အလ်-ကစာစ် · 73/88
ဘာသာပြန် အသံနိုင်ငံ — အလ်-ကစာစ်
وَمِن رَّحْمَتِهِ جَعَلَ لَكُمُ اللَّيْلَ وَالنَّهَارَ لِتَسْكُنُوا فِيهِ وَلِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ ۝٧٣
Wa mir rahmatihee ja`ala lakumul laila wannahaara litaskunoo feehi wa litabtaghoo min fadlihee wa la`allakum tashkuroon
📖 မြန်မာဘာသာ
စင်စစ် ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အသင်တို့အဖို့ ညဉ့်နှင့်နေ့ကို၊ အသင်တို့သည် ညဉ့်၌ အနားယူကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(နေ့၌)ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာ ဖွေရှာကြအံ့သောငှာလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့ပေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေဇူးသိတတ်ကြရာသတည်း။

🎧 နားထောင်


📜 အာယာသ် 71-75 — အလ်-ကစာစ်

71قُلْ أَرَأَيْتُمْ إِن جَعَلَ اللَّهُ عَلَيْكُمُ اللَّيْلَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُم بِضِيَاءٍ ۖ أَفَلَا تَسْمَعُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် (ငါ့အား)ပြောပြကြလေကုန်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည်’ကိယာမတ်’ ရှင်ပြန်ထမည့် နေ့တိုင်အောင် ညဉ့်ကို အသင်တို့အပေါ်၌ အမြဲထာဝစဉ် တည်စေတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ထံသို့ အလင်းရောင်ကို ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိပါသနည်း။သို့ပါလျက် အသင်တို့သည် မကြားကြလေသလော။
72قُلْ أَرَأَيْتُمْ إِن جَعَلَ اللَّهُ عَلَيْكُمُ النَّهَارَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُم بِلَيْلٍ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ
(အို-နဗီတမန်တော်၊)အသင်သည်(၎င်းတို့ အား)ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ‘ကိယာမတ်’ ရှင်ပြန်ထမည့် နေ့တိုင်အောင် နေ့ကိုအသင်တို့အပေါ်၌ အမြဲထာဝစဉ် တည်စေတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ အနားယူကြအံ့သောငှာ ညဉ့်ကို အသင်တို့ထံသို့ ဆောင်ကြဉ်းအံ့သော အခြားကိုးကွယ်ရာဟူ၍ မည်သူရှိပါသနည်း။ သို့ပါလျက် အသင်တို့သည် မမြင်ကြလေသလော။
73وَمِن رَّحْمَتِهِ جَعَلَ لَكُمُ اللَّيْلَ وَالنَّهَارَ لِتَسْكُنُوا فِيهِ وَلِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
စင်စစ် ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အသင်တို့အဖို့ ညဉ့်နှင့်နေ့ကို၊ အသင်တို့သည် ညဉ့်၌ အနားယူကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(နေ့၌)ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာ ဖွေရှာကြအံ့သောငှာလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့ပေသည်။ သို့မှသာလျှင် အသင်တို့သည် ကျေဇူးသိတတ်ကြရာသတည်း။
74وَيَوْمَ يُنَادِيهِمْ فَيَقُولُ أَيْنَ شُرَكَائِيَ الَّذِينَ كُنتُمْ تَزْعُمُونَ
စင်စစ် အကြင်နေ့တွင် ထိုအရှင်မြတ်သည် ၎င်းတို့အား အသင်တို့သည် ငါအရှင်မြတ်၏ တွဲဖက်များဖြစ်ကြသည်ဟု ထင်မှတ်(ကိုးကွယ်)လျက်ရှိခဲ့ကြသော တွဲဖက်များသည် အဘယ်မှာနည်းဟု ဟစ်ခေါ်မိန့်ကြားတော်မူမည်။
75وَنَزَعْنَا مِن كُلِّ أُمَّةٍ شَهِيدًا فَقُلْنَا هَاتُوا بُرْهَانَكُمْ فَعَلِمُوا أَنَّ الْحَقَّ لِلَّهِ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
၎င်းပြင် ငါအရှင်မြတ်သည် သာသနာဝင် အုပ်စုတိုင်းမှ သက်သေတစ်ဦးစီကို ထုတ်ပြတော် မူပြီးလျှင် (ကာဖိရ်သွေဖည် ငြင်းပယ်ကြကုန်သော သူတို့အား) ‘အသင်တို့သည်(ယှဉ်တွဲ ကိုးကွယ်မှု မှန်ကန်ကြောင်းနှင့် စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓက အထောက်အထားကို တင်ပြကြလေကုန်’ဟုမိန့်ကြား တော်မူမည်။ ထိုအခါ ၎င်းတို့သည် မှန်ကန်မှုမှာ(အမှန်တရားမှာ) အလ္လာဟ်အရှင်မြတ် ၌သာရှိကြောင်း ကောင်းစွာ သိရှိသွားကြပေမည်။ ၎င်းပြင် ၎င်းတို့လီဆယ် ဖန်တီးလေ့ရှိခဲ့ကြသော အရာများမှာလည်း ၎င်းတို့ထံမှ ပျောက်ပျက်၍သွားကြပေမည်။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
73အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 73

စူရာ အလ်-ကစာစ် အာယာသ် 73 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် ထိုအရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အသင်တို့အဖို့ ညဉ့်နှင့်နေ့ကို၊ အသင်တို့သည် ညဉ့်၌ အနားယူကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(နေ့၌)ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော…

စူရာ အာယာသ် 73/88 — အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-ကစာစ် နားထောင်, အလ်-ကစာစ် ဘာသာပြန်, အလ်-ကစာစ် mp3, အလ်-ကစာစ် pdf. အာယာသ် 71–75. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers