خَلَقَ السَّمَاوَاتِ بِغَيْرِ عَمَدٍ تَرَوْنَهَا ۖ وَأَلْقَىٰ فِي الْأَرْضِ رَوَاسِيَ أَن تَمِيدَ بِكُمْ وَبَثَّ فِيهَا مِن كُلِّ دَابَّةٍ ۚ وَأَنزَلْنَا مِنَ السَّمَاءِ مَاءً فَأَنبَتْنَا فِيهَا مِن كُلِّ زَوْجٍ كَرِيمٍ ١٠
🔤 Transliteration
Khalaqas samaawaati bi ghairi `amadin tarawnahaa wa alqaa fil ardi rawaasiya an tameeda bikum wa bassa feehaa min kulli daaabbah; wa anzalnaa minas samaaa`i maaa`an fa ambatnaa feeha min kulli zawjin kareem
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို(အသင်တို့ မမြင်နိုင်ကြသောတိုင်များနှင့်) ဖန်ဆင်း တော်မူခဲ့၏။ (တစ်နည်း) အသင်တို့ မြင်နေကြသည့် အတိုင်း တိုင်များမပါဘဲ ဖန်ဆင်းတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပထဝီမြေ၌ ယင်းပထဝီမြေသည် အသင်တို့နှင့်တကွ ယိမ်းယိုင်မသွားစေရန် လေးလံသောတောင်များကို (ကျောက်ဆူးများသဖွယ်) ချထားတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ် သတ္တဝါအမျိုးမျိုးတို့ကို ပြန့်ပွားစေတော်မူ၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူပြီးနောက် ယင်းပထဝီမြေ၌ ကောင်းမြတ်သော(သစ်ပင်၊ ဝါးပင်)အမျိုးမျိုး အစားစားတို့ကို ပေါက်ရောက်စေတော်မူပေသည်။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
عَمَدٍ (အိမ်ဒ်) — တိုင်များ၊ မဏ္ဍိုင်များ။ رَوَاسِيَ (ရဝါစီယ) — ခိုင်မာစွာစိုက်ထူထားသော တောင်များ။ تَمِيدَ (တမိဒ) — လှုပ်ရှားခြင်း၊ တုန်ခါခြင်း။ بَثَّ (ဗသ္သ) — ဖြန့်ကြဲခြင်း၊ ပျံ့နှံ့စေခြင်း။ دَابَّةٍ (ဒါဗ္ဗသ) — မြေပေါ်တွင် လှုပ်ရှားသွားလာသော သတ္တဝါအားလုံး။ زَوْجٍ كَرِيمٍ (ဇောင်ဂျ် ကရီမ်) — မြင့်မြတ်သော အမျိုးအစား၊ အကျိုးကျေးဇူးများသော အမျိုးအစား။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကို သင်တို့မြင်နေရသည့်အတိုင်း မည်သည့်တိုင်မဏ္ဍိုင်မျှမပါဘဲ ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် မြေကြီးပေါ်တွင် ခိုင်မာသော တောင်ကြီးများကို စိုက်ထူတော်မူခဲ့သည်။ အကြောင်းမှာ မြေကြီးသည် သင်တို့နှင့်အတူ လှုပ်ရှားတုန်ခါမသွားစေရန်အတွက်ဖြစ်သည်။ ထို့ပြင် မြေကြီးပေါ်တွင် လှုပ်ရှားသွားလာနေသော သတ္တဝါအမျိုးမျိုးတို့ကို ဖြန့်ကြဲတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူပြီး ထိုမြေကြီးပေါ်တွင် အကျိုးကျေးဇူးများစွာရှိသော အပင်အမျိုးအစားတိုင်းကို ပေါက်ရောက်စေတော်မူခဲ့သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို ဖန်ဆင်းနိုင်သော တန်ခိုးတော်ရှင်ဖြစ်ကြောင်း သိရှိစေသည်။ မိုးကောင်းကင်နှင့် မြေကြီးကို မည်သည့်တိုင်မဏ္ဍိုင်မျှမပါဘဲ ထိန်းသိမ်းထားနိုင်သော အရှင်မြတ်၏ စွမ်းအားတော်ကို ဆင်ခြင်သုံးသပ်စေသည်။ မြေကြီးပေါ်ရှိ တောင်များ၊ သတ္တဝါများ၊ မိုးရေနှင့် အပင်များအားလုံးသည် အရှင်မြတ်၏ ကရုဏာတော်နှင့် ဖန်ဆင်းမှုတော်၏ လက္ခဏာများဖြစ်ကြောင်း နားလည်စေသည်။ ဤအရာအားလုံးကို ဖန်ဆင်းပေးသော အရှင်မြတ်ကို ချစ်ခင်ရိုသေပြီး အစ္စလာမ်သာသနာတော်၏ လမ်းညွှန်ချက်များကို လိုက်နာရန် အားပေးတိုက်တွန်းသည်။ အရှင်မြတ်၏ ဖန်ဆင်းမှုတော်များကို လေ့လာဆင်ခြင်ခြင်းဖြင့် ယုံကြည်ခြင်းတိုးပွားလာစေသည်။
خَلَقَ ٱلسَّمَٰوَٰتِ بِغَيۡرِ عَمَدٍ تَرَوۡنَهَاۖ وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَبَثَّ فِيهَا مِن كُلِّ دَآبَّةٍۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءً فَأَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجٍ كَرِيمٍ ١٠
ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို(အသင်တို့ မမြင်နိုင်ကြသောတိုင်များနှင့်) ဖန်ဆင်း တော်မူခဲ့၏။ (တစ်နည်း) အသင်တို့ မြင်နေကြသည့် အတိုင်း တိုင်များမပါဘဲ ဖန်ဆင်းတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပထဝီမြေ၌ ယင်းပထဝီမြေသည် အသင်တို့နှင့်တကွ ယိမ်းယိုင်မသွားစေရန် လေးလံသောတောင်များကို (ကျောက်ဆူးများသဖွယ်) ချထားတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ် သတ္တဝါအမျိုးမျိုးတို့ကို ပြန့်ပွားစေတော်မူ၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူပြီးနောက် ယင်းပထဝီမြေ၌ ကောင်းမြတ်သော(သစ်ပင်၊ ဝါးပင်)အမျိုးမျိုး အစားစားတို့ကို ပေါက်ရောက်စေတော်မူပေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 8-12 — စူရာ လုက်မာန်
8 إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَهُمْ جَنَّاتُ النَّعِيمِ
ဧကန်မလွဲ အီမာန် သက်ဝင်ယုံကြည်၍ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက် တည်ကြကုန်သော သူတို့အဖို့ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံသောဥယျာဉ်များ ရှိကြပေသည်။
9 خَالِدِينَ فِيهَا ۖ وَعْدَ اللَّهِ حَقًّا ۚ وَهُوَ الْعَزِيزُ الْحَكِيمُ
(၎င်းတို့သည်) ယင်းဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြပေမည်။ (ဤသည်) အလ္လာဟ် အရှင်မြတ်က မှန်ကန်စွာ ကတိထားရှိတော်မူခြင်းပင် ဖြစ်ပေသည်။ အမှန်စင်စစ်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
10 خَلَقَ السَّمَاوَاتِ بِغَيْرِ عَمَدٍ تَرَوْنَهَا ۖ وَأَلْقَىٰ فِي الْأَرْضِ رَوَاسِيَ أَن تَمِيدَ بِكُمْ وَبَثَّ فِيهَا مِن كُلِّ دَابَّةٍ ۚ وَأَنزَلْنَا مِنَ السَّمَاءِ مَاءً فَأَنبَتْنَا فِيهَا مِن كُلِّ زَوْجٍ كَرِيمٍ
ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို(အသင်တို့ မမြင်နိုင်ကြသောတိုင်များနှင့်) ဖန်ဆင်း တော်မူခဲ့၏။ (တစ်နည်း) အသင်တို့ မြင်နေကြသည့် အတိုင်း တိုင်များမပါဘဲ ဖန်ဆင်းတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပထဝီမြေ၌ ယင်းပထဝီမြေသည် အသင်တို့နှင့်တကွ ယိမ်းယိုင်မသွားစေရန် လေးလံသောတောင်များကို (ကျောက်ဆူးများသဖွယ်) ချထားတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ် သတ္တဝါအမျိုးမျိုးတို့ကို ပြန့်ပွားစေတော်မူ၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူပြီးနောက် ယင်းပထဝီမြေ၌ ကောင်းမြတ်သော(သစ်ပင်၊ ဝါးပင်)အမျိုးမျိုး အစားစားတို့ကို ပေါက်ရောက်စေတော်မူပေသည်။
11 هَٰذَا خَلْقُ اللَّهِ فَأَرُونِي مَاذَا خَلَقَ الَّذِينَ مِن دُونِهِ ۚ بَلِ الظَّالِمُونَ فِي ضَلَالٍ مُّبِينٍ
ဤသည်(တို့)ကား အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများ^ဖန်ဆင်းမှုများပင်။ သို့ဖြစ်ပေရာ အသင်တို့သည်ထိုအရှင်မြတ်အပြင် ရှိကြသောသူတို့က မည်သည့်အရာများဖန် ဆင်းခဲ့ကြသည်ကို ငါ့အားပြသကုန်လော့။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား မတရားသောသူတို့သည် ထင်ရှားစွာသောလမ်းမှား၌ပင် ရှိကြကုန်သတည်း။
12 وَلَقَدْ آتَيْنَا لُقْمَانَ الْحِكْمَةَ أَنِ اشْكُرْ لِلَّهِ ۚ وَمَن يَشْكُرْ فَإِنَّمَا يَشْكُرُ لِنَفْسِهِ ۖ وَمَن كَفَرَ فَإِنَّ اللَّهَ غَنِيٌّ حَمِيدٌ
ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ‘လွတ်က်မာန်’အား ဉာဏ်ပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။ (၎င်းပြင်) အသင်သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ပါလေ။ စင်စစ်သော်ကား မည်သူမဆို ကျေးဇူးတင်ရှိပါမူ ထိုသူသည် မိမိအကျိုးငှာသာလျှင် ကျေးဇူးတင်လေသည်။ သို့ရာတွင်မည်သူမဆို ကျေးဇူးကန်းခဲ့မူ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာချီးမွမ်းခြင်း ခံထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်ဟူ၍(အမိန့်တော် ထုတ်ပြန်တော်မူခဲ့ပေသတည်း)။
ဘာသာပြန် — လုက်မာန် 10 စူရာ လုက်မာန် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို(အသင်တို့ မမြင်နိုင်ကြသောတိုင်များနှင့်) ဖန်ဆင်း တော်မူခဲ့၏။ (တစ်နည်း) အသင်တို့ မြင်နေကြသည့် အတိုင်း တိုင်များမပါဘဲ…
စူရာ အာယာသ် 10/34 — စူရာ လုက်မာန် لقمان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ လုက်မာန် နားထောင်, စူရာ လုက်မာန် ဘာသာပြန်, စူရာ လုက်မာန် mp3, စူရာ လုက်မာန် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.