فَاسْتَجَبْنَا لَهُ وَوَهَبْنَا لَهُ يَحْيَىٰ وَأَصْلَحْنَا لَهُ زَوْجَهُ ۚ إِنَّهُمْ كَانُوا يُسَارِعُونَ فِي الْخَيْرَاتِ وَيَدْعُونَنَا رَغَبًا وَرَهَبًا ۖ وَكَانُوا لَنَا خَاشِعِينَ ٩٠
🔤 Transliteration
Fastajabnaa lahoo wa wahabnaa lahoo Yahyaa Wa aslahnaa lahoo zawjah; innahum kaanoo yusaari`oona fil khairaati wa yad`oonanaa raghabanw wa rahabaa; wa kaanoo lanaa khaashi`een
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုရောအခါဝယ် ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)ဇကရီယာ(၏ပန်ကြားချက်)ကို သဘောတူ လက်ခံတော်မူ၍ ၎င်းအား (သားတော်နဗီတမန်တော်)ယဟ်ယာကိုချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည်ထိုဇကရီယာ၏ ဇနီးကြင်ရာ(၏မြုံခြင်းဝေဒနာကို ပျောက်ကင်းစေတော်မူ၍ သန္ဓေတည်နိုင်သောအခြေအနေသို့)နေသားတကျဖြစ်အောင် ပြုပြင်၍ပေးတော်မူခဲ့၏။ ဧကန်အမှန် ထို(နဗီ တမန်တော်)တို့သည် ကောင်းမှုသုစရိုက်များကို ဆောလျင်စွာ ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်အား စိတ်ပါဝင်စားစွာလည်းကောင်း၊ ကြောက်ရွံ့စွာလည်းကောင်း၊ ဟစ်ခေါ်တသလေ့ ရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြကုန်သတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ فَاسْتَجَبْنَا (ဖအက်စ်သဂျဗ်နာ) — ငါအရှင်မြတ်သည် လက်ခံတော်မူခဲ့သည်၊ ဖြေကြားတော်မူခဲ့သည်။وَهَبْنَا (ဝဟဗ်နာ) — ငါအရှင်မြတ်သည် ပေးသနားတော်မူခဲ့သည်။يَحْيَىٰ (ယဟ်ယာ) — တမန်တော် ဇကရိယာ၏ သားတော် တမန်တော် ယဟ်ယာ။وَأَصْلَحْنَا (ဝအက်ဆ်ွလဟ်နာ) — ငါအရှင်မြတ်သည် ပြုပြင်ပေးတော်မူခဲ့သည်၊ ကောင်းမွန်စေတော်မူခဲ့သည်။زَوْجَهُ (ဇဝ်ဂျဟူ) — သူ၏ ဇနီး။يُسَارِعُونَ (ယုသာရိအူန) — သူတို့သည် အလျင်အမြန် ဆောင်ရွက်ကြသည်။الْخَيْرَاتِ (အလ်ခါိုင်ရာသ်) — ကောင်းမှုကုသိုလ်များ။رَغَبًا (ရဂျဗန်) — မျှော်လင့်တော့ခြင်း၊ လိုချင်တော့ခြင်း။رَهَبًا (ရဟဗန်) — ကြောက်ရွံ့ခြင်း။خَاشِعِينَ (ခါရှိအီန) — နှိမ့်ချသူများ၊ ကျိုးနွံသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် တမန်တော် ဇကရိယာ (အလိုင်ဟိစ်စလာမ်) ၏ ဒုအာကို အလ္လာဟ်အရှင်မြတ် ဖြေကြားတော်မူခဲ့သည့် အကြောင်းကို ဖော်ပြထားပါသည်။ တမန်တော် ဇကရိယာသည် သားသမီး မရှိဘဲ အိုမင်းရင့်ရော်လာသောအခါ အလ္လာဟ်အရှင်မြတ်ထံ သားတော်တစ်ပါး ရရှိရန် စိတ်ရင်းမှန်ဖြင့် ဒုအာပြုခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ ဒုအာကို လက်ခံတော်မူပြီး တမန်တော် ယဟ်ယာ (အလိုင်ဟိစ်စလာမ်) ကို သားတော်အဖြစ် ပေးသနားတော်မူခဲ့သည်။ ထို့အပြင် သူ၏ ဇနီးသည်ကိုလည်း မြုံနေရာမှ ကိုယ်ဝန်ဆောင်နိုင်သူ၊ သားသမီး မွေးဖွားနိုင်သူအဖြစ် ပြုပြင်ပေးတော်မူခဲ့သည်။ သူမ၏ ကိုယ်ခန္ဓာနှင့် စာရိတ္တကျင့်ဝတ်ကိုပါ ကောင်းမွန်စေတော်မူခဲ့သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော် ဇကရိယာ၊ သူ၏ဇနီးနှင့် သားတော် ယဟ်ယာ တို့၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းတော်မူပြီး သူတို့သည် ကောင်းမှုကုသိုလ်များတွင် အမြဲတမ်း အလျင်အမြန် ဆောင်ရွက်သူများ ဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ်ထံ ဆုလာဘ်ကို မျှော်လင့်လျက်၊ ပြစ်ဒဏ်ကို ကြောက်ရွံ့လျက် ဒုအာပြုကြောင်း၊ ထို့အပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ် အလွန်နှိမ့်ချကျိုးနွံသူများ ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။
**၃။ ဤ
فَٱسۡتَجَبۡنَا لَهُۥ وَوَهَبۡنَا لَهُۥ يَحۡيَىٰ وَأَصۡلَحۡنَا لَهُۥ زَوۡجَهُۥٓۚ إِنَّهُمۡ كَانُواْ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَيَدۡعُونَنَا رَغَبًا وَرَهَبًاۖ وَكَانُواْ لَنَا خَٰشِعِينَ ٩٠
ထိုရောအခါဝယ် ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)ဇကရီယာ(၏ပန်ကြားချက်)ကို သဘောတူ လက်ခံတော်မူ၍ ၎င်းအား (သားတော်နဗီတမန်တော်)ယဟ်ယာကိုချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည်ထိုဇကရီယာ၏ ဇနီးကြင်ရာ(၏မြုံခြင်းဝေဒနာကို ပျောက်ကင်းစေတော်မူ၍ သန္ဓေတည်နိုင်သောအခြေအနေသို့)နေသားတကျဖြစ်အောင် ပြုပြင်၍ပေးတော်မူခဲ့၏။ ဧကန်အမှန် ထို(နဗီ တမန်တော်)တို့သည် ကောင်းမှုသုစရိုက်များကို ဆောလျင်စွာ ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်အား စိတ်ပါဝင်စားစွာလည်းကောင်း၊ ကြောက်ရွံ့စွာလည်းကောင်း၊ ဟစ်ခေါ်တသလေ့ ရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြကုန်သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 88-92 — စူရာ အလ်-အန်ဘီယာ
88 فَاسْتَجَبْنَا لَهُ وَنَجَّيْنَاهُ مِنَ الْغَمِّ ۚ وَكَذَٰلِكَ نُنجِي الْمُؤْمِنِينَ
ထိုအခါဝယ် ငါအရှင်မြတ်သည် ၎င်း၏ (အသနားခံပန်ကြားချက်)ကို သဘောတူလက်ခံတော်မူ၍ ၎င်းအား(ပူပင်သောကဖြစ်ခြင်းမှ)ကယ်တင်တော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အားဤနည်းနှင်နှင် ကယ်တင်လေ့ရှိတော်မူပေသတည်း။
89 وَزَكَرِيَّا إِذْ نَادَىٰ رَبَّهُ رَبِّ لَا تَذَرْنِي فَرْدًا وَأَنتَ خَيْرُ الْوَارِثِينَ
ထို့ပြင် (အို-နဗီတမန်တော်၊ အသင်သည် နဗီတမန်တော်)ဇကရီယာ(၏အကြောင်း)ကိုလည်း (ပြောကြားပါလေ)။ အခါတစ်ပါး၌ ထို(နဗီတမန်တော်) ဇကရီယာသည်မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို "အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးအား (အမွေစားအမွေဆက်ခံသူ မရှိသောသူအဖြစ်)တစ်ဦးတည်း စွန့်ထားတော်မမူပါနှင့်။ စင်စစ်သော်ကား အရှင်မြတ်သည် အကောင်းဆုံးသော အမွေစားအမွေခံ ဖြစ်တော်မူပါသည်"ဟု ဟစ်ခေါ်တသ ပန်ကြားခဲ့လေ၏။
90 فَاسْتَجَبْنَا لَهُ وَوَهَبْنَا لَهُ يَحْيَىٰ وَأَصْلَحْنَا لَهُ زَوْجَهُ ۚ إِنَّهُمْ كَانُوا يُسَارِعُونَ فِي الْخَيْرَاتِ وَيَدْعُونَنَا رَغَبًا وَرَهَبًا ۖ وَكَانُوا لَنَا خَاشِعِينَ
ထိုရောအခါဝယ် ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)ဇကရီယာ(၏ပန်ကြားချက်)ကို သဘောတူ လက်ခံတော်မူ၍ ၎င်းအား (သားတော်နဗီတမန်တော်)ယဟ်ယာကိုချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည်ထိုဇကရီယာ၏ ဇနီးကြင်ရာ(၏မြုံခြင်းဝေဒနာကို ပျောက်ကင်းစေတော်မူ၍ သန္ဓေတည်နိုင်သောအခြေအနေသို့)နေသားတကျဖြစ်အောင် ပြုပြင်၍ပေးတော်မူခဲ့၏။ ဧကန်အမှန် ထို(နဗီ တမန်တော်)တို့သည် ကောင်းမှုသုစရိုက်များကို ဆောလျင်စွာ ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်အား စိတ်ပါဝင်စားစွာလည်းကောင်း၊ ကြောက်ရွံ့စွာလည်းကောင်း၊ ဟစ်ခေါ်တသလေ့ ရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြကုန်သတည်း။
91 وَالَّتِي أَحْصَنَتْ فَرْجَهَا فَنَفَخْنَا فِيهَا مِن رُّوحِنَا وَجَعَلْنَاهَا وَابْنَهَا آيَةً لِّلْعَالَمِينَ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည်)ထိုအမျိုးသမီး၏ အတ္ထုပ္ပတ္တိအကြောင်းကိုလည်း (ပြောကြားပါလေ)။ ထို(အမျိုးသမီး)သည် မိမိဂုဏ်အသရေကို စောင့်စည်းထိန်းသိမ်းခဲ့လေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို(အမျိုးသမီး)၌ မိမိအထံတော်မှ အသက်ဇီဝိန်ကို မှုတ်သွင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ထို(အမျိုးသမီး)အားလည်းကောင်း၊ ထို(အမျိုးသမီး)၏ သားတော်အားလည်းကောင်း၊ကမ္ဘာသူကမ္ဘာသားခပ်သိမ်းတို့အဖို့ သက်သေ လက္ခဏာတော်တစ်ရပ် ပြုလုပ်တော်မူခဲ့ပေသတည်း။
92 إِنَّ هَٰذِهِ أُمَّتُكُمْ أُمَّةً وَاحِدَةً وَأَنَا رَبُّكُمْ فَاعْبُدُونِ
ဧကန်မလွဲ ဤ(အစ္စလာမ်သာသနာတော်ပင်)အသင်တို့၏ တစ်ခုတည်းသော သာသနာတော်ဖြစ်ပေသည်။၎င်းပြင် ငါအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ငါအရှင်မြတ် အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။
ဘာသာပြန် — အလ်-အန်ဘီယာ 90 စူရာ အလ်-အန်ဘီယာ အာယာသ် 90 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုရောအခါဝယ် ငါအရှင်မြတ်သည် ထို (နဗီတမန်တော်)ဇကရီယာ(၏ပန်ကြားချက်)ကို သဘောတူ လက်ခံတော်မူ၍ ၎င်းအား (သားတော်နဗီတမန်တော်)ယဟ်ယာကိုချီးမြှင့် ပေးသနားတော်မူခဲ့၏။ ၎င်းပြင်…
စူရာ အာယာသ် 90/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 88–92. မြန်မာဘာသာ: ภาษาไทย.