အလ်-အန်ဘီယာ · 82/112
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဘီယာ
وَمِنَ الشَّيَاطِينِ مَن يَغُوصُونَ لَهُ وَيَعْمَلُونَ عَمَلًا دُونَ ذَٰلِكَ ۖ وَكُنَّا لَهُمْ حَافِظِينَ ٨٢
Transliteration
Wa minash Shayaateeni mai yaghoosoona lahoo wa ya`maloona `amalan doona zaalika wa kunna lahum baafizeen
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတပါး ရှိုင်တွာန်မိစ္ဆာကောင်တို့တွင် အကြင်ရှိုင်တွာန် မိစ္ဆာကောင်များလည်း ရှိခဲ့ကြ၏။ ယင်း ရှိုင်တွာန်မိစ္ဆာကောင်များသည် ထိုစုလိုင်မာန်၏ အကျိုးငှာ(သမုဒ္ဒရာပင်လယ်၌)ရေငုပ်ခြင်းကိုလည်းကောင်း၊ အခြားအလုပ်ကိစ္စဆောင်ရွက်ခြင်းကိုလည်း ကောင်း၊ ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည်ပင် ယင်းရှိုင်တွာန် မိစ္ဆာကောင်တို့အား ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ဖြစ်တော်မူ ပေသတည်း။
Additional reference in ภาษาไทย
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
0:00
0:00
ဘာသာပြန် — Tafsir
- ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယသ်တော်တွင် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ရှိုင်သွာန် (الشياطين) — ရှိုင်သွာန်များ၊ ဂျင်န်များအနက် ပုန်ကန်သော၊ ဆိုးသွမ်းသော အုပ်စုဖြစ်သည်။
- ယဂူးဆူန (يغوصون) — ရေအောက်သို့ နစ်မြုပ်၍ ရှာဖွေကြသည်။
- ဒူန ဇာလိက (دون ذلك) — ထိုအလုပ်မှတစ်ပါး အခြားအလုပ်များ။
- ဟာဖိဇီးန (حافظين) — ထိန်းသိမ်းစောင့်ရှောက်သူများ။
- ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်စုလိုင်မာန် (အလိုင်ဟိစ်စလာမ်) အတွက် ရှိုင်သွာန်များအနက် အချို့ကို အလုပ်အကျွေးအဖြစ် လက်အောက်ခံစေတော်မူခဲ့ကြောင်း မိန့်တော်မူပါသည်။ ထိုရှိုင်သွာန်များသည် ပင်လယ်အောက်သို့ နစ်မြုပ်၍ ပုလဲ၊ ကျောက်မျက်ရတနာများကို ဆယ်ယူပေးကြသည်။ ထို့အပြင် ဆောက်လုပ်ရေး စသည့် အခြားအလုပ်များကိုလည်း လုပ်ဆောင်ပေးကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အရေအတွက်ကိုလည်းကောင်း၊ သူတို့၏ အလုပ်များကိုလည်းကောင်း ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်ဖြစ်သည်။ သူတို့သည် တမန်တော်စုလိုင်မာန်၏ အမိန့်ကို ဖီဆန်နိုင်စွမ်းမရှိကြပေ။ အလ္လာဟ်အရှင်မြတ်၏ စောင့်ရှောက်မှုတော်ကြောင့် မည်သည့်အလုပ်မျှ လစ်ဟာပျက်ကွက်ခြင်းမရှိဘဲ၊ ဖျက်ဆီးခြင်းလည်း မပြုနိုင်ကြပေ။
- ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိပါက ဂျင်န်နှင့် ရှိုင်သွာန်များကိုပင် လူသားတစ်ဦး၏ လက်အောက်ခံစေနိုင်သည့် တန်ခိုးတော်ရှင်ဖြစ်ကြောင်း သိရှိရသည်။
- အလ္လာဟ်အရှင်မြတ်သည် မိမိဖန်ဆင်းထားသမျှအပေါ် အမြဲထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်ဖြစ်ကြောင်း နားလည်ရသည်။
- တမန်တော်စုလိုင်မာန်ကဲ့သို့သော နဗီတမန်တော်များအား အလ္လာဟ်အရှင်မြတ်က ထူးခြားသော တန်ခိုးစွမ်းအားများ ပေးသနားတော်မူခဲ့ကြောင်း သိရှိရသည်။
- အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အစေခံကောင်းများကို မည်သည့်အခြေအနေတွင်မဆို ကူညီစောင့်ရှောက်တော်မူကြောင်း ယုံကြည်စိတ်ချရသည်။
- ဤကဲ့သို့သော တန်ခိုးတော်များကို ဖတ်ရှုသိရှိခြင်းဖြင့် အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားမှု တိုးပွားလာပြီး၊ အစ္စလာမ်သာသနာတော်၏ မြင့်မြတ်မှုကို ပိုမိုနားလ
📜 အာယာသ် 80-84 — စူရာ အလ်-အန်ဘီယာ
80وَعَلَّمْنَاهُ صَنْعَةَ لَبُوسٍ لَّكُمْ لِتُحْصِنَكُم مِّن بَأْسِكُمْ ۖ فَهَلْ أَنتُمْ شَاكِرُونَ
၎င်းပြင် ငါအရှင်မြတ်သည် ထိုဒါဝူဒ်အားအသင်တို့အကျိုးငှာ သံချပ်အင်္ကျီပြုလုပ်သောအတတ်ပညာကို သင်ပေးတော်မူခဲ့၏။ သို့မှသာလျှင် ယင်းသံချပ်အင်္ကျီသည် အသင်တို့အား အသင်တို့စစ်တိုက်ခိုက်ရာတွင် ကာကွယ်နိုင်မည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ကျေးဇူးတော်ကိုသိတတ်သူများ ဖြစ်ကြလေသလော။
81وَلِسُلَيْمَانَ الرِّيحَ عَاصِفَةً تَجْرِي بِأَمْرِهِ إِلَى الْأَرْضِ الَّتِي بَارَكْنَا فِيهَا ۚ وَكُنَّا بِكُلِّ شَيْءٍ عَالِمِينَ
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) စုလိုင်မာန်အား ပြင်းထန်စွာတိုက်ခတ်သောလေကို နိုင်နင်းစေတော်မူခဲ့၏။ ယင်းလေသည် ထိုစုလိုင်မာန်၏အမိန့် နှင့် ငါအရှင်မြတ်ကျက်သရေမင်္ဂလာ၊ သုခချမ်းသာနှင့် ပြည့်စုံစေတော်မူသောနယ်မြေသို့ တိုက်ခတ်သွားလာလေ၏။ စင်စစ်သော်ကားငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
82وَمِنَ الشَّيَاطِينِ مَن يَغُوصُونَ لَهُ وَيَعْمَلُونَ عَمَلًا دُونَ ذَٰلِكَ ۖ وَكُنَّا لَهُمْ حَافِظِينَ
ထိုမှတပါး ရှိုင်တွာန်မိစ္ဆာကောင်တို့တွင် အကြင်ရှိုင်တွာန် မိစ္ဆာကောင်များလည်း ရှိခဲ့ကြ၏။ ယင်း ရှိုင်တွာန်မိစ္ဆာကောင်များသည် ထိုစုလိုင်မာန်၏ အကျိုးငှာ(သမုဒ္ဒရာပင်လယ်၌)ရေငုပ်ခြင်းကိုလည်းကောင်း၊ အခြားအလုပ်ကိစ္စဆောင်ရွက်ခြင်းကိုလည်း ကောင်း၊ ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည်ပင် ယင်းရှိုင်တွာန် မိစ္ဆာကောင်တို့အား ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ဖြစ်တော်မူ ပေသတည်း။
83۞ وَأَيُّوبَ إِذْ نَادَىٰ رَبَّهُ أَنِّي مَسَّنِيَ الضُّرُّ وَأَنتَ أَرْحَمُ الرَّاحِمِينَ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် နဗီတမန်တော်)အိုက်ယူးဗ်(၏အတ္ထုပ္ပတ္တိအကြောင်း) ကို(လည်းထုတ်ဖော်ပြောကြားပါလေ)။ တစ်ရံသော အခါဝယ် ထိုအိုက်ယူးဗ်သည် မိမိအား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်အား (အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊) ဧကန်မလွဲ ကျွန်တော်မျိုး၌ ဘေးဥပဒ်သက်ရောက်ပါပြီ။စင်စစ် သော်ကား အရှင်မြတ်သည် သနားကရုဏာ ပြုတတ်သူတို့တွင် သနားကရုဏာ ပြုတော်မူဆုံးသော အရှင်မြတ်ပင်ဖြစ်တော်မူပါသည်ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။
84فَاسْتَجَبْنَا لَهُ فَكَشَفْنَا مَا بِهِ مِن ضُرٍّ ۖ وَآتَيْنَاهُ أَهْلَهُ وَمِثْلَهُم مَّعَهُمْ رَحْمَةً مِّنْ عِندِنَا وَذِكْرَىٰ لِلْعَابِدِينَ
ထိုအခါ ငါအရှင်မြတ်သည် ထိုအိုက်ယူးဗ်၏ အသနားခံပန်ကြားချက်ကို သဘောတူ လက်ခံတော်မူခဲ့၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုအိုက်ယူးဗ်၌ သက်ရောက်ခဲ့သော ဘေးဥပဒ်ကို ပျောက်ကင်းစေတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုအိုက်ယူးဗ်အား ၎င်း၏အိမ်ထောင်စုသား၊ သားမယား၊ သားသမီးများ(ကို ချီးမြှင့်ပေးသနားတော်မူခဲ့သည့်) အပြင် ထိုသူတို့နှင့်အတူ ထိုသူတို့ကဲ့သို့ အလားတူကိုလည်း မိမိအထံတော်မှ ကရုဏာတော်အဖြစ်လည်းကောင်း၊ ဝတ်ပြုကိုးကွယ်သူများအဖို့ သတိရစေသော အထိမ်းအမှတ်အဖြစ်လည်းကောင်း ချီးမြှင့်ပေးသနား တော်မူခဲ့ပေသတည်း။
အလ်-အန်ဘီယာကုရ်အာန် ညွှန်းကိန်း
112အာယာသ်
MeccanRevelation
82အာယာသ်
ဘာသာပြန် — အလ်-အန်ဘီယာ 82
စူရာ အလ်-အန်ဘီယာ အာယာသ် 82 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတပါး ရှိုင်တွာန်မိစ္ဆာကောင်တို့တွင် အကြင်ရှိုင်တွာန် မိစ္ဆာကောင်များလည်း ရှိခဲ့ကြ၏။ ယင်း ရှိုင်တွာန်မိစ္ဆာကောင်များသည် ထိုစုလိုင်မာန်၏ အကျိုးငှာ(သမုဒ္ဒရာပင်လယ်၌)ရေငုပ်ခြင်းကိုလည်းကောင်း၊ အခြားအလုပ်ကိစ္စဆောင်ရွက်ခြင်းကိုလည်း…စူရာ အာယာသ် 82/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 80–84. မြန်မာဘာသာ: ภาษาไทย.
စူရာ အလ်-အန်ဘီယာ
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Friday, October 2, 2026
Don't forget us in your sincere prayers


