إِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِّنْهُ اسْمُهُ الْمَسِيحُ عِيسَى ابْنُ مَرْيَمَ وَجِيهًا فِي الدُّنْيَا وَالْآخِرَةِ وَمِنَ الْمُقَرَّبِينَ ٤٥
🔤 Transliteration
Iz qaalatil malaaa`ikatu yaa Maryamu innal laaha yubashshiruki bi Kalimatim minhus muhul Maseeh u `Eesab nu Maryama wajeehan fid dunyaa wal Aakhirati wa minal muqarrabeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(ပြန်လည်အောက်မေ့ သတိရရှိကြကုန်)၊ အခါတစ်ပါး၌ မလာအိကဟ် ကောင်းကင်တမန်များ က (မရ်ယမ်အား) ဤသို့ပြောဆိုကြကုန်၏။ အို-မရ်ယမ်၊ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မိမိထံတော်မှ မုက္ခပါဌ်တော် [(ဝါ)အလ္လာဟ်၏ မုက္ခပါဌ်တော်ဟူသော ဘွဲ့နာမဖြင့် ကျော်ကြားမည့် သားတော်တပါး ရရှိမည့်အကြောင်း] နှင့် ပတ်သက်၍ဝမ်းမြောက်ဘွယ်ရာ မင်္ဂလာသတင်းကို အသင့်ထံသို့ပို့တော်မူ၏။ ယင်း(သားကောင်းရတနာ)၏ အမည် နာမ(နှင့်ဘွဲ့)မှာ မရ်ယမ်၏သား အီစာ၊ မစီဟ် ဟူ၍ဖြစ်အံ့၊ ယင်းအီစာသည် မျက်မှောက်ဘဝ၌၎င်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ဂုဏ်အသရေ ရှိသူလည်းဖြစ်အံ့။ အလ္လာဟ် အရှင်မြတ်နှင့် ီးစပ်သောသူတို့ဘောင်တွင် အပါအဝင်လည်းဖြစ်အံ့။
🌐 Additional reference in ภาษาไทย
ကလိမဟ် (كلمة ) ၏ အဓိပ္ပာယ်: ဤနေရာတွင် အလ္လာဟ်အရှင်မြတ်၏ “ကူန်” (ဖြစ်စေ) ဟူသော အမိန့်တော်ကို ဆိုလိုသည်။ မာစီဟ် (المسيح ) ၏ အဓိပ္ပာယ်: အိီစာ (عيسى ) ၏ ဘွဲ့အမည်ဖြစ်ပြီး ကောင်းချီးခံရသူဟု အဓိပ္ပာယ်ရသည်။
ဝဂျီဟန် (وجيها ) ၏ အဓိပ္ပာယ်: ဂုဏ်သတင်းကြီးမားသူ၊ အဆင့်အတန်းမြင့်မားသူဟု ဆိုလိုသည်။
မုကရ္ရဗီန် (المقربين ) ၏ အဓိပ္ပာယ်: အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်စွာ ချဉ်းကပ်ခွင့်ရသူများဟု ဆိုလိုသည်။
တမန်တော်မုဟမ္မဒ် (ဆွ) အား အလ္လာဟ်အရှင်မြတ်က “မာရ်ယမ်၏အဖြစ်အပျက်ကို သတိရပါ” ဟု မိန့်တော်မူခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်တမန်များက မာရ်ယမ်အား “အို မာရ်ယမ်၊ အလ္လာဟ်အရှင်မြတ်သည် သင့်အား သတင်းကောင်းတစ်ခု ပေးအပ်တော်မူသည်။ ထိုသတင်းကောင်းမှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အားဖြင့် ဖြစ်ပေါ်လာမည့် သားတော်တစ်ပါးဖြစ်သည်။ သူ့ကို မာစီဟ် အိီစာ အိဗ်နုမာရ်ယမ် (မာရ်ယမ်၏သား မာစီဟ်အိီစာ) ဟု အမည်ပေးမည်ဖြစ်သည်။ သူသည် ဤလောကနှင့် နောင်လောကတွင် ဂုဏ်သတင်းကြီးမားသူဖြစ်ပြီး အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်စွာ ချဉ်းကပ်ခွင့်ရသူများထဲတွင် ပါဝင်မည်ဖြစ်သည်” ဟု ပြောဆိုခဲ့ကြသည်။ ဤသားတော်သည် ဖခင်မပါဘဲ ဖွားမြင်လာမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က “ဖြစ်စေ” ဟု မိန့်တော်မူလိုက်သည်နှင့် ဖြစ်ပေါ်လာမည်ဖြစ်သည်။ သူ့ကို မိခင်ဖြစ်သူ မာရ်ယမ်၏အမည်နှင့်သာ တွဲဖက်ခေါ်ဆိုခြင်းသည် ဖခင်မရှိကြောင်း ထင်ရှားစေသည်။ သူသည် ဤလောကတွင် တမန်တော်အဖြစ် ဂုဏ်ပြုခံရပြီး လူသားများထက် ဦးစားပေးခံရသည်။ နောင်လောကတွင်လည်း ကြီးမြတ်သော အဆင့်အတန်းနှင့် ရောက်ရှိမည်ဖြစ်သည်။ ထို့အပြင် သူသည် အလ္လာဟ်အရှင်မြတ်နှင့် အလွန်နီးကပ်သော ဂုဏ်ပုဒ်ကို ရရှိမည်ဖြစ်သည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိလျှင် မည်သည့်အရာကိုမဆို ဖန်တီးနိုင်စွမ်းရှိကြောင်း သိရှိစေသည်။ ဖခင်မပါဘဲ သားတော်တစ်ပါး ဖွားမြင်စေခြင်းသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကို ထင်ရှားစေသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျ
إِذۡ قَالَتِ ٱلۡمَلَٰٓئِكَةُ يَٰمَرۡيَمُ إِنَّ ٱللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِّنۡهُ ٱسۡمُهُ ٱلۡمَسِيحُ عِيسَى ٱبۡنُ مَرۡيَمَ وَجِيهًا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمِنَ ٱلۡمُقَرَّبِينَ ٤٥
(ပြန်လည်အောက်မေ့ သတိရရှိကြကုန်)၊ အခါတစ်ပါး၌ မလာအိကဟ် ကောင်းကင်တမန်များ က (မရ်ယမ်အား) ဤသို့ပြောဆိုကြကုန်၏။ အို-မရ်ယမ်၊ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မိမိထံတော်မှ မုက္ခပါဌ်တော် [(ဝါ)အလ္လာဟ်၏ မုက္ခပါဌ်တော်ဟူသော ဘွဲ့နာမဖြင့် ကျော်ကြားမည့် သားတော်တပါး ရရှိမည့်အကြောင်း] နှင့် ပတ်သက်၍ဝမ်းမြောက်ဘွယ်ရာ မင်္ဂလာသတင်းကို အသင့်ထံသို့ပို့တော်မူ၏။ ယင်း(သားကောင်းရတနာ)၏ အမည် နာမ(နှင့်ဘွဲ့)မှာ မရ်ယမ်၏သား အီစာ၊ မစီဟ် ဟူ၍ဖြစ်အံ့၊ ယင်းအီစာသည် မျက်မှောက်ဘဝ၌၎င်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ဂုဏ်အသရေ ရှိသူလည်းဖြစ်အံ့။ အလ္လာဟ် အရှင်မြတ်နှင့် ီးစပ်သောသူတို့ဘောင်တွင် အပါအဝင်လည်းဖြစ်အံ့။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 43-47 — စူရာ အာလ်-အိမရာန်
43 يَا مَرْيَمُ اقْنُتِي لِرَبِّكِ وَاسْجُدِي وَارْكَعِي مَعَ الرَّاكِعِينَ
(သို့ဖြစ်ပေရာ) အို-မရ်ယမ်၊ အသင်သည်မိမိအရှင်မြတ်၏ အမိန့်တော်များကို ဦးထိပ်ရွက် ဆင်လျက်နေပါလေ။ ထို့ပြင်တဝ အသင်သည် စဂျ်ဒဟ် ပျပ်ဝပ်ဦးချ လျက်နေပါလေ။ ထို့ပြင် အသင်သည် ရုကူအ် ကိုင်းညွတ်ရိုက�ိုးသူတို့နှင့် အတူတကွ ရုကူအ် ကိုင်းညွတ် ရိုကျိုးလျက်နေပါလေ(ဟု မလာအိကဟ် အပါးတော် စတမန်များ ကဆက်လက်၍ ပြောကြားကုန်သတည်း)။
44 ذَٰلِكَ مِنْ أَنبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۚ وَمَا كُنتَ لَدَيْهِمْ إِذْ يُلْقُونَ أَقْلَامَهُمْ أَيُّهُمْ يَكْفُلُ مَرْيَمَ وَمَا كُنتَ لَدَيْهِمْ إِذْ يَخْتَصِمُونَ
(အို-နဗီတမန်တော်) ဤ(သည့်အတ္ထုပ္ပတ္တိများ)သည် (အသင်၏) မျက်ကွယ်၌ဖြစ်သော သတင်းများအနက်မှဖြစ်ရကား ငါအရှင်မြတ်သည် ထိုအတ္ထုပ္ပတ္တိများကိုအသင့်အား ပြန်ကြားတော် မူလေသည်။ စင်စစ်တမူကားယင်းသူတို့သည် မရ်ယမ် ကို ယင်းသူတို့အနက်မှ မည်သူအုပ်ထိန်းရမည်ကို မဲကောက်ရန်အတွက်) မိမိတို့၏ ကလောင်များကို (ရေထဲ၌) ပစ်ချကြသောအခါတွင်လည်း အသင်သည်ယင်းသူတို့အပါး၌ ရှိခဲ့သည်မဟုတ်။ထိုနည်းတူစွာ ယင်းသူတို့သည် (မဲမကောက်မီ) မိမိတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦးငြင်းခုံလျက် ရှိကြသော အခိုက်တွင်လည်း အသင်သည် ယင်းသူ တို့အပါးဝယ် ရှိခဲ့သည်မဟုတ်ချေ။
45 إِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِّنْهُ اسْمُهُ الْمَسِيحُ عِيسَى ابْنُ مَرْيَمَ وَجِيهًا فِي الدُّنْيَا وَالْآخِرَةِ وَمِنَ الْمُقَرَّبِينَ
(ပြန်လည်အောက်မေ့ သတိရရှိကြကုန်)၊ အခါတစ်ပါး၌ မလာအိကဟ် ကောင်းကင်တမန်များ က (မရ်ယမ်အား) ဤသို့ပြောဆိုကြကုန်၏။ အို-မရ်ယမ်၊ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မိမိထံတော်မှ မုက္ခပါဌ်တော် [(ဝါ)အလ္လာဟ်၏ မုက္ခပါဌ်တော်ဟူသော ဘွဲ့နာမဖြင့် ကျော်ကြားမည့် သားတော်တပါး ရရှိမည့်အကြောင်း] နှင့် ပတ်သက်၍ဝမ်းမြောက်ဘွယ်ရာ မင်္ဂလာသတင်းကို အသင့်ထံသို့ပို့တော်မူ၏။ ယင်း(သားကောင်းရတနာ)၏ အမည် နာမ(နှင့်ဘွဲ့)မှာ မရ်ယမ်၏သား အီစာ၊ မစီဟ် ဟူ၍ဖြစ်အံ့၊ ယင်းအီစာသည် မျက်မှောက်ဘဝ၌၎င်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ဂုဏ်အသရေ ရှိသူလည်းဖြစ်အံ့။ အလ္လာဟ် အရှင်မြတ်နှင့် ီးစပ်သောသူတို့ဘောင်တွင် အပါအဝင်လည်းဖြစ်အံ့။
46 وَيُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا وَمِنَ الصَّالِحِينَ
၎င်းပြင် ယင်းအီစာသည် (အလ္လာဟ်အရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာများရရှိခြင်းကြောင့်) ပုခက်တွင်း၌လည်းကောင်း၊ အရွယ်ရောက်သော အခါ၌လည်းကောင်း၊ လူခပင်းတို့နှင့်စကားစမြည်ပြောဆိုအံ့။ ၎င်းပြင်ယင်းအီစာသည် သူတော်စင်သူတော် ကောင်းတို့ဘောင်တွင်အပါအဝင်လည်း ဖြစ်အံ့။
47 قَالَتْ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٌ وَلَمْ يَمْسَسْنِي بَشَرٌ ۖ قَالَ كَذَٰلِكِ اللَّهُ يَخْلُقُ مَا يَشَاءُ ۚ إِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُن فَيَكُونُ
ထိုသူမ (မရ်ယမ်သခင်မ)သည် (အပါးတော်စေတမန်များ၏ စကားများကို ကြားရလျှင် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ ဤသို့ လျှောက်ထားခဲ့လေသည်)အို-ကျွန်တော်မ၏အရှင်၊ ကျွန်တော်မျိုးမ၌ မည်သည့်နည်းဖြင့်သာ သားရတနာရှိနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကားမည်သည့်ယောက်ျားတဦးတယောက်ကမျှ ကျွန်တော် မျိုးမအားထိတွေ့ဘူးခဲ့သည်မရှိပါ။ (ထိုအခါ) အလ္လာဟ်အရှင်မြတ်က(အို-မရ်ယမ်၊ အသင်၌ မည်သူတဦးတယောက်ကမျှ ထိတွေ့ခြင်းမရှိဘဲလျက်) ဤနည်းအတိုင်းပင် (သားကောင်းရတနာတစ်ပါးရရှိအံ့။ အကြောင်းတမူ ကား) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိရာ ဖန်ဆင်း တော်မူ၏။ ထိုအရှင်မြတ်သည် တစုံတခုသော အရေး ကိစ္စကို စီရင် ပြဋ္ဌာန်းတော်မူသောအခါ ထိုအရေး ကိစ္စကို ဖြစ်စေဟူ၍ မိန့်ကြားတော်မူရုံမျှဖြင့်ထိုအရေးကိစ္စသည် (တမုဟုတ်ခြင်းပင်) ဖြစ်လာ လေသတည်း။
ဘာသာပြန် — အာလ်-အိမရာန် 45 စူရာ အာလ်-အိမရာန် အာယာသ် 45 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ပြန်လည်အောက်မေ့ သတိရရှိကြကုန်)၊ အခါတစ်ပါး၌ မလာအိကဟ် ကောင်းကင်တမန်များ က (မရ်ယမ်အား) ဤသို့ပြောဆိုကြကုန်၏။ အို-မရ်ယမ်၊ အလ္လာဟ်အရှင်မြတ်သည်…
စူရာ အာယာသ် 45/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 43–47. မြန်မာဘာသာ: ภาษาไทย.