وَإِذْ أَخَذَ اللَّهُ مِيثَاقَ النَّبِيِّينَ لَمَا آتَيْتُكُم مِّن كِتَابٍ وَحِكْمَةٍ ثُمَّ جَاءَكُمْ رَسُولٌ مُّصَدِّقٌ لِّمَا مَعَكُمْ لَتُؤْمِنُنَّ بِهِ وَلَتَنصُرُنَّهُ ۚ قَالَ أَأَقْرَرْتُمْ وَأَخَذْتُمْ عَلَىٰ ذَٰلِكُمْ إِصْرِي ۖ قَالُوا أَقْرَرْنَا ۚ قَالَ فَاشْهَدُوا وَأَنَا مَعَكُم مِّنَ الشَّاهِدِينَ ٨١
🔤 Transliteration
Wa iz akhazal laahu meesaaqan Nabiyyeena lamaaa aataitukum min Kitaabinw wa Hikmatin summa jaaa`akum Rasoolum musaddiqul limaa ma`akum latu`minunna bihee wa latansurunnah; qaala `aaqrartum wa akhaztum alaa zaalikum isree qaalooo aqrarnaa; qaala fashhadoo wa ana ma`akum minash shaahideen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါးတုံ (ပြန်လည်အောင့်မေ့ သတိရကြကုန်၊) တရံရော အခါဝယ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူလေသည်။ (အို-နဗီ တမန်အပေါင်းတို့) ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့အား ကျမ်းဂန်ကို၏လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ပေးသနားတော်မူပြီးနောက် အသင်တို့ လက်ဝယ်ရှိနှင့်ပြီးဖြစ်သော ကျမ်းဂန်များကိုထောက်ခံသော ရစူလ်တမန်တော်တစ်ပါးပါးသည် အသင်တို့ထံ ရောက်လတ်သော် အသင်တို့သည် ထိုရစူလ်တမန်တော်ကို (မိမိတို့စိတ်တွင်းမှ) မုချယုံကြည်ကြပေမည်။ ၎င်းပြင် ထိုရစူလ် တမန်တော်ကို(ကာယကံမြောက်လည်း) အားပေး ကူညီကြပေမည်။ထို့နောက် အလ္လာဟ်အရှင်မြတ်က (အို-နဗီတမန်တော်အပေါင်းတို့) အသင်တို့သည် ဝန်ခံကြပြီလော။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို ့သည် ငါအရှင်မြတ်၏ ပဋိညာဉ်တော်ကိုလည်း လက်ခံကြပြီလော ဟု မေးမြန်းတော်မူ၏။(ထိုအခါ နဗီတမန်တော် အပေါင်းတို့က) ကျွန်တော်မျိုးတို့သည် ဝန်ခံကြပါပြီ ဟု တင်လျှောက်ကြလေသည်။(ထိုအခါအလ္လာဟ်အရှင်မြတ်က) သို့ဖြစ်လျှင် အသင်တို့သည် (ဤပဋိညာဉ် ဝန်ခံချက်နှင့် စပ်လျဉ်း၍) အသိသက်သေများဖြစ်ကြကုန်။ ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်အတူ အသိသက်သေများအနက် အပါအဝင်ဖြစ်တော်မူသည် ဟုမိန့်ကြားတော်မူလေသတည်း။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာဦးကျမ်းတွင် ပါဝင်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
မીથာက် (مِيثَاق ) — ခိုင်မာသော ကတိသစ္စာ၊ ပဋိညာဉ်။ ဟိက္ကမာ (حِكْمَة ) — ဉာဏ်ပညာ၊ အသိပညာ။ မုဆဒ္ဒိက် (مُصَدِّق ) — အတည်ပြုသူ၊ ထောက်ခံသူ။ အစ်ရ် (إِصْر ) — ကတိသစ္စာ၊ ဝန်ထုပ်ဝန်ပိုး၊ တာဝန်။ အက္ကရရ်တုမ် (أَأَقْرَرْتُمْ ) — သင်တို့ လက်ခံအတည်ပြုပြီးလား။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များအားလုံးထံမှ ခိုင်မာသော ကတိသစ္စာကို ယူတော်မူခဲ့သည့် အကြောင်းကို ဖော်ပြထားပါသည်။ အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များအား “ငါအရှင်မြတ်သည် သင်တို့အား ကျမ်းတော်နှင့် ဉာဏ်ပညာကို ပေးသနားတော်မူပြီးနောက်၊ သင်တို့ထံသို့ သင်တို့လက်ဝယ်ရှိသော ကျမ်းတော်နှင့် ဉာဏ်ပညာကို အတည်ပြုသော ရစူလ်တမန်တော်တစ်ပါး ရောက်လာသောအခါ၊ သင်တို့သည် ထိုရစူလ်တမန်တော်ကို ဧကန်အမှန် ယုံကြည်ရမည်။ ထို့ပြင် သင်တို့သည် ထိုရစူလ်တမန်တော်ကို ကူညီရမည်” ဟု မိန့်တော်မူခဲ့ပါသည်။ ဤတွင် ရည်ညွှန်းခံရသော ရစူလ်တမန်တော်မှာ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဖြစ်ပါသည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များအား “သင်တို့သည် ဤကတိသစ္စာကို လက်ခံအတည်ပြုပြီးလား။ ဤကိစ္စအတွက် ငါအရှင်မြတ်၏ ခိုင်မာသော ကတိသစ္စာကို ခံယူပြီးလား” ဟု မေးမြန်းတော်မူခဲ့ပါသည်။ နဗီတမန်တော်များက “ကျွန်ုပ်တို့ လက်ခံအတည်ပြုပါပြီ” ဟု ဖြေကြားခဲ့ကြပါသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် “သင်တို့သည် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့၏ အူမ္မသ်များအပေါ် သက်သေခံကြလော့။ ငါအရှင်မြတ်သည်လည်း သင်တို့နှင့် သူတို့အပေါ် သက်သေခံသူများထဲတွင် ပါဝင်တော်မူသည်” ဟု မိန့်တော်မူခဲ့ပါသည်။
ဤအာယသ်တော်သည် နဗီတမန်တော်တိုင်းထံမှ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကို ယုံကြည်ရန် နှင့် ကူညီရန် ကတိသစ္စာကို ယူခဲ့သည်ကို ဖော်ပြပါသည်။ ထို့ပြင် နဗီတမန်တော်များ၏ အူမ္မသ်များထံမှလည်း ထိုကတိသစ္စာကို ယူခဲ့ပါသည်။
၃။
وَإِذۡ أَخَذَ ٱللَّهُ مِيثَٰقَ ٱلنَّبِيِّـۧنَ لَمَآ ءَاتَيۡتُكُم مِّن كِتَٰبٍ وَحِكۡمَةٍ ثُمَّ جَآءَكُمۡ رَسُولٌ مُّصَدِّقٌ لِّمَا مَعَكُمۡ لَتُؤۡمِنُنَّ بِهِۦ وَلَتَنصُرُنَّهُۥۚ قَالَ ءَأَقۡرَرۡتُمۡ وَأَخَذۡتُمۡ عَلَىٰ ذَٰلِكُمۡ إِصۡرِيۖ قَالُوٓاْ أَقۡرَرۡنَاۚ قَالَ فَٱشۡهَدُواْ وَأَنَا۠ مَعَكُم مِّنَ ٱلشَّٰهِدِينَ ٨١
ထိုမှတစ်ပါးတုံ (ပြန်လည်အောင့်မေ့ သတိရကြကုန်၊) တရံရော အခါဝယ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူလေသည်။ (အို-နဗီ တမန်အပေါင်းတို့) ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့အား ကျမ်းဂန်ကို၏လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ပေးသနားတော်မူပြီးနောက် အသင်တို့ လက်ဝယ်ရှိနှင့်ပြီးဖြစ်သော ကျမ်းဂန်များကိုထောက်ခံသော ရစူလ်တမန်တော်တစ်ပါးပါးသည် အသင်တို့ထံ ရောက်လတ်သော် အသင်တို့သည် ထိုရစူလ်တမန်တော်ကို (မိမိတို့စိတ်တွင်းမှ) မုချယုံကြည်ကြပေမည်။ ၎င်းပြင် ထိုရစူလ် တမန်တော်ကို(ကာယကံမြောက်လည်း) အားပေး ကူညီကြပေမည်။ထို့နောက် အလ္လာဟ်အရှင်မြတ်က (အို-နဗီတမန်တော်အပေါင်းတို့) အသင်တို့သည် ဝန်ခံကြပြီလော။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို ့သည် ငါအရှင်မြတ်၏ ပဋိညာဉ်တော်ကိုလည်း လက်ခံကြပြီလော ဟု မေးမြန်းတော်မူ၏။(ထိုအခါ နဗီတမန်တော် အပေါင်းတို့က) ကျွန်တော်မျိုးတို့သည် ဝန်ခံကြပါပြီ ဟု တင်လျှောက်ကြလေသည်။(ထိုအခါအလ္လာဟ်အရှင်မြတ်က) သို့ဖြစ်လျှင် အသင်တို့သည် (ဤပဋိညာဉ် ဝန်ခံချက်နှင့် စပ်လျဉ်း၍) အသိသက်သေများဖြစ်ကြကုန်။ ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်အတူ အသိသက်သေများအနက် အပါအဝင်ဖြစ်တော်မူသည် ဟုမိန့်ကြားတော်မူလေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 79-83 — စူရာ အာလ်-အိမရာန်
79 مَا كَانَ لِبَشَرٍ أَن يُؤْتِيَهُ اللَّهُ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُوا عِبَادًا لِّي مِن دُونِ اللَّهِ وَلَٰكِن كُونُوا رَبَّانِيِّينَ بِمَا كُنتُمْ تُعَلِّمُونَ الْكِتَابَ وَبِمَا كُنتُمْ تَدْرُسُونَ
မည်သည့် လူသား�စ်ဦးတစ်ယောက်မဆို၊အလ္လာဟ် အရှင်မြတ်သည် ထိုသူ့အား ကျမ်းဂန်ကိုလည်းကောင်း၊ အကျိုး အကြောင်း ဆင်ခြင်နိုင်သော ဉာဏ်ပညာအမြော် အမြင်ကိုလည်းကောင်း၊ နဗီတမန်တော်၏ဂုဏ်ထူးကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူ၏။ သို့ ချီးမြှင့်ပြီးနောက် ထိုသူက လူခပင်းတို့အား (ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်၍ ငါ၏ကျွန်များဖြစ်ကြကုန် ဟူ၍ ပြောဆိုရန် မဖြစ်နိုင်ပေ။ သို့ရာတွင် (ထိုသို့ချီးမြှင့်ခြင်း ခံရသောသူက ဤသို့သာလျှင် ပြောဆိုအံ့)၊ (ဟယ်အချင်းတို့)၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံသူများ ဖြစ်ကြကုန်၊ အကြောင်းမူကားအသင်တို့သည် ဒေသနာတော် ကျမ်းဂန်ကို(သူတစ်ပါးတို့အား)သင်ကြားပြသ ပို့ချသည့်ပြင် မိမိတို့ ကိုယ်တိုင်လည်း ဖတ်ရွတ်လေ့လာသူများ ဖြစ်သောကြောင့်ပင်တည်း။
80 وَلَا يَأْمُرَكُمْ أَن تَتَّخِذُوا الْمَلَائِكَةَ وَالنَّبِيِّينَ أَرْبَابًا ۗ أَيَأْمُرُكُم بِالْكُفْرِ بَعْدَ إِذْ أَنتُم مُّسْلِمُونَ
ထိုနည်းတူစွာ ယင်း(ကဲ့သို့ချီးမြှင့်ခြင်းခံရသော)သူက အသင်တို့အား မလာအိကဟ် အပါးတော်စေတမန်များကိုလည်းကောင်း၊ ဗီတမန်တော်များကိုလည်းကောင်း၊(မိမိတို့အား) မွေးမြူတော်မူသောအသျှင်များအဖြစ် ပြုလုပ်ကြရန်လည်း (မည်သည့်အခါမျှ) ညွှန်ကြားမည် မဟုတ်ပေ။အသင်တို့ (မွတ်စ်လင်မ်)အမိန့်နာခံ သောသူများ ဖြစ်ကြပြီးနောက် ထို(နဗီအဖြစ် ချီးမြှင့်ခြင်းခံရသော)သူသည် အသင်တို့အား သွေဖည်ငြင်းပယ်ရန် ညွှန်ကြားပါမည်လော။
81 وَإِذْ أَخَذَ اللَّهُ مِيثَاقَ النَّبِيِّينَ لَمَا آتَيْتُكُم مِّن كِتَابٍ وَحِكْمَةٍ ثُمَّ جَاءَكُمْ رَسُولٌ مُّصَدِّقٌ لِّمَا مَعَكُمْ لَتُؤْمِنُنَّ بِهِ وَلَتَنصُرُنَّهُ ۚ قَالَ أَأَقْرَرْتُمْ وَأَخَذْتُمْ عَلَىٰ ذَٰلِكُمْ إِصْرِي ۖ قَالُوا أَقْرَرْنَا ۚ قَالَ فَاشْهَدُوا وَأَنَا مَعَكُم مِّنَ الشَّاهِدِينَ
ထိုမှတစ်ပါးတုံ (ပြန်လည်အောင့်မေ့ သတိရကြကုန်၊) တရံရော အခါဝယ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူလေသည်။ (အို-နဗီ တမန်အပေါင်းတို့) ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့အား ကျမ်းဂန်ကို၏လည်းကောင်း၊ ဉာဏ်ပညာ အမြော်အမြင်ကိုလည်းကောင်း၊ပေးသနားတော်မူပြီးနောက် အသင်တို့ လက်ဝယ်ရှိနှင့်ပြီးဖြစ်သော ကျမ်းဂန်များကိုထောက်ခံသော ရစူလ်တမန်တော်တစ်ပါးပါးသည် အသင်တို့ထံ ရောက်လတ်သော် အသင်တို့သည် ထိုရစူလ်တမန်တော်ကို (မိမိတို့စိတ်တွင်းမှ) မုချယုံကြည်ကြပေမည်။ ၎င်းပြင် ထိုရစူလ် တမန်တော်ကို(ကာယကံမြောက်လည်း) အားပေး ကူညီကြပေမည်။ထို့နောက် အလ္လာဟ်အရှင်မြတ်က (အို-နဗီတမန်တော်အပေါင်းတို့) အသင်တို့သည် ဝန်ခံကြပြီလော။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်တို ့သည် ငါအရှင်မြတ်၏ ပဋိညာဉ်တော်ကိုလည်း လက်ခံကြပြီလော ဟု မေးမြန်းတော်မူ၏။(ထိုအခါ နဗီတမန်တော် အပေါင်းတို့က) ကျွန်တော်မျိုးတို့သည် ဝန်ခံကြပါပြီ ဟု တင်လျှောက်ကြလေသည်။(ထိုအခါအလ္လာဟ်အရှင်မြတ်က) သို့ဖြစ်လျှင် အသင်တို့သည် (ဤပဋိညာဉ် ဝန်ခံချက်နှင့် စပ်လျဉ်း၍) အသိသက်သေများဖြစ်ကြကုန်။ ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်အတူ အသိသက်သေများအနက် အပါအဝင်ဖြစ်တော်မူသည် ဟုမိန့်ကြားတော်မူလေသတည်း။
82 فَمَن تَوَلَّىٰ بَعْدَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْفَاسِقُونَ
တဖန် အကြင်သူသည် ထို(ကဲ့သို့ ပဋိညာဉ် ထားရှိပြီး)နောက် မျက်နှာလွှဲဖယ် သွားခဲ့ပါမူ၊ ဤကဲ့သို့သော သူတို့သည်သာလျှင် အမိန့်မနာခံ သူများ ဖြစ်ကြပေသည်။
83 أَفَغَيْرَ دِينِ اللَّهِ يَبْغُونَ وَلَهُ أَسْلَمَ مَن فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَإِلَيْهِ يُرْجَعُونَ
ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်မှတစ်ပါး၊ အခြား(နည်းလမ်း)ကို စူးစမ်းရှာဖွေလိုကြသလော။ စင်စစ်သော်ကား ကောင်းကင် များနှင့် ပထဝီမြေကြီးတွင် ရှိရှိသမျှသော အရာ ခပ်သိမ်းတို့သည် သဘောတူသည်ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ၊ ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာ လိုက်နာလျက် ရှိကြကုန်သည်။ တဖန် (နောက်ဆုံးတွင်)ထို ခပ်သိမ်းကုန်သောအရာတို့သည် ထိုအရှင်မြတ်၏ အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။
ဘာသာပြန် — အာလ်-အိမရာန် 81 စူရာ အာလ်-အိမရာန် အာယာသ် 81 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါးတုံ (ပြန်လည်အောင့်မေ့ သတိရကြကုန်၊) တရံရော အခါဝယ် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များထံမှ ပဋိညာဉ်ဝန်ခံချက်ကို (ဤသို့)ယူတော်မူလေသည်။ (အို-နဗီ…
စူရာ အာယာသ် 81/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 79–83. မြန်မာဘာသာ: ภาษาไทย.