနက်)အသီးသီးအား သူတော်စင်များပင် ဖြစ်စေတော်မူခဲ့၏။
73 وَجَعَلْنَاهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا وَأَوْحَيْنَا إِلَيْهِمْ فِعْلَ الْخَيْرَاتِ وَإِقَامَ الصَّلَاةِ وَإِيتَاءَ الزَّكَاةِ ۖ وَكَانُوا لَنَا عَابِدِينَ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် ၎င်းတို့အားငါအရှင်မြတ်၏အမိန့်တော်နှင့် (ဝေနေယျသတ္တဝါများအား)တရားလမ်းမှန်ကို ညွှန်ပြကြလေသော ရှေ့ဆောင် ရှေ့ရပ်များအဖြစ်သို့ ချီးမြှင့်တော်မူခဲ့၏။ တစ်ဖန် ငါအရှင်မြတ်သည် ထိုသူတို့ထံ ကောင်းမြတ်သော အကျင့်အမူများကို ကျင့်မူ ဆောက်တည်ကြရန်လည်းကောင်း၊ ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊"ဝဟ်ယ်" အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။ စင်စစ် ၎င်းတို့သည် ငါအရှင်မြတ်အား ခဝပ်ကိုးကွယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
74 وَلُوطًا آتَيْنَاهُ حُكْمًا وَعِلْمًا وَنَجَّيْنَاهُ مِنَ الْقَرْيَةِ الَّتِي كَانَت تَّعْمَلُ الْخَبَائِثَ ۗ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَاسِقِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူ(တ်)အားဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၄င်းအပြင် ငါအရှင်မြတ်သည် ထိုလူ(တ်)အား အကြင်မြို့ရွာမှ ကယ်တင်တော်မူခဲ့၏။ ယင်းမြို့(သူ)၊ ရွာ(သားတို့)သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို ကျူးလွန်လျက်ရှိခဲ့ကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် အလွန်ယုတ်မာသော အမျိုးသားများ၊ကာမဂုဏ် လိုက်စား ကျူးလွန်သောသူများပင် ဖြစ်ခဲ့ကြကုန်၏။
75 وَأَدْخَلْنَاهُ فِي رَحْمَتِنَا ۖ إِنَّهُ مِنَ الصَّالِحِينَ
၎င်းပြင် ထိုလူ(တ်)အား ငါအရှင်မြတ်သည် မိမိကရုဏာတော်အတွင်း ဝင်ရောက်စေတော်မူခဲ့၏။ စင်စစ်ဧကန် ထိုလူ(တ်)ကား သူတော်စင်တို့တွင် ပါဝင်ခဲ့ပေသတည်း။
76 وَنُوحًا إِذْ نَادَىٰ مِن قَبْلُ فَاسْتَجَبْنَا لَهُ فَنَجَّيْنَاهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ
ထို့ပြင် (အို-နဗီတမန်တော်) နူဟ်(၏အတ္ထုပ္ပတ္တိအကြောင်း)ကိုလည်း (ပြန်လည်သတိရပါလေ။ တမန်တော်အိဗ်ရာဟီမ်မပွင့်မီ) ရှေးကာလကပင် ထိုနူဟ်သည် (ငါအရှင်မြတ်အား) ဟစ်ခေါ်ပန်ကြားခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ထိုနူဟ်၏ ဟစ်ခေါ်ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့ပေသည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုနူဟ်အားလည်းကောင်း၊ ထိုနူဟ်၏ ဘက်တော်သားတို့အားလည်းကောင်း၊ ကြီးစွာသော ပူပင်သောက ဖြစ်ခြင်းမှ ကယ်တင်တော်မူခဲ့၏။
ဘာသာပြန် — အလ်-အန်ဘီယာ 74 စူရာ အလ်-အန်ဘီယာ အာယာသ် 74 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူ(တ်)အားဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၄င်းအပြင် ငါအရှင်မြတ်သည် ထိုလူ(တ်)အား အကြင်မြို့ရွာမှ ကယ်တင်တော်မူခဲ့၏။…
စူရာ အာယာသ် 74/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 72–76. မြန်မာဘာသာ: ภาษาไทย.