قَالَ يَا قَوْمِ لِمَ تَسْتَعْجِلُونَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ ۖ لَوْلَا تَسْتَغْفِرُونَ اللَّهَ لَعَلَّكُمْ تُرْحَمُونَ ٤٦
🔤 Transliteration
Qaala yaa qawmi lima tasta`jiloona bissaiyi`ati qablal hasanati law laa tas taghfiroonal laaha la`allakum turhamoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို"ဆွာလိဟ်"က အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အဘယ်ကြောင့် ကရုဏာတော်၏အလျင် အပြစ်ဒဏ်ကို အလျင်လိုကြသနည်း။ အသင်တို့သည် ကရုဏာပြုတော်မူခြင်းခံကြရအံ့သောငှာ အဘယ်ကြောင့် အလ္လာဟ်အရှင်မြတ် အထံတော်၌ ချမ်းသာခွင့်ကို တောင်းခံခြင်း မပြုကြသနည်းဟု ပြောကြားခဲ့လေ၏။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
ယာ ကောင်မိ (يَا قَوْمِ ) — အို ငါ၏လူမျိုး တစ်စ်တာအ်ဂျီလူန (تَسْتَعْجِلُونَ ) — အလျင်စလိုတောင်းဆိုကြသည် ဘိစ်စိုင်ယိအာ (بِالسَّيِّئَةِ ) — မကောင်းမှု၊ ပြစ်ဒဏ် အလ်ဟာစနာ (الْحَسَنَةِ ) — ကောင်းမှု၊ ကောင်းချီး၊ သနားကြင်နာမှု လောင်လာ (لَوْلَا ) — အဘယ်ကြောင့် မပြုသနည်း၊ ဟဲလ္လာ (هَلَّا ) ဟူသော အဓိပ္ပာယ် တစ်စ်သာဂ်ဖိရူန (تَسْتَغْفِرُونَ ) — အလ္လာဟ်အရှင်မြတ်ထံ ခွင့်လွှတ်မှုတောင်းခံကြသည် တုရ်ဟာမူန (تُرْحَمُونَ ) — သနားကြင်နာခြင်းခံရကြမည် ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
တမန်တော် ဆွာလိဟ် (အလိုင်ဟိစ်စလာမ်) သည် သူ၏လူမျိုးအား ပြောဆိုခဲ့သည် — အို ငါ၏လူမျိုး၊ သင်တို့သည် ကောင်းမှုနှင့် သနားကြင်နာမှုကို မတောင်းဆိုဘဲ မကောင်းမှုနှင့် ပြစ်ဒဏ်ကို အဘယ်ကြောင့် အလျင်စလို တောင်းဆိုကြသနည်း။ သင်တို့သည် ကုဖ်ရ် (မယုံကြည်မှု) နှင့် မကောင်းမှုများကို ပြုလုပ်ခြင်းဖြင့် ပြစ်ဒဏ်ကို အလျင်စလို ဆွဲခေါ်နေကြပြီး၊ အီမာန် (ယုံကြည်မှု) နှင့် ကောင်းမှုများကို နောက်ကျအောင် ထားရှိကြသည်မှာ အဘယ်ကြောင့်နည်း။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံ ခွင့်လွှတ်မှုတောင်းခံ၍ အရှင်မြတ်ထံ ဝန်ချတောင်းပန်ခြင်းကို အဘယ်ကြောင့် မပြုလုပ်ကြသနည်း။ သင်တို့သည် သနားကြင်နာခြင်းခံရရန် မျှော်လင့်ချက်ဖြင့် ထိုသို့ပြုလုပ်သင့်သည်။ သူတို့သည် မိမိတို့၏ မသိမှုနှင့် မောက်မာမှုကြောင့် ပြစ်ဒဏ်ကျရောက်လာသောအခါ ဝန်ချတောင်းပန်ခြင်းသည် အကျိုးရှိမည်ဟု ထင်မှတ်နေကြသည်။ သို့သော် ပြစ်ဒဏ်ကျရောက်ပြီးနောက် ဝန်ချတောင်းပန်ခြင်းသည် အကျိုးမရှိတော့ကြောင်း တမန်တော် ဆွာလိဟ်က ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ ထို့ကြောင့် ပြစ်ဒဏ်မကျရောက်မီ အလ္လာဟ်အရှင်မြတ်ထံ ခွင့်လွှတ်မှုတောင်းခံခြင်းသည် အလွန်အရေးကြီးသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအား ကောင်းမှုကို ဦးစားပေးပြုလုပ်ရန် နှိုးဆော်တော်မူသည်။ မကောင်းမှုနှင့် ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုခြင်းသည် မိုက်မဲမှုနှင့် ပျက်စီးခြင်း၏ အကြောင်းရင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံ ခွင့်လွှတ်မှုတောင်းခံခြင်း (အစ်သိဂ်ဖာရ်) သည် သနားကြ
قَالَ يَٰقَوۡمِ لِمَ تَسۡتَعۡجِلُونَ بِٱلسَّيِّئَةِ قَبۡلَ ٱلۡحَسَنَةِۖ لَوۡلَا تَسۡتَغۡفِرُونَ ٱللَّهَ لَعَلَّكُمۡ تُرۡحَمُونَ ٤٦
ထို"ဆွာလိဟ်"က အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အဘယ်ကြောင့် ကရုဏာတော်၏အလျင် အပြစ်ဒဏ်ကို အလျင်လိုကြသနည်း။ အသင်တို့သည် ကရုဏာပြုတော်မူခြင်းခံကြရအံ့သောငှာ အဘယ်ကြောင့် အလ္လာဟ်အရှင်မြတ် အထံတော်၌ ချမ်းသာခွင့်ကို တောင်းခံခြင်း မပြုကြသနည်းဟု ပြောကြားခဲ့လေ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 44-48 — စူရာ အန်-နမ်လ်
44 قِيلَ لَهَا ادْخُلِي الصَّرْحَ ۖ فَلَمَّا رَأَتْهُ حَسِبَتْهُ لُجَّةً وَكَشَفَتْ عَن سَاقَيْهَا ۚ قَالَ إِنَّهُ صَرْحٌ مُّمَرَّدٌ مِّن قَوَارِيرَ ۗ قَالَتْ رَبِّ إِنِّي ظَلَمْتُ نَفْسِي وَأَسْلَمْتُ مَعَ سُلَيْمَانَ لِلَّهِ رَبِّ الْعَالَمِينَ
(ထို့နောက်) ထိုဘုရင်မအား အသင်သည် ဧည့်ခန်းတွင်းသို့ ဝင်ရောက်ပါလေဟု တစ်စုံတစ်ယောက်က ပြောကြားခဲ့လေ၏။ သို့ဖြစ်ပေရာ ထိုဘုရင်မသည် ယင်းဧည့်ခန်းကိုမြင်လေသော်၊ ထိုဧည့်ခန်းကို နက်စွာသောရေဟုထင်မှတ်၍ မိမိခြေသလုံးနှစ်ဘက်ကို ဖော်ခဲ့လေ၏။ (ထိုအခါ)ထိုစုလိုင်မာန်က ဧကန်စင်စစ် ဤသည် ဖန်များဖြင့် ချောမွတ်အောင် ပြုလုပ်ထားသော ဧည့်ခန်းပင်ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။ ထိုဘုရင်မက အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော်မျိုးမသည် မိမိကိုယ်ကို မိမိနှိပ်စက်မိခဲ့ပါပြီ။ သို့ရာတွင် (ယခုသော်ကား) ကျွန်တော်မျိုးမသည် စုလိုင်မာန်နှင့်အတူ(အရှင်မြတ်၏)အမိန့်တော်ကို လိုက်နာပါပြီဟု လျှောက်ထားခဲ့လေသတည်း။
45 وَلَقَدْ أَرْسَلْنَا إِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا أَنِ اعْبُدُوا اللَّهَ فَإِذَا هُمْ فَرِيقَانِ يَخْتَصِمُونَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် "ဆမူဒ်"အမျိုးသားတို့ထံ ၎င်းတို့၏နောင်တော်"ဆွာလိဟ်"အား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြရမည်(ဟူသောအမိန့်တော်နှင့်တကွ) စေလွှတ်တော်မူခဲ့၏။
46 قَالَ يَا قَوْمِ لِمَ تَسْتَعْجِلُونَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ ۖ لَوْلَا تَسْتَغْفِرُونَ اللَّهَ لَعَلَّكُمْ تُرْحَمُونَ
ထို"ဆွာလိဟ်"က အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အဘယ်ကြောင့် ကရုဏာတော်၏အလျင် အပြစ်ဒဏ်ကို အလျင်လိုကြသနည်း။ အသင်တို့သည် ကရုဏာပြုတော်မူခြင်းခံကြရအံ့သောငှာ အဘယ်ကြောင့် အလ္လာဟ်အရှင်မြတ် အထံတော်၌ ချမ်းသာခွင့်ကို တောင်းခံခြင်း မပြုကြသနည်းဟု ပြောကြားခဲ့လေ၏။
47 قَالُوا اطَّيَّرْنَا بِكَ وَبِمَن مَّعَكَ ۚ قَالَ طَائِرُكُمْ عِندَ اللَّهِ ۖ بَلْ أَنتُمْ قَوْمٌ تُفْتَنُونَ
ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် အသင့်အားဖြင့်လည်းကောင်း၊ အသင်၏အပေါင်းပါတို့ အားဖြင့်လည်းကောင်း၊ နိမိတ်ဆိုးကောက်ကြသည်ဟု ပြောဆိုခဲ့ကြကုန်၏။(ထိုအခါ)ထို"ဆွာလိဟ်"က အသင်တို့၏ နိမိတ်ဆိုး(၏အကြောင်းအကြောင်းရင်း)မှာ အလ္လာဟ်အရှင်မြတ် အထံတော်၌ပင်ရှိပေသည်။ ထိုသို့ အလျှင်းမဟုတ်။ စင်စစ်မှာကား အသင်တို့သည် စမ်းသပ်ခြင်းကို ခံကြရမည်ဖြစ်သော အမျိုးသားများပင် ဖြစ်ကြ၏သည်ဟု ပြောကြားခဲ့ပေသတည်း။
48 وَكَانَ فِي الْمَدِينَةِ تِسْعَةُ رَهْطٍ يُفْسِدُونَ فِي الْأَرْضِ وَلَا يُصْلِحُونَ
ထို့ပြင် မြို့တွင်း၌ ယောက်ျားကိုးယောက် ရှိခဲ့ကြရာ၊ ၎င်းတို့သည် တိုင်းပြည်ကို (စည်ကားသာယာအောင်) ပြုပြင်ကြခြင်းမရှိဘဲ၊ ဖျက်ဆီးမှုကိုသာ ပြုလုပ်လျက်ရှိ ကြကုန်၏။
ဘာသာပြန် — အန်-နမ်လ် 46 စူရာ အန်-နမ်လ် အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို"ဆွာလိဟ်"က အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည် အဘယ်ကြောင့် ကရုဏာတော်၏အလျင် အပြစ်ဒဏ်ကို အလျင်လိုကြသနည်း။ အသင်တို့သည် ကရုဏာပြုတော်မူခြင်းခံကြရအံ့သောငှာ အဘယ်ကြောင့်…
စူရာ အာယာသ် 46/93 — စူရာ အန်-နမ်လ် النمل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နမ်လ် နားထောင်, စူရာ အန်-နမ်လ် ဘာသာပြန်, စူရာ အန်-နမ်လ် mp3, စူရာ အန်-နမ်လ် pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.