အာလ်-အိမရာန် · 106/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
يَوْمَ تَبْيَضُّ وُجُوهٌ وَتَسْوَدُّ وُجُوهٌ ۚ فَأَمَّا الَّذِينَ اسْوَدَّتْ وُجُوهُهُمْ أَكَفَرْتُم بَعْدَ إِيمَانِكُمْ فَذُوقُوا الْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ ۝١٠٦
Yawma tabyaddu wujoohunw wa taswaddu wujooh; faammal lazeenas waddat wujoohum akafartum ba`da eemaanikum fazooqul `azaaba bimaa kuntum takfuroon
📖 မြန်မာဘာသာ
ထို(လာလတ္တံ့သော ရှင်ပြန်ထမည့်) နေ့၌ များစွာသော(သူတို့၏) မျက်နှာများသည် (ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံ၍ သန့်ရှင်းကြည်လင်)ဖြူစင်စွာ ရှိကြကုန်အံ့။ သို့ရာတွင်များစွာသော (သူတို့၏) မျက်နှာများမှာမူကား (ဣန္ဒြေကင်းမဲ့)လျက် မည်းနက်စွာ ရှိကြကုန်အံ့။ ထိုအခါ မည်းနက်သောမျက်နှာရှင်တို့အား အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြသည် မဟုတ်လော၊။သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့ ငြင်းပယ်သွေဖယ်ခဲ့ကြသည့်အတွက် အပြစ်ဒဏ်၏ အရသာကို မြည်းစမ်းကြကုန်လော့ (ဟု မိန့်ကြားတော်မူပေမည်)။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • تَبْيَضُّ : ဖြူဖွေးလာသည်၊ ဝင်းပနေသည်။
  • تَسْوَدُّ : မည်းနက်လာသည်၊ မှောင်မိုက်နေသည်။
  • وُجُوهٌ : မျက်နှာများ။
  • أَكَفَرْتُم : သင်တို့သည် ငြင်းပယ်ကြသလော။
  • بَعْدَ إِيمَانِكُمْ : သင်တို့၏ သက်ဝင်ယုံကြည်မှုအပြီးတွင်။
  • فَذُوقُوا : သို့ဖြစ်လျှင် မြည်းစမ်းကြလော့၊ ခံစားကြလော့။
  1. အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်သည် ကိယာမသ်နေ့ (ရှင်ပြန်ထမြောက်ရမည့်နေ့) အကြောင်းကို ဖော်ပြထားပါသည်။ ထိုနေ့တွင် လူအချို့၏ မျက်နှာများသည် ဖြူဖွေးဝင်းပနေမည်ဖြစ်ပြီး၊ အချို့၏ မျက်နှာများမှာမူ မည်းနက်မှောင်မိုက်နေမည် ဖြစ်ပါသည်။

မျက်နှာဖြူဖွေးသူများမှာ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တော်ကို သက်ဝင်ယုံကြည်ပြီး အရှင့်အမိန့်တော်များကို လိုက်နာခဲ့သူများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သူများ ဖြစ်ကြပါသည်။ သူတို့သည် ဝမ်းမြောက်ရွှင်လန်းမှုနှင့် ကြည်နူးဖွယ်ရာ အလင်းရောင်များဖြင့် ထိုနေ့တွင် ပေါ်ထွက်လာကြမည် ဖြစ်ပါသည်။

မျက်နှာမည်းနက်သူများမှာမူ အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်ခဲ့သူများ၊ အရှင့်ရစူလ်တော်ကို မဟုတ်မမှန်ဟု စွပ်စွဲခဲ့သူများ၊ အရှင့်အမိန့်တော်များကို ဖီဆန်ခဲ့သူများ ဖြစ်ကြပါသည်။ သူတို့သည် ရှက်ရွံ့မှုနှင့် ဝမ်းနည်းကြေကွဲမှုတို့ဖြင့် ထိုနေ့တွင် ပေါ်ထွက်လာကြမည် ဖြစ်ပါသည်။

ထို့နောက် မျက်နှာမည်းနက်သူများကို ကဲ့ရဲ့ပြစ်တင်သည့်အနေဖြင့် ဤသို့မေးမြန်းခံရမည် ဖြစ်ပါသည်။ “သင်တို့သည် ယုံကြည်ပြီးနောက်တွင် ငြင်းပယ်ကြသလော။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူကြောင်း သင်တို့ သက်သေခံပြီး၊ အရှင်မြတ်နှင့် ပဋိညာဉ်ပြုပြီးနောက်တွင် အရှင်မြတ်နှင့်တွဲဖက်တွဲဘက် ကိုးကွယ်ရာများ ထားရှိခြင်းဖြင့် ငြင်းပယ်ကြသလော” ဟု မေးမြန်းခံရမည် ဖြစ်ပါသည်။

ထို့နောက် သူတို့အား “သင်တို့၏ ငြင်းပယ်မှုကြောင့် ပြင်ဆင်ထားသော ပြစ်ဒဏ်ကို မြည်းစမ်းကြလော့” ဟု မိန့်တော်မူမည် ဖြစ်ပါသည်။ ဤသည်မှာ သူတို့၏ ငြင်းပယ်မှုနှင့် မယုံကြည်မှုတို့၏ အကျိုးဆက်ပင် ဖြစ်ပါသည်။

3



📜 အာယာသ် 104-108 — စူရာ အာလ်-အိမရာန်

104وَلْتَكُن مِّنكُمْ أُمَّةٌ يَدْعُونَ إِلَى الْخَيْرِ وَيَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنكَرِ ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
၎င်းပြင် အသင်တို့တွင် (အကြင်သို့သော) အဖွဲ့အစည်းတစ်ခု ရှိရပေမည်။ ထိုအဖွဲ့အစည်းသည် (လူသားတို့အား) ကောင်းရာကောင်းကြောင်းဖက်သို့ ဖိတ်ခေါ်ကြရမည်။ထို့ပြင် ကောင်းမြတ်သောအရာ များကို ညွှန်ကြားကြရမည်။၎င်းပြင် ထိုအဖွဲ့ အစည်းသည် မကောင်းမှုများမှ မြစ်တားကြရမည်။ ဤသို့သောသူများသည်ပင်လျှင် (လုံးဝ) အောင်မြင်မည့်သူများ ဖြစ်ကြပေသတည်း။
105وَلَا تَكُونُوا كَالَّذِينَ تَفَرَّقُوا وَاخْتَلَفُوا مِن بَعْدِ مَا جَاءَهُمُ الْبَيِّنَاتُ ۚ وَأُولَٰئِكَ لَهُمْ عَذَابٌ عَظِيمٌ
၎င်းပြင် အသင်တို့သည် အကြင်သူများကဲ့သို့မဖြစ်ကြကုန်လင့်၊ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်၏တစ်ခုတည်းသော သာသနာကိုတစည်းတလုံးတည်း မလိုက်နာကြဘဲ) အချင်းချင်း ကွဲကြသည့်အပြင် မိမိတို့ထံ (အလ္လာဟ်အရှင်မြတ်၏) ထင်ရှားလှစွာသော သက်သေသာဓကများရောက်ရှိလာပြီးသည့်နောက်တွင်လည်း (ဂုဏ်တု ဂုဏ်ပြိုင်ပြုလိုကြ၍) အချင်းချင်းကွဲလွဲခဲ့ကြကုန်၏။ အမှန်သော်ကားယင်း(ကဲ့သို့သော) သူတို့အဘို့သာ လျှင် ကြီးလေ�သောအပြစ်ဒဏ်သည် ရှိပေသည်။
106يَوْمَ تَبْيَضُّ وُجُوهٌ وَتَسْوَدُّ وُجُوهٌ ۚ فَأَمَّا الَّذِينَ اسْوَدَّتْ وُجُوهُهُمْ أَكَفَرْتُم بَعْدَ إِيمَانِكُمْ فَذُوقُوا الْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ
ထို(လာလတ္တံ့သော ရှင်ပြန်ထမည့်) နေ့၌ များစွာသော(သူတို့၏) မျက်နှာများသည် (ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံ၍ သန့်ရှင်းကြည်လင်)ဖြူစင်စွာ ရှိကြကုန်အံ့။ သို့ရာတွင်များစွာသော (သူတို့၏) မျက်နှာများမှာမူကား (ဣန္ဒြေကင်းမဲ့)လျက် မည်းနက်စွာ ရှိကြကုန်အံ့။ ထိုအခါ မည်းနက်သောမျက်နှာရှင်တို့အား အသင်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြသည် မဟုတ်လော၊။သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့ ငြင်းပယ်သွေဖယ်ခဲ့ကြသည့်အတွက် အပြစ်ဒဏ်၏ အရသာကို မြည်းစမ်းကြကုန်လော့ (ဟု မိန့်ကြားတော်မူပေမည်)။
107وَأَمَّا الَّذِينَ ابْيَضَّتْ وُجُوهُهُمْ فَفِي رَحْمَةِ اللَّهِ هُمْ فِيهَا خَالِدُونَ
သို့ရာတွင် (ကျက်သရေမင်္ဂလာနှင့်ပြည့်စုံ၍)မျက်နှာသန့်ရှင်းကြည်လင် ဖြူစင်သောသူတို့မူကား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်၌ ရှိကြ၍ ထိုကရုဏာတော်၌ပင်ထာဝစဉ် တည်နေကြမည့်သူများ ဖြစ်ကြပေသတည်း။
108تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۗ وَمَا اللَّهُ يُرِيدُ ظُلْمًا لِّلْعَالَمِينَ
(အို-နဗီတမန်တော်) ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ မုခပါဌ်တော်များတည်း။ ငါအရှင်မြတ်သည်ထိုမုခပါဌ်တော်များကို မှန်ကန်စွာဖြင့် အသင်အားကြားနာစေတော်မူ၏။ အမှန် သော်ကား အလ္လာဟ်အရှင်မြတ်သည်စကြာဝဠာ ခပ်သိမ်းတို့ကို အနည်းငယ်မျှပင် မတရားပြုရန်ကြံရွယ်တော်မူသည် မရှိချေ။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
106အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 106

စူရာ အာလ်-အိမရာန် အာယာသ် 106 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(လာလတ္တံ့သော ရှင်ပြန်ထမည့်) နေ့၌ များစွာသော(သူတို့၏) မျက်နှာများသည် (ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံ၍ သန့်ရှင်းကြည်လင်)ဖြူစင်စွာ ရှိကြကုန်အံ့။ သို့ရာတွင်များစွာသော…

စူရာ အာယာသ် 106/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 104–108. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers