အလ်-ကစာစ် · 72/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
قُلْ أَرَأَيْتُمْ إِن جَعَلَ اللَّهُ عَلَيْكُمُ النَّهَارَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُم بِلَيْلٍ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ ۝٧٢
Qul ara`aitum in ja`alal laahu `alaikumun nahaara sarmadan ilaa Yawmil Qiyaamati man ilaahun ghairul laahi yaateekum bilailin taskunoona feehi afalaa tubsiroon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်၊)အသင်သည်(၎င်းတို့ အား)ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့် နေ့တိုင်အောင် နေ့ကိုအသင်တို့အပေါ်၌ အမြဲထာဝစဉ် တည်စေတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ အနားယူကြအံ့သောငှာ ညဉ့်ကို အသင်တို့ထံသို့ ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိပါသနည်း။ သို့ပါလျက် အသင်တို့သည် မမြင်ကြလေသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 70-74 — စူရာ အလ်-ကစာစ်

70وَهُوَ اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ لَهُ الْحَمْدُ فِي الْأُولَىٰ وَالْآخِرَةِ ۖ وَلَهُ الْحُكْمُ وَإِلَيْهِ تُرْجَعُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် (တစ်ဆူတည်း)သော ဆည်းကပ်ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ် မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ကား အလျှင်းမရှိပြီ။ ဤမျက်မှောက် လောကီဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ ထိုအရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာအပေါင်းတို့ကို ခံယူထိုက်တော်မူ၏။ ၎င်းပြင် စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်း ထိုအရှင်မြတ်၌သာရှိ၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လည်သွားကြရကုန် အံ့သတည်း။
71قُلْ أَرَأَيْتُمْ إِن جَعَلَ اللَّهُ عَلَيْكُمُ اللَّيْلَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُم بِضِيَاءٍ ۖ أَفَلَا تَسْمَعُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် (ငါ့အား)ပြောပြကြလေကုန်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည်’ကိယာမတ်’ ရှင်ပြန်ထမည့် နေ့တိုင်အောင် ညဉ့်ကို အသင်တို့အပေါ်၌ အမြဲထာဝစဉ် တည်စေတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ထံသို့ အလင်းရောင်ကို ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိပါသနည်း။သို့ပါလျက် အသင်တို့သည် မကြားကြလေသလော။
72قُلْ أَرَأَيْتُمْ إِن جَعَلَ اللَّهُ عَلَيْكُمُ النَّهَارَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُم بِلَيْلٍ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ
(အို-နဗီတမန်တော်၊)အသင်သည်(၎င်းတို့ အား)ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့် နေ့တိုင်အောင် နေ့ကိုအသင်တို့အပေါ်၌ အမြဲထာဝစဉ် တည်စေတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ အနားယူကြအံ့သောငှာ ညဉ့်ကို အသင်တို့ထံသို့ ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိပါသနည်း။ သို့ပါလျက် အသင်တို့သည် မမြင်ကြလေသလော။
73وَمِن رَّحْمَتِهِ جَعَلَ لَكُمُ اللَّيْلَ وَالنَّهَارَ لِتَسْكُنُوا فِيهِ وَلِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
စင်စစ် ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အသင်တို့အဖို့ ညဉ့်နှင့်နေ့ကို၊ အသင်တို့သည် ညဉ့်၌ အနားယူကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(နေ့၌)ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာ ဖွေရှာကြအံ့သောငှာလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့ပေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေဇူးသိတတ်ကြရာသတည်း။
74وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنتُمْ تَزْعُمُونَ
စင်စစ် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ငါအရှင်မြတ်၏ တွဲဖက်များဖြစ်ကြသည်ဟု ထင်မှတ်(ကိုးကွယ်)လျက်ရှိခဲ့ကြသော တွဲဖက်များသည် အဘယ်မှာနည်းဟု ဟစ်ခေါ်မိန့်ကြားတော်မူမည်။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
72အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 72

စူရာ အလ်-ကစာစ် အာယာသ် 72 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်၊)အသင်သည်(၎င်းတို့ အား)ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့် နေ့တိုင်အောင် နေ့ကိုအသင်တို့အပေါ်၌ အမြဲထာဝစဉ် တည်စေတော်မူခဲ့ပါလျှင်…

စူရာ အာယာသ် 72/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 70–74. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers