ذَٰلِكَ مِنْ أَنبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۚ وَمَا كُنتَ لَدَيْهِمْ إِذْ يُلْقُونَ أَقْلَامَهُمْ أَيُّهُمْ يَكْفُلُ مَرْيَمَ وَمَا كُنتَ لَدَيْهِمْ إِذْ يَخْتَصِمُونَ ٤٤
🔤 Transliteration
Zaalika min ambaaa`il ghaibi nooheehi ilaik; wa maa kunta ladaihim iz yulqoona aqlaamahum ayyuhum yakfulu Maryama wa maa kunta ladaihim iz yakhtasimoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) ဤ(သည့်အတ္ထုပ္ပတ္တိများ)သည် (အသင်၏) မျက်ကွယ်၌ဖြစ်သော သတင်းများအနက်မှဖြစ်ရကား ငါအရှင်မြတ်သည် ထိုအတ္ထုပ္ပတ္တိများကိုအသင့်အား ပြန်ကြားတော် မူလေသည်။ စင်စစ်တမူကားယင်းသူတို့သည် မရ်ယမ် ကို ယင်းသူတို့အနက်မှ မည်သူအုပ်ထိန်းရမည်ကို မဲကောက်ရန်အတွက်) မိမိတို့၏ ကလောင်များကို (ရေထဲ၌) ပစ်ချကြသောအခါတွင်လည်း အသင်သည်ယင်းသူတို့အပါး၌ ရှိခဲ့သည်မဟုတ်။ထိုနည်းတူစွာ ယင်းသူတို့သည် (မဲမကောက်မီ) မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦးငြင်းခုံလျက် ရှိကြသော အခိုက်တွင်လည်း အသင်သည် ယင်းသူ တို့အပါးဝယ် ရှိခဲ့သည်မဟုတ်ချေ။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ စကားလုံးအဓိပ္ပာယ်များ ذَٰلِكَ (ဇာလိက) — ထို (တင်ပြခဲ့သော အကြောင်းအရာ)။أَنبَاءِ الْغَيْبِ (အန်ဘာအိလ်ဂိုင်ဗ်) — မမြင်နိုင်သော ကွယ်ရာသတင်းများ၊ လူသားတို့ မသိရှိနိုင်သော အတိတ်ဖြစ်ရပ်များ။نُوحِيهِ (နူဟီဟိ) — ငါအရှင်မြတ်က ထိုသတင်းကို ဝဟီ (ဗျာဒိတ်) အဖြစ် ချပေးပို့သည်။لَدَيْهِمْ (လဒိုင်ဟိမ်) — သူတို့ထံတွင်၊ သူတို့အနီးအပါးတွင်။أَقْلَامَهُمْ (အက်က်လာမာဟွမ်) — သူတို့၏ ကလောင်တံများ (မဲချရာတွင် အသုံးပြုသော အရာများ)။يَكْفُلُ (ယက်ဖွလု) — အုပ်ထိန်းစောင့်ရှောက်သည်၊ ပြုစုပျိုးထောင်သည်။يَخْتَصِمُونَ (ယခ်သသိမူန) — သူတို့ အချင်းချင်း အငြင်းအခုံဖြစ်ကြသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား မိန့်ကြားတော်မူသည်မှာ — ဇကရိယာ (အ.စ)၊ မာရ်ယမ် (အ.စ) နှင့် အီစာ (အ.စ) တို့နှင့်ပတ်သက်သော ဤအကြောင်းအရာများသည် ကွယ်ရာသတင်းများထဲမှ ဖြစ်သည်။ ဤသတင်းများကို ငါအရှင်မြတ်သည် သင့်ထံ ဝဟီအဖြစ် ချပေးပို့တော်မူသည်။ အကယ်၍ ဤသတင်းများကို ငါအရှင်မြတ် ချပေးပို့တော်မမူပါက သင်သည် ဤအကြောင်းအရာများကို မည်သည့်နည်းနှင့်မျှ သိရှိနိုင်မည် မဟုတ်ပေ။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ် (ဆွ) အား မိန့်ကြားတော်မူသည်မှာ — မာရ်ယမ် (အ.စ) ကို မည်သူ အုပ်ထိန်းစောင့်ရှောက်မည်ကို ဆုံးဖြတ်ရန် ပညာရှင်များနှင့် သူတော်စင်များ အချင်းချင်း အငြင်းအခုံဖြစ်ကြပြီး မဲချရန် သူတို့၏ ကလောင်တံများကို ပစ်ချကြစဉ် သင်သည် သူတို့ထံတွင် ရှိခဲ့သည်မဟုတ်ပေ။ ထို့အတူ သူတို့ အချင်းချင်း အငြင်းအခုံဖြစ်ကြစဉ်လည်း သင်သည် သူတို့ထံတွင် ရှိခဲ့သည်မဟုတ်ပေ။ ဤအဖြစ်အပျက်များသည် သင့်ခေတ်မတိုင်မီ ကာလအတော်ကြာကတည်းက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဖြစ်သည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ထိုအဖြစ်အပျက်များကို သင့်အား ဝဟီအဖြစ် ချပေးပို့တော်မူခြင်းဖြင့် သင်၏ တမန်တော်ဖြစ်ခြင်းကို သက်သေပြတော်မူသည်။
ထိုအဖြစ်အပျက်တွင် မာရ်ယမ် (အ.စ) ကို အုပ်ထိန်းရန် လ
ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهِ إِلَيۡكَۚ وَمَا كُنتَ لَدَيۡهِمۡ إِذۡ يُلۡقُونَ أَقۡلَٰمَهُمۡ أَيُّهُمۡ يَكۡفُلُ مَرۡيَمَ وَمَا كُنتَ لَدَيۡهِمۡ إِذۡ يَخۡتَصِمُونَ ٤٤
(အို-နဗီတမန်တော်) ဤ(သည့်အတ္ထုပ္ပတ္တိများ)သည် (အသင်၏) မျက်ကွယ်၌ဖြစ်သော သတင်းများအနက်မှဖြစ်ရကား ငါအရှင်မြတ်သည် ထိုအတ္ထုပ္ပတ္တိများကိုအသင့်အား ပြန်ကြားတော် မူလေသည်။ စင်စစ်တမူကားယင်းသူတို့သည် မရ်ယမ် ကို ယင်းသူတို့အနက်မှ မည်သူအုပ်ထိန်းရမည်ကို မဲကောက်ရန်အတွက်) မိမိတို့၏ ကလောင်များကို (ရေထဲ၌) ပစ်ချကြသောအခါတွင်လည်း အသင်သည်ယင်းသူတို့အပါး၌ ရှိခဲ့သည်မဟုတ်။ထိုနည်းတူစွာ ယင်းသူတို့သည် (မဲမကောက်မီ) မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦးငြင်းခုံလျက် ရှိကြသော အခိုက်တွင်လည်း အသင်သည် ယင်းသူ တို့အပါးဝယ် ရှိခဲ့သည်မဟုတ်ချေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 42-46 — စူရာ အာလ်-အိမရာန်
42 وَإِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ اصْطَفَاكِ وَطَهَّرَكِ وَاصْطَفَاكِ عَلَىٰ نِسَاءِ الْعَالَمِينَ
တဖန် (သတိရကြလေကုန်) တရံရောအခါ၊မလာအိကဟ် ကောင်းကင်စေတမန်များက (မရ်ယမ်သခင်မအား) အို-မရ်ယမ် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။မနှစ်မြို့ဘွယ်ရာသော အကြာင်း အရာများမှလည်း ကင်းရှင်းစေတော် မူခဲ့လေပြီ။ ၎င်းအပြင် (ယခုတဖန်) အသင့်အားစကြာဝဋ္ဌာ အပေါင်းရှိ အမျိုးသမီးများ တွင်လည်း ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ ဟု ပြောကြားခဲ့ကြလေ သည်။
43 يَا مَرْيَمُ اقْنُتِي لِرَبِّكِ وَاسْجُدِي وَارْكَعِي مَعَ الرَّاكِعِينَ
(သို့ဖြစ်ပေရာ) အို-မရ်ယမ်၊ အသင်သည်မိမိအရှင်မြတ်၏ အမိန့်တော်များကို ဦးထိပ်ရွက် ဆင်လျက်နေပါလေ။ ထို့ပြင်တဝ အသင်သည် စဂျ်ဒဟ် ပျပ်ဝပ်ဦးချ လျက်နေပါလေ။ ထို့ပြင် အသင်သည် ရုကူအ် ကိုင်းညွတ်ရိုက�ိုးသူတို့နှင့် အတူတကွ ရုကူအ် ကိုင်းညွတ် ရိုကျိုးလျက်နေပါလေ(ဟု မလာအိကဟ် အပါးတော် စတမန်များ ကဆက်လက်၍ ပြောကြားကုန်သတည်း)။
44 ذَٰلِكَ مِنْ أَنبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۚ وَمَا كُنتَ لَدَيْهِمْ إِذْ يُلْقُونَ أَقْلَامَهُمْ أَيُّهُمْ يَكْفُلُ مَرْيَمَ وَمَا كُنتَ لَدَيْهِمْ إِذْ يَخْتَصِمُونَ
(အို-နဗီတမန်တော်) ဤ(သည့်အတ္ထုပ္ပတ္တိများ)သည် (အသင်၏) မျက်ကွယ်၌ဖြစ်သော သတင်းများအနက်မှဖြစ်ရကား ငါအရှင်မြတ်သည် ထိုအတ္ထုပ္ပတ္တိများကိုအသင့်အား ပြန်ကြားတော် မူလေသည်။ စင်စစ်တမူကားယင်းသူတို့သည် မရ်ယမ် ကို ယင်းသူတို့အနက်မှ မည်သူအုပ်ထိန်းရမည်ကို မဲကောက်ရန်အတွက်) မိမိတို့၏ ကလောင်များကို (ရေထဲ၌) ပစ်ချကြသောအခါတွင်လည်း အသင်သည်ယင်းသူတို့အပါး၌ ရှိခဲ့သည်မဟုတ်။ထိုနည်းတူစွာ ယင်းသူတို့သည် (မဲမကောက်မီ) မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦးငြင်းခုံလျက် ရှိကြသော အခိုက်တွင်လည်း အသင်သည် ယင်းသူ တို့အပါးဝယ် ရှိခဲ့သည်မဟုတ်ချေ။
45 إِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِّنْهُ اسْمُهُ الْمَسِيحُ عِيسَى ابْنُ مَرْيَمَ وَجِيهًا فِي الدُّنْيَا وَالْآخِرَةِ وَمِنَ الْمُقَرَّبِينَ
(ပြန်လည်အောက်မေ့ သတိရရှိကြကုန်)၊ အခါတစ်ပါး၌ မလာအိကဟ် ကောင်းကင်တမန်များ က (မရ်ယမ်အား) ဤသို့ပြောဆိုကြကုန်၏။ အို-မရ်ယမ်၊ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မိမိထံတော်မှ မုက္ခပါဌ်တော် [(ဝါ)အလ္လာဟ်၏ မုက္ခပါဌ်တော်ဟူသော ဘွဲ့နာမဖြင့် ကျော်ကြားမည့် သားတော်တပါး ရရှိမည့်အကြောင်း] နှင့် ပတ်သက်၍ဝမ်းမြောက်ဘွယ်ရာ မင်္ဂလာသတင်းကို အသင့်ထံသို့ပို့တော်မူ၏။ ယင်း(သားကောင်းရတနာ)၏ အမည် နာမ(နှင့်ဘွဲ့)မှာ မရ်ယမ်၏သား အီစာ၊ မစီဟ် ဟူ၍ဖြစ်အံ့၊ ယင်းအီစာသည် မျက်မှောက်ဘဝ၌၎င်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ဂုဏ်အသရေ ရှိသူလည်းဖြစ်အံ့။ အလ္လာဟ် အရှင်မြတ်နှင့် ီးစပ်သောသူတို့ဘောင်တွင် အပါအဝင်လည်းဖြစ်အံ့။
46 وَيُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا وَمِنَ الصَّالِحِينَ
၎င်းပြင် ယင်းအီစာသည် (အလ္လာဟ်အရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာများရရှိခြင်းကြောင့်) ပုခက်တွင်း၌လည်းကောင်း၊ အရွယ်ရောက်သော အခါ၌လည်းကောင်း၊ လူခပင်းတို့နှင့်စကားစမြည်ပြောဆိုအံ့။ ၎င်းပြင်ယင်းအီစာသည် သူတော်စင်သူတော် ကောင်းတို့ဘောင်တွင်အပါအဝင်လည်း ဖြစ်အံ့။
ဘာသာပြန် — အာလ်-အိမရာန် 44 စူရာ အာလ်-အိမရာန် အာယာသ် 44 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) ဤ(သည့်အတ္ထုပ္ပတ္တိများ)သည် (အသင်၏) မျက်ကွယ်၌ဖြစ်သော သတင်းများအနက်မှဖြစ်ရကား ငါအရှင်မြတ်သည် ထိုအတ္ထုပ္ပတ္တိများကိုအသင့်အား ပြန်ကြားတော် မူလေသည်။ စင်စစ်တမူကားယင်းသူတို့သည်…
စူရာ အာယာသ် 44/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 42–46. မြန်မာဘာသာ: ภาษาไทย.