အာလ်-အိမရာန် · 84/200
ဘာသာပြန် အသံနိုင်ငံ — အာလ်-အိမရာန်
قُلْ آمَنَّا بِاللَّهِ وَمَا أُنزِلَ عَلَيْنَا وَمَا أُنزِلَ عَلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَالنَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ ۝٨٤
Qul aamannaa billaahi wa maaa unzila `alainaa wa maaa unzila `alaaa Ibraaheema wa Ismaa`eela wa Ishaaqa wa Ya`qooba wal Asbaati wa maaa ootiya Moosaa wa `Eesaa wan Nabiyyoona mir Rabbihim laa nufarriqu baina ahadim minhum wa nahnu lahoo muslimoon
📖 မြန်မာဘာသာ
(အို-နဗီတမန်တော် မုဟမ္မဒ်) အသင်သည် ပြောကြားပါလေ။ အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အပေါ်ဝယ် ျရောက်လာသောဓမ္မဒေသနာ (ကုရ်အာန် ကျမ်းတော်မြတ်)ကိုလည်းကောင်း၊နဗီတမန်တော် အစ်ဗ်ရာဟီမ်၊ နဗီတမန်တော်အစ္စမာအီလ်၊နဗီ တမန်တော်အစ္စဟာက်၊ နဗီတမန်တော်ယအ်ကူဗ်နှင့် (နဗီတမန် တော်ယအ်ကူဗ်၏) သားမြေး၊ မြစ်တို့ အပေါ်၌ ကျရောက်လာသောဒေသနာတော်များကို လည်းကောင်း၊ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော်မူစာ၊ နဗီတမန်တော် အီစာနှင့် အခြား နဗီတမန်တော် အပေါင်းတို့အား၎င်းတို့၏ အရှင်မြတ်အထံတော်မှ ပေးသနားတော် မူသောဒေသနာတော်များကိုလည်း ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။(တဖန် ယင်းကဲ့သို့ ယုံကြည်ရာ၌) ထိုနဗီတမန်တော် အပေါင်းတို့အနက် တပါးနှင့် တပါး ခွဲခြားခြင်း အလျင်း မပြုကြပါ။အမှန်သော်ကား အကျွန်ုပ်တို့သည် ထို (တစ်ဆူတည်းသော)(အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်များ)ကို လိုက်နာသောမုစ်လင်မ်များ ဖြစ်ကြပါသည်။

🎧 နားထောင်

📜 အာယာသ် 82-86 — အာလ်-အိမရာန်

82فَمَن تَوَلَّىٰ بَعْدَ ذَٰلِكَ فَأُولَٰئِكَ هُمُ الْفَاسِقُونَ
တဖန် အကြင်သူသည် ထို(ကဲ့သို့ ပဋိညာဉ် ထားရှိပြီး)နောက် မျက်နှာလွှဲဖယ် သွားခဲ့ပါမူ၊ ဤကဲ့သို့သော သူတို့သည်သာလျှင် အမိန့်မနာခံ သူများ ဖြစ်ကြပေသည်။
83أَفَغَيْرَ دِينِ اللَّهِ يَبْغُونَ وَلَهُ أَسْلَمَ مَن فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَإِلَيْهِ يُرْجَعُونَ
ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်မှတစ်ပါး၊ အခြား(နည်းလမ်း)ကို စူးစမ်းရှာဖွေလိုကြသလော။ စင်စစ်သော်ကား ကောင်းကင် များနှင့် ပထဝီမြေကြီးတွင် ရှိရှိသမျှသော အရာ ခပ်သိမ်းတို့သည် သဘောတူသည်ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ၊ ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာ လိုက်နာလျက် ရှိကြကုန်သည်။ တဖန် (နောက်ဆုံးတွင်)ထို ခပ်သိမ်းကုန်သောအရာတို့သည် ထိုအရှင်မြတ်၏ အထံတော်သို့သာလျှင် ပြန်လှည့်ကြရပေမည်။
84قُلْ آمَنَّا بِاللَّهِ وَمَا أُنزِلَ عَلَيْنَا وَمَا أُنزِلَ عَلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَالنَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ
(အို-နဗီတမန်တော် မုဟမ္မဒ်) အသင်သည် ပြောကြားပါလေ။ အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အပေါ်ဝယ် ျရောက်လာသောဓမ္မဒေသနာ (ကုရ်အာန် ကျမ်းတော်မြတ်)ကိုလည်းကောင်း၊နဗီတမန်တော် အစ်ဗ်ရာဟီမ်၊ နဗီတမန်တော်အစ္စမာအီလ်၊နဗီ တမန်တော်အစ္စဟာက်၊ နဗီတမန်တော်ယအ်ကူဗ်နှင့် (နဗီတမန် တော်ယအ်ကူဗ်၏) သားမြေး၊ မြစ်တို့ အပေါ်၌ ကျရောက်လာသောဒေသနာတော်များကို လည်းကောင်း၊ယုံကြည်ကြပါသည်။ ထို့ပြင် နဗီတမန်တော်မူစာ၊ နဗီတမန်တော် အီစာနှင့် အခြား နဗီတမန်တော် အပေါင်းတို့အား၎င်းတို့၏ အရှင်မြတ်အထံတော်မှ ပေးသနားတော် မူသောဒေသနာတော်များကိုလည်း ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။(တဖန် ယင်းကဲ့သို့ ယုံကြည်ရာ၌) ထိုနဗီတမန်တော် အပေါင်းတို့အနက် တပါးနှင့် တပါး ခွဲခြားခြင်း အလျင်း မပြုကြပါ။အမှန်သော်ကား အကျွန်ုပ်တို့သည် ထို (တစ်ဆူတည်းသော)(အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်များ)ကို လိုက်နာသောမုစ်လင်မ်များ ဖြစ်ကြပါသည်။
85وَمَن يَبْتَغِ غَيْرَ الْإِسْلَامِ دِينًا فَلَن يُقْبَلَ مِنْهُ وَهُوَ فِي الْآخِرَةِ مِنَ الْخَاسِرِينَ
ထို့ပြင်တဝ မည်သူမဆို အစ္စလာမ် သာသနာမှတစ်ပါး အခြားသာသနာ တစ်ရပ်ရပ်ကို ရှာဖွေစူးစမ်းပါမူထိုသူ၏ထံမှ (ထိုသူရှာဖွေသော သာသနာသည် အလ’ဟ်အရှင်မြတ်အထံတော်၌) လက်ခံသဘောတူတော်မူခြင်းကိုအလျင်းခံရမည် မဟုတ်ပေ။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ ၌လည်း ဆုံးရှုံးသူများအနက် တစ်ဦးအပါအဝင်ဖြစ်ပေမည်။
86كَيْفَ يَهْدِي اللَّهُ قَوْمًا كَفَرُوا بَعْدَ إِيمَانِهِمْ وَشَهِدُوا أَنَّ الرَّسُولَ حَقٌّ وَجَاءَهُمُ الْبَيِّنَاتُ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ယုံကြည်ခြင်း သဒ္ဓါတရား ထားရှိပြီးနောက် ၎င်း၊ရစူလ်တမန်တော်[မုဟမ္မဒ် (ဆွ) ] သည် နဗီတမန်တော် အစစ်အမှန်ဖြစ်ကြောင်း သက်သေခံပြီးနောက်လည်းကောင်း၊ မိမိတို့ထံဝယ်(အစ္စလာမ် သာသနာတော်သည် မှန်ကန်သော သာသနာဖြစ်ကြောင်းနှင့်စပ်လျဉ်း၍) ထင်ရှားလှစွာသော သက်သေသာဓကများလည်း ရောက်ရှိခဲ့ပြီးနောက် လည်းကောင်းမယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောလူစုကို အလ္လာဟ်အရှင်မြတ်သည် မည်သည့်နည်းဖြင့် တရားလမ်းမှန်ကို ညွှန်ကြားတော်မူပါအံ့နည်း။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် မတော်မတရား ပြစ်မှုကျူးလွန်သူတို့အားတရားလမ်းမှန်ကို ညွှန်ကြားတော်မူမည်မဟုတ်ချေ။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
84အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 84

စူရာ အာလ်-အိမရာန် အာယာသ် 84 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော် မုဟမ္မဒ်) အသင်သည် ပြောကြားပါလေ။ အကျွန်ုပ်တို့သည် အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ အကျွန်ုပ်တို့အပေါ်ဝယ် ျရောက်လာသောဓမ္မဒေသနာ (ကုရ်အာန်…

စူရာ အာယာသ် 84/200 — အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အာလ်-အိမရာန် နားထောင်, အာလ်-အိမရာန် ဘာသာပြန်, အာလ်-အိမရာန် mp3, အာလ်-အိမရာန် pdf. အာယာသ် 82–86. မြန်မာဘာသာ: ภาษาไทย.

ကုရ်အာန်ကျမ်း

Tuesday, August 18, 2026

Don't forget us in your sincere prayers