قَالَ الَّذِينَ حَقَّ عَلَيْهِمُ الْقَوْلُ رَبَّنَا هَٰؤُلَاءِ الَّذِينَ أَغْوَيْنَا أَغْوَيْنَاهُمْ كَمَا غَوَيْنَا ۖ تَبَرَّأْنَا إِلَيْكَ ۖ مَا كَانُوا إِيَّانَا يَعْبُدُونَ ٦٣
🔤 Transliteration
Qaalal lazeena haqqa `alaihimul qawlu Rabbanaa haaa`ulaaa`il lazeena aghwainaa aghwainaahu kamaa ghawainaa tabarraanaaa ilaika maa kaanoo iyyaanaa ya`budoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(ထိုအခါ) အကြင်သူတို့က ထိုသူတို့အပေါ်၌ ငါအရှင်မြတ်၏အမိန့်တော်သည် သက်ရောက်ခဲ့လေပြီ ဟုလျှောက်ထားကြလေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဤသူတို့ကိုပင် ကျွန်တော်မျိုးတို့သည် လမ်းလွဲစေခဲ့ကြပါသည်။ (အမှန်မှာ) ကျွန်တော်မျိုးတို့သည် မိမိတို့ကိုယ်တိုင် လမ်းမှားခဲ့ကြသည့်နည်းတူ ၎င်းတို့အားလည်း လမ်းလွဲစေခဲ့ကြခြင်းသာဖြစ်ပါသည်။ (ယခုသော်ကား)အရှင်မြတ်၏ရှေ့တော်မှောက်၌ (၎င်းတို့နှင့်ကျွန်တော်မျိုး တို့မှာမည်သို့မျှ)မပက်သက်ကြောင်း လျှောက်ထားပါသည်။ (စင်စစ်)၎င်းတို့မှာ ကျွန်တော်မျိုးတို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်မဟုတ်ပါ။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်များ: حَقَّ عَلَيْهِمُ الْقَوْلُ: သူတို့အပေါ် စကားတော် (ပြစ်ဒဏ်ဆိုင်ရာ ကတိစကားတော်) ကျရောက်ပြီးဖြစ်သော၊ ဆိုလိုသည်မှာ ငရဲမီးဖြင့် ပြည့်စေမည်ဟူသော အမိန့်တော် ကျရောက်ပြီးဖြစ်သော။ أَغْوَيْنَا: ငါတို့ လမ်းလွဲစေခဲ့သည်၊ လမ်းမှားသို့ ပို့ဆောင်ခဲ့သည်။ غَوَيْنَا: ငါတို့ လမ်းလွဲခဲ့ကြသည်၊ လမ်းမှားသို့ ရောက်ခဲ့ကြသည်။ تَبَرَّأْنَا إِلَيْكَ: အသင် (အလ္လာဟ်) ထံ ငါတို့ ကင်းလွတ်ကြောင်း ကြေညာသည်၊ သူတို့နှင့် ငါတို့ ဆက်စပ်မှု မရှိကြောင်း ရှင်းလင်းစွာ ပြောဆိုသည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ကာဖိရ်ခေါင်းဆောင်များနှင့် လမ်းလွဲစေသူများကို စုရုံးစေတော်မူသောအခါ သူတို့သည် မိမိတို့၏ နောက်လိုက်များကို ညွှန်ပြပြီး ဤသို့ ပြောဆိုကြမည်။ သူတို့သည် ပြစ်ဒဏ်ဆိုင်ရာ ကတိစကားတော် ကျရောက်ပြီးဖြစ်သော ကာဖိရ်ခေါင်းဆောင်များဖြစ်ကြသည်။ သူတို့က "အို ကျွန်ုပ်တို့၏ အရှင်မြတ်၊ ဤသူများသည် ကျွန်ုပ်တို့ လမ်းလွဲစေခဲ့သော သူများဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် သူတို့ကို လမ်းလွဲစေခဲ့သကဲ့သို့ ကျွန်ုပ်တို့ကိုယ်တိုင်လည်း လမ်းလွဲခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် သူတို့နှင့် ဆက်စပ်မှုမှ ကင်းလွတ်ကြောင်း အသင့်ထံ ကြေညာပါသည်။ အမှန်စင်စစ် သူတို့သည် ကျွန်ုပ်တို့ကို ကိုးကွယ်ခဲ့ကြသည် မဟုတ်ပါ။"
ဆိုလိုသည်မှာ ကာဖိရ်ခေါင်းဆောင်များသည် မိမိတို့၏ နောက်လိုက်များကို အတင်းအကြပ် လမ်းလွဲစေခဲ့ခြင်း မဟုတ်ဘဲ သူတို့ကိုယ်တိုင် လမ်းလွဲခဲ့ကြသကဲ့သို့ နောက်လိုက်များလည်း မိမိတို့ဆန္ဒအလျောက် လမ်းလွဲခဲ့ကြခြင်းဖြစ်သည်။ သို့သော် ခေါင်းဆောင်များသည် နောက်လိုက်များကို လှည့်ဖြားမှုများ ပြုလုပ်ခဲ့ကြသည်။ ကိယာမသ်နေ့တွင် ခေါင်းဆောင်များသည် နောက်လိုက်များနှင့် ဆက်စပ်မှုမရှိကြောင်း အလ္လာဟ်အရှင်မြတ်ထံ ကြေညာကြမည်။ အမှန်စင်စစ် နောက်လိုက်များသည် ခေါင်းဆောင်များကို ကိုးကွယ်ခဲ့ကြခြင်း မဟုတ်ဘဲ ရှိုင်သွာန်များကို ကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။ သို့မဟုတ် သူတို့သည် မိမိတို့၏ စိတ်ဆန္ဒများကိုသာ လိုက်နာခဲ့ကြခြင်းဖြစ်သည်။
ဤအာယသ်တော
قَالَ ٱلَّذِينَ حَقَّ عَلَيۡهِمُ ٱلۡقَوۡلُ رَبَّنَا هَٰٓؤُلَآءِ ٱلَّذِينَ أَغۡوَيۡنَآ أَغۡوَيۡنَٰهُمۡ كَمَا غَوَيۡنَاۖ تَبَرَّأۡنَآ إِلَيۡكَۖ مَا كَانُوٓاْ إِيَّانَا يَعۡبُدُونَ ٦٣
(ထိုအခါ) အကြင်သူတို့က ထိုသူတို့အပေါ်၌ ငါအရှင်မြတ်၏အမိန့်တော်သည် သက်ရောက်ခဲ့လေပြီ ဟုလျှောက်ထားကြလေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဤသူတို့ကိုပင် ကျွန်တော်မျိုးတို့သည် လမ်းလွဲစေခဲ့ကြပါသည်။ (အမှန်မှာ) ကျွန်တော်မျိုးတို့သည် မိမိတို့ကိုယ်တိုင် လမ်းမှားခဲ့ကြသည့်နည်းတူ ၎င်းတို့အားလည်း လမ်းလွဲစေခဲ့ကြခြင်းသာဖြစ်ပါသည်။ (ယခုသော်ကား)အရှင်မြတ်၏ရှေ့တော်မှောက်၌ (၎င်းတို့နှင့်ကျွန်တော်မျိုး တို့မှာမည်သို့မျှ)မပက်သက်ကြောင်း လျှောက်ထားပါသည်။ (စင်စစ်)၎င်းတို့မှာ ကျွန်တော်မျိုးတို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်မဟုတ်ပါ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 61-65 — စူရာ အလ်-ကစာစ်
61 أَفَمَن وَعَدْنَاهُ وَعْدًا حَسَنًا فَهُوَ لَاقِيهِ كَمَن مَّتَّعْنَاهُ مَتَاعَ الْحَيَاةِ الدُّنْيَا ثُمَّ هُوَ يَوْمَ الْقِيَامَةِ مِنَ الْمُحْضَرِينَ
သို့ဖြစ်ပေရာ အကြင်သူအား ငါအရှင်မြတ်သည် ကောင်းမြတ်သောကတိ ပေးတော်မူခဲ့၏။ တစ်ဖန် ထိုသူသည် ယင်းကတိပေးချက်အတိုင်း တွေ့ကြုံ(ခံစား)ရမည့်သူလည်းဖြစ်၏။ ထိုသူသည် အကြင်သူကဲ့သို့ ဖြစ်နိုင်မည်လော။ ငါအရှင်မြတ်သည် ထိုသူအား ဤမျက်မှောက် လောကီဘဝ၏ အကျိုးခံစားခွင့်ကို ပေးတော်မူခဲ့၏။ ထို့နောက် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် ထိုသူမှာ ဖမ်းဆီး၍ ရှေ့တော်မှောက် သွင်းခြင်းကို ခံကြရသောသူတို့အနက်မှ ဖြစ်ချေမည်။
62 وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنتُمْ تَزْعُمُونَ
အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့အား’အသင်တို့ ထင်မှတ်(ကိုးကွယ်)လျက် ရှိခဲ့ကြကုန်သော ငါအရှင်မြတ်၏ တွဲဖက်များသည် အဘယ်မှာနည်း’ ဟု ဟစ်ခေါ်မိန့်ကြားတော်မူပေမည်။
63 قَالَ الَّذِينَ حَقَّ عَلَيْهِمُ الْقَوْلُ رَبَّنَا هَٰؤُلَاءِ الَّذِينَ أَغْوَيْنَا أَغْوَيْنَاهُمْ كَمَا غَوَيْنَا ۖ تَبَرَّأْنَا إِلَيْكَ ۖ مَا كَانُوا إِيَّانَا يَعْبُدُونَ
(ထိုအခါ) အကြင်သူတို့က ထိုသူတို့အပေါ်၌ ငါအရှင်မြတ်၏အမိန့်တော်သည် သက်ရောက်ခဲ့လေပြီ ဟုလျှောက်ထားကြလေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဤသူတို့ကိုပင် ကျွန်တော်မျိုးတို့သည် လမ်းလွဲစေခဲ့ကြပါသည်။ (အမှန်မှာ) ကျွန်တော်မျိုးတို့သည် မိမိတို့ကိုယ်တိုင် လမ်းမှားခဲ့ကြသည့်နည်းတူ ၎င်းတို့အားလည်း လမ်းလွဲစေခဲ့ကြခြင်းသာဖြစ်ပါသည်။ (ယခုသော်ကား)အရှင်မြတ်၏ရှေ့တော်မှောက်၌ (၎င်းတို့နှင့်ကျွန်တော်မျိုး တို့မှာမည်သို့မျှ)မပက်သက်ကြောင်း လျှောက်ထားပါသည်။ (စင်စစ်)၎င်းတို့မှာ ကျွန်တော်မျိုးတို့အား ဆည်းကပ်ကိုးကွယ်ခဲ့ကြသည်မဟုတ်ပါ။
64 وَقِيلَ ادْعُوا شُرَكَاءَكُمْ فَدَعَوْهُمْ فَلَمْ يَسْتَجِيبُوا لَهُمْ وَرَأَوُا الْعَذَابَ ۚ لَوْ أَنَّهُمْ كَانُوا يَهْتَدُونَ
ထိုမှတစ်ပါး (၎င်းတို့မှာ) ‘အသင်တို့သည် မိမိတို့(ဆည်းကပ်ကိုးကွယ်ခဲ့ကြကုန်သော)တွဲဖက်များအား ခေါ်ယူကြလေကုန်’ ဟု အမိန့်ပေးတော်မူခြင်းကို ခံကြရပေမည်။ ထိုအခါ ၎င်းတို့သည် ထိုတွဲဖက်များအား ဟစ်ခေါ်ကြငြားလည်း ထိုတွဲဖက်များက ၎င်းတို့အား ပြန်၍ထူးကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပြစ်ဒဏ်ကို(မျက်ဝါးထင်ထင်)တွေ့မြင်ကြပေမည်။ အကယ်၍သာ ၎င်းတို့သည်(လောကီဘဝ၌ အသက်ထင်ရှားရှိခဲ့ကြစဉ်အခါ၌) တရားလမ်းမှန်ကို ရရှိသူများ ဖြစ်ခဲ့ကြပါလေသော်(ထိုပြစ်ဒဏ်ကို တွေ့မြင်ကြရမည် မဟုတ်ပေတကား)။
65 وَيَوْمَ يُنَادِيهِمْ فَيَقُولُ مَاذَا أَجَبْتُمُ الْمُرْسَلِينَ
ထိုနည်းတူစွာ အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့ကို ဟစ်ခေါ်၍ ‘အသင်တို့သည် ရစူလ်တမန်တော်တို့အား မည်သို့ဖြေကြားခဲ့ကြသနည်း’ ဟု မေးမြန်းတော်မူပေမည်။
ဘာသာပြန် — အလ်-ကစာစ် 63 စူရာ အလ်-ကစာစ် အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) အကြင်သူတို့က ထိုသူတို့အပေါ်၌ ငါအရှင်မြတ်၏အမိန့်တော်သည် သက်ရောက်ခဲ့လေပြီ ဟုလျှောက်ထားကြလေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဤသူတို့ကိုပင် ကျွန်တော်မျိုးတို့သည်…
စူရာ အာယာသ် 63/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.