အလ်-အန်ဘီယာ · 75/112
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဘီယာ
وَأَدْخَلْنَاهُ فِي رَحْمَتِنَا ۖ إِنَّهُ مِنَ الصَّالِحِينَ ۝٧٥
Wa adkhalnaahu fee rahmatinaa innahoo minas saalihee
📖 မြန်မာဘာသာ
၎င်းပြင် ထိုလူ(တ်)အား ငါအရှင်မြတ်သည် မိမိကရုဏာတော်အတွင်း ဝင်ရောက်စေတော်မူခဲ့၏။ စင်စစ်ဧကန် ထိုလူ(တ်)ကား သူတော်စင်တို့တွင် ပါဝင်ခဲ့ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 73-77 — စူရာ အလ်-အန်ဘီယာ

73وَجَعَلْنَاهُمْ أَئِمَّةً يَهْدُونَ بِأَمْرِنَا وَأَوْحَيْنَا إِلَيْهِمْ فِعْلَ الْخَيْرَاتِ وَإِقَامَ الصَّلَاةِ وَإِيتَاءَ الزَّكَاةِ ۖ وَكَانُوا لَنَا عَابِدِينَ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် ၎င်းတို့အားငါအရှင်မြတ်၏အမိန့်တော်နှင့် (ဝေနေယျသတ္တဝါများအား)တရားလမ်းမှန်ကို ညွှန်ပြကြလေသော ရှေ့ဆောင် ရှေ့ရပ်များအဖြစ်သို့ ချီးမြှင့်တော်မူခဲ့၏။ တစ်ဖန် ငါအရှင်မြတ်သည် ထိုသူတို့ထံ ကောင်းမြတ်သော အကျင့်အမူများကို ကျင့်မူ ဆောက်တည်ကြရန်လည်းကောင်း၊ ဆွလာတ် ဝတ်ပြုမှုကို ဆောက်တည်ရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊"ဝဟ်ယ်" အမိန့်တော်ကို ထုတ်ပြန်တော်မူခဲ့၏။ စင်စစ် ၎င်းတို့သည် ငါအရှင်မြတ်အား ခဝပ်ကိုးကွယ်သူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
74وَلُوطًا آتَيْنَاهُ حُكْمًا وَعِلْمًا وَنَجَّيْنَاهُ مِنَ الْقَرْيَةِ الَّتِي كَانَت تَّعْمَلُ الْخَبَائِثَ ۗ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَاسِقِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် လူ(တ်)အားဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ၄င်းအပြင် ငါအရှင်မြတ်သည် ထိုလူ(တ်)အား အကြင်မြို့ရွာမှ ကယ်တင်တော်မူခဲ့၏။ ယင်းမြို့(သူ)၊ ရွာ(သားတို့)သည် စက်ဆုပ်ရွံ့ရှာဖွယ်များကို ကျူးလွန်လျက်ရှိခဲ့ကြကုန်၏။ ဧကန်မလွဲ ၎င်းတို့သည် အလွန်ယုတ်မာသော အမျိုးသားများ၊ကာမဂုဏ် လိုက်စား ကျူးလွန်သောသူများပင် ဖြစ်ခဲ့ကြကုန်၏။
75وَأَدْخَلْنَاهُ فِي رَحْمَتِنَا ۖ إِنَّهُ مِنَ الصَّالِحِينَ
၎င်းပြင် ထိုလူ(တ်)အား ငါအရှင်မြတ်သည် မိမိကရုဏာတော်အတွင်း ဝင်ရောက်စေတော်မူခဲ့၏။ စင်စစ်ဧကန် ထိုလူ(တ်)ကား သူတော်စင်တို့တွင် ပါဝင်ခဲ့ပေသတည်း။
76وَنُوحًا إِذْ نَادَىٰ مِن قَبْلُ فَاسْتَجَبْنَا لَهُ فَنَجَّيْنَاهُ وَأَهْلَهُ مِنَ الْكَرْبِ الْعَظِيمِ
ထို့ပြင် (အို-နဗီတမန်တော်) နူဟ်(၏အတ္ထုပ္ပတ္တိအကြောင်း)ကိုလည်း (ပြန်လည်သတိရပါလေ။ တမန်တော်အိဗ်ရာဟီမ်မပွင့်မီ) ရှေးကာလကပင် ထိုနူဟ်သည် (ငါအရှင်မြတ်အား) ဟစ်ခေါ်ပန်ကြားခဲ့လေသည်။ ထိုအခါ ငါအရှင်မြတ်သည် ထိုနူဟ်၏ ဟစ်ခေါ်ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့ပေသည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုနူဟ်အားလည်းကောင်း၊ ထိုနူဟ်၏ ဘက်တော်သားတို့အားလည်းကောင်း၊ ကြီးစွာသော ပူပင်သောက ဖြစ်ခြင်းမှ ကယ်တင်တော်မူခဲ့၏။
77وَنَصَرْنَاهُ مِنَ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَأَغْرَقْنَاهُمْ أَجْمَعِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုနူဟ်အားငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသော အမျိုးသားတို့ (၏ ဘေးအန္တရာယ်)မှကာကွယ်စောင့်ရှောက်တော် မူခဲ့၏။ ဧကန်မလွဲ ၎င်းတို့သည်အလွန်ဆိုးရွားသော အမျိုးသားများပင် ဖြစ်ခဲ့ကြကုန်၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အားလုံးကို နစ်မြုပ်စေတော် မူခဲ့ပေသတည်း။
အလ်-အန်ဘီယာကုရ်အာန် ညွှန်းကိန်း
112အာယာသ်
MeccanRevelation
75အာယာသ်

ဘာသာပြန် — အလ်-အန်ဘီယာ 75

စူရာ အလ်-အန်ဘီယာ အာယာသ် 75 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုလူ(တ်)အား ငါအရှင်မြတ်သည် မိမိကရုဏာတော်အတွင်း ဝင်ရောက်စေတော်မူခဲ့၏။ စင်စစ်ဧကန် ထိုလူ(တ်)ကား သူတော်စင်တို့တွင် ပါဝင်ခဲ့ပေသတည်း။

စူရာ အာယာသ် 75/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 73–77. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers