အာလ်-အိမရာန် · 124/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
إِذْ تَقُولُ لِلْمُؤْمِنِينَ أَلَن يَكْفِيَكُمْ أَن يُمِدَّكُمْ رَبُّكُم بِثَلَاثَةِ آلَافٍ مِّنَ الْمَلَائِكَةِ مُنزَلِينَ ۝١٢٤
Iz taqoolu lilmu`mineena alai yakfiyakum ai-yumiddakum Rabbukum bisalaasati aalaafim minal malaaa`ikati munzaleen
📖 မြန်မာဘာသာ
(အို - နဗီတမန်တော်) ထိုအခါ သင်သည် (စစ်မြပြင်၌) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ အား (ဤသို့)ပြောကြားလျက် ရှိခဲ့လေသည်။ (ဟယ်-အချင်းတို့) အသင်တို့ကိုမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အား (ထိုအရှင်မြတ် အထံတော်မှ) ဆင်းသက်စေတော်မူခြင်း ခံရလေ သော’မလာအိကဟ်’အပါးတော်စေတမန်သုံးထောင်ဖြင့် ကူညီစောင်မတော်မူခြင်းသည် အသင်တို့အဖို့ မလုံလောက်ပါသလော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 122-126 — စူရာ အာလ်-အိမရာန်

122إِذْ هَمَّت طَّائِفَتَانِ مِنكُمْ أَن تَفْشَلَا وَاللَّهُ وَلِيُّهُمَا ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
ထိုအချိန်တွင် အသင်(မုစ်လင်မ်)တို့အနက်မှလူစုနှစ်စုကားအားလျှော့(၍လှည့်ပြန်ကြ)ရန် ကြံရွယ် ခဲ့ကြလေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်�ိုလူစုနှစ်စုလုံးကိုပင် စောင့်ရှောက် လျက် ရှိတော်မူခဲ့သည်။သို့ဖြစ်ရာ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြကုန်သော မုအ်မာန် အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင်ယုံကြည်စိတ်ချ၍ အားကိုးအားထား)ပြုထိုက်ကြပေသတည်း။
123وَلَقَدْ نَصَرَكُمُ اللَّهُ بِبَدْرٍ وَأَنتُمْ أَذِلَّةٌ ۖ فَاتَّقُوا اللَّهَ لَعَلَّكُمْ تَشْكُرُونَ
အသင်တို့သည် ဗဒ်ရ် (စစ်ပွဲ၌) အင်အား ချည့်နဲ့နေခိုက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဧကန်အမှန်ကူညီတော်မူခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များ ကိုသိတတ်ကြရာသတည်း။
124إِذْ تَقُولُ لِلْمُؤْمِنِينَ أَلَن يَكْفِيَكُمْ أَن يُمِدَّكُمْ رَبُّكُم بِثَلَاثَةِ آلَافٍ مِّنَ الْمَلَائِكَةِ مُنزَلِينَ
(အို - နဗီတမန်တော်) ထိုအခါ သင်သည် (စစ်မြပြင်၌) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ အား (ဤသို့)ပြောကြားလျက် ရှိခဲ့လေသည်။ (ဟယ်-အချင်းတို့) အသင်တို့ကိုမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အား (ထိုအရှင်မြတ် အထံတော်မှ) ဆင်းသက်စေတော်မူခြင်း ခံရလေ သော’မလာအိကဟ်’အပါးတော်စေတမန်သုံးထောင်ဖြင့် ကူညီစောင်မတော်မူခြင်းသည် အသင်တို့အဖို့ မလုံလောက်ပါသလော။
125بَلَىٰ ۚ إِن تَصْبِرُوا وَتَتَّقُوا وَيَأْتُوكُم مِّن فَوْرِهِمْ هَٰذَا يُمْدِدْكُمْ رَبُّكُم بِخَمْسَةِ آلَافٍ مِّنَ الْمَلَائِكَةِ مُسَوِّمِينَ
အဘယ်ကြောင့် မလုံလောက်ပါမည်နည်း။ (မုချလုံလောက်ပေမည်)။ အကယ်၍ အသင်တို့သည် ခနီ္တတရားထားရှိကြပါလျှင်လည်းကောင်း၊ ထိုနည်း တူစွာ အသင်တို့သည်(မြစ်တားထားသောအချက်တို့မှ) ကြည်ရှောင်ကြ ပါလျှင် လည်းကောင်း၊ ထို့ပြင် ထို (ရန်)သူများသည် အသင်တို့ထံ ရုတ်တရက်တမဟုတ်ခြင်း လာရောက်(တိုက်ခိုက်)ကြပါလျှင် လည်းကောင်း၊ အသင်တို့ကို မွေးမြူတော်မူသော အရှင်မြတ်သည်အမှတ်သညာ ထားရှိကြကုန်သော မလာအိကဟ် အပါးတော်စေတမန် ငါးထောင်ဖြင့် အသင်တို့အား ကူညီစောင်မတော်မူလတ္တံ့။
126وَمَا جَعَلَهُ اللَّهُ إِلَّا بُشْرَىٰ لَكُمْ وَلِتَطْمَئِنَّ قُلُوبُكُم بِهِ ۗ وَمَا النَّصْرُ إِلَّا مِنْ عِندِ اللَّهِ الْعَزِيزِ الْحَكِيمِ
အလ္လာဟ်အရှင်မြတ်သည် (တမန်တော်မြတ်၏)ထို (ပြောကြားချက်) ကို အသင်တို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း (ဖြစ်စေရန်)နှင့် ထို (ပြောကြားချက်ကို ကြားသိရခြင်း)အားဖြင့် အသင်တို့၏ စိတ်နှလုံးများတည်ငြိမ်ရန်အတွက်သာလျှင် ပြုတော်မူခဲ့လေသည်။ အမှန်စင်စစ် ကူညီမှုဟူသည်ကား တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသော။ အကျိုးအကြောင်း ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အလ’ာဟအရှင်မြတ်၏အထံတော်မှသာလျှင် ဖြစ်ချေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
124အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 124

စူရာ အာလ်-အိမရာန် အာယာသ် 124 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို - နဗီတမန်တော်) ထိုအခါ သင်သည် (စစ်မြပြင်၌) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ အား (ဤသို့)ပြောကြားလျက်…

စူရာ အာယာသ် 124/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 122–126. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers