အာလ်-အိမရာန် · 82/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
فَمَن تَوَلَّىٰ بَعْدَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْفَاسِقُونَ ۝٨٢
Faman tawallaa ba`da zaalika fa ulaaa`ika humul faasiqoon
📖 မြန်မာဘာသာ
တဖန် အကြင်သူသည် ထို(ကဲ့သို့ ပဋိညာဉ် ထားရှိပြီး)နောက် မျက်နှာလွှဲဖယ် သွားခဲ့ပါမူ၊ ဤကဲ့သို့သော သူတို့သည်သာလျှင် အမိန့်မနာခံ သူများ ဖြစ်ကြပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 80-84 — စူရာ အာလ်-အိမရာန်

80وَلَا يَأْمُرَكُمْ أَن تَتَّخِذُوا الْمَلَائِكَةَ وَالنَّبِيِّينَ أَرْبَابًا ۗ أَيَأْمُرُكُم بِالْكُفْرِ بَعْدَ إِذْ أَنتُم مُّسْلِمُونَ
ထိုနည်းတူစွာ ယင်း(ကဲ့သို့ချီးမြှင့်ခြင်းခံရသော)သူက အသင်တို့အား မလာအိကဟ် အပါးတော်စေတမန်များကိုလည်းကောင်း၊ ဗီတမန်တော်များကိုလည်းကောင်း၊(မိမိတို့အား) မွေးမြူတော်မူသောအသျှင်များအဖြစ် ပြုလုပ်ကြရန်လည်း (မည်သည့်အခါမျှ) ညွှန်ကြားမည် မဟုတ်ပေ။အသင်တို့ (မွတ်စ်လင်မ်)အမိန့်နာခံ သောသူများ ဖြစ်ကြပြီးနောက် ထို(နဗီအဖြစ် ချီးမြှင့်ခြင်းခံရသော)သူသည် အသင်တို့အား သွေဖည်ငြင်းပယ်ရန် ညွှန်ကြားပါမည်လော။
81وَإِذْ أَخَذَ اللَّهُ مِيثَاقَ النَّبِيِّينَ لَمَا آتَيْتُكُم مِّن كِتَابٍ وَحِكْمَةٍ ثُمَّ جَاءَكُمْ رَسُولٌ مُّصَدِّقٌ لِّمَا مَعَكُمْ لَتُؤْمِنُنَّ بِهِ وَلَتَنصُرُنَّهُ ۚ قَالَ أَأَقْرَرْتُمْ وَأَخَذْتُمْ عَلَىٰ ذَٰلِكُمْ إِصْرِي ۖ قَالُوا أَقْرَرْنَا ۚ قَالَ فَاشْهَدُوا وَأَنَا مَعَكُم مِّنَ الشَّاهِدِينَ
ထိုမှတစ်ပါးတုံ (ပြန်လည်အောင့်မေ့ သတိရကြကုန်၊) တရံရော အခါဝယ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူလေသည်။ (အို-နဗီ တမန်အပေါင်းတို့) ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့အား ကျမ်းဂန်ကို၏လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ပေးသနားတော်မူပြီးနောက် အသင်တို့ လက်ဝယ်ရှိနှင့်ပြီးဖြစ်သော ကျမ်းဂန်များကိုထောက်ခံသော ရစူလ်တမန်တော်တစ်ပါးပါးသည် အသင်တို့ထံ ရောက်လတ်သော် အသင်တို့သည် ထိုရစူလ်တမန်တော်ကို (မိမိတို့စိတ်တွင်းမှ) မုချယုံကြည်ကြပေမည်။ ၎င်းပြင် ထိုရစူလ် တမန်တော်ကို(ကာယကံမြောက်လည်း) အားပေး ကူညီကြပေမည်။ထို့နောက် အလ္လာဟ်အရှင်မြတ်က (အို-နဗီတမန်တော်အပေါင်းတို့) အသင်တို့သည် ဝန်ခံကြပြီလော။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို ့သည် ငါအရှင်မြတ်၏ ပဋိညာဉ်တော်ကိုလည်း လက်ခံကြပြီလော ဟု မေးမြန်းတော်မူ၏။(ထိုအခါ နဗီတမန်တော် အပေါင်းတို့က) ကျွန်တော်မျိုးတို့သည် ဝန်ခံကြပါပြီ ဟု တင်လျှောက်ကြလေသည်။(ထိုအခါအလ္လာဟ်အရှင်မြတ်က) သို့ဖြစ်လျှင် အသင်တို့သည် (ဤပဋိညာဉ် ဝန်ခံချက်နှင့် စပ်လျဉ်း၍) အသိသက်သေများဖြစ်ကြကုန်။ ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်အတူ အသိသက်သေများအနက် အပါအဝင်ဖြစ်တော်မူသည် ဟုမိန့်ကြားတော်မူလေသတည်း။
82فَمَن تَوَلَّىٰ بَعْدَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْفَاسِقُونَ
တဖန် အကြင်သူသည် ထို(ကဲ့သို့ ပဋိညာဉ် ထားရှိပြီး)နောက် မျက်နှာလွှဲဖယ် သွားခဲ့ပါမူ၊ ဤကဲ့သို့သော သူတို့သည်သာလျှင် အမိန့်မနာခံ သူများ ဖြစ်ကြပေသည်။
83أَفَغَيْرَ دِينِ اللَّهِ يَبْغُونَ وَلَهُ أَسْلَمَ مَن فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَإِلَيْهِ يُرْجَعُونَ
ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်မှတစ်ပါး၊ အခြား(နည်းလမ်း)ကို စူးစမ်းရှာဖွေလိုကြသလော။ စင်စစ်သော်ကား ကောင်းကင် များနှင့် ပထဝီမြေကြီးတွင် ရှိရှိသမျှသော အရာ ခပ်သိမ်းတို့သည် သဘောတူသည်ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ၊ ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာ လိုက်နာလျက် ရှိကြကုန်သည်။ တဖန် (နောက်ဆုံးတွင်)ထို ခပ်သိမ်းကုန်သောအရာတို့သည် ထိုအရှင်မြတ်၏ အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။
84قُلْ آمَنَّا بِاللَّهِ وَمَا أُنزِلَ عَلَيْنَا وَمَا أُنزِلَ عَلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَالنَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ
(အို-နဗီတမန်တော် မုဟမ္မဒ်) အသင်သည် ပြောကြားပါလေ။ အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အပေါ်ဝယ် ျရောက်လာသောဓမ္မဒေသနာ (ကုရ်အာန် ကျမ်းတော်မြတ်)ကိုလည်းကောင်း၊နဗီတမန်တော် အစ်ဗ်ရာဟီမ်၊ နဗီတမန်တော်အစ္စမာအီလ်၊နဗီ တမန်တော်အစ္စဟာက်၊ နဗီတမန်တော်ယအ်ကူဗ်နှင့် (နဗီတမန် တော်ယအ်ကူဗ်၏) သားမြေး၊ မြစ်တို့ အပေါ်၌ ကျရောက်လာသောဒေသနာတော်များကို လည်းကောင်း၊ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော်မူစာ၊ နဗီတမန်တော် အီစာနှင့် အခြား နဗီတမန်တော် အပေါင်းတို့အား၎င်းတို့၏ အရှင်မြတ်အထံတော်မှ ပေးသနားတော် မူသောဒေသနာတော်များကိုလည်း ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။(တဖန် ယင်းကဲ့သို့ ယုံကြည်ရာ၌) ထိုနဗီတမန်တော် အပေါင်းတို့အနက် တပါးနှင့် တပါး ခွဲခြားခြင်း အလျင်း မပြုကြပါ။အမှန်သော်ကား အကျွန်ုပ်တို့သည် ထို (တစ်ဆူတည်းသော)(အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်များ)ကို လိုက်နာသောမုစ်လင်မ်များ ဖြစ်ကြပါသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
82အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 82

စူရာ အာလ်-အိမရာန် အာယာသ် 82 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တဖန် အကြင်သူသည် ထို(ကဲ့သို့ ပဋိညာဉ် ထားရှိပြီး)နောက် မျက်နှာလွှဲဖယ် သွားခဲ့ပါမူ၊ ဤကဲ့သို့သော သူတို့သည်သာလျှင် အမိန့်မနာခံ…

စူရာ အာယာသ် 82/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 80–84. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers