အလ်-အာ့ဇာ့ဗ် · 38/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
مَّا كَانَ عَلَى النَّبِيِّ مِنْ حَرَجٍ فِيمَا فَرَضَ اللَّهُ لَهُ ۖ سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِن قَبْلُ ۚ وَكَانَ أَمْرُ اللَّهِ قَدَرًا مَّقْدُورًا ۝٣٨
Maa kaana `alan nabiyyyi min harajin feemaa faradal laahu lahoo sunnatal laahi fil lazeena khalaw min qabl; wa kaana amrul laahi qadaram maqdooraa
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်မြတ်အပေါ်၌ သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သော ကိစ္စနှင့် စပ်လျဉ်း၍ထိုနဗီတမန်တော်မြတ်အပေါ်၌ မည်သို့မျှ အပြစ်တင်ခြင်းမရှိပေ။ (ဤသည်)ရှေးယခင်က လွန်ခဲ့ကြသောသူတို့ (တမန်တော်တို့)နှင့်ပတ်သက်သည့် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းအတိုင်းပင် ဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ကား ကောင်းမွန်စွာ စီမံပြီးသားဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 36-40 — စူရာ အလ်-အာ့ဇာ့ဗ်

36وَمَا كَانَ لِمُؤْمِنٍ وَلَا مُؤْمِنَةٍ إِذَا قَضَى اللَّهُ وَرَسُولُهُ أَمْرًا أَن يَكُونَ لَهُمُ الْخِيَرَةُ مِنْ أَمْرِهِمْ ۗ وَمَن يَعْصِ اللَّهَ وَرَسُولَهُ فَقَدْ ضَلَّ ضَلَالًا مُّبِينًا
မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူယောက်ျားတစ်ဦးဦး၌ဖြစ်စေ၊ မည်သည့် သက်ဝင် ယုံကြည်သူမိန်းမတစ်ဦးတစ်ယောက်၌ဖြစ်စေ၊ အရေးကိစ္စ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ အမိန့် ချမှတ်တော်မူလိုက်ပါလျှင် ၎င်းတို့၏ (ထို)အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့၌ ရွေးချယ်ပိုင်ခွင့်သည်(လုံးဝ)မရှိတော့ပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ဖီဆန်သည်ရှိသော် ဧကန်မလွဲ ထိုသူသည် ထင်ရှားလှစွာသောလမ်းလွဲခြင်းသို့ ရောက်ရှိခဲ့ချေပြီတကား။
37وَإِذْ تَقُولُ لِلَّذِي أَنْعَمَ اللَّهُ عَلَيْهِ وَأَنْعَمْتَ عَلَيْهِ أَمْسِكْ عَلَيْكَ زَوْجَكَ وَاتَّقِ اللَّهَ وَتُخْفِي فِي نَفْسِكَ مَا اللَّهُ مُبْدِيهِ وَتَخْشَى النَّاسَ وَاللَّهُ أَحَقُّ أَن تَخْشَاهُ ۖ فَلَمَّا قَضَىٰ زَيْدٌ مِّنْهَا وَطَرًا زَوَّجْنَاكَهَا لِكَيْ لَا يَكُونَ عَلَى الْمُؤْمِنِينَ حَرَجٌ فِي أَزْوَاجِ أَدْعِيَائِهِمْ إِذَا قَضَوْا مِنْهُنَّ وَطَرًا ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍ သတိရပါလေ) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ် သည်လည်းကောင်း၊ အသင်ကိုယ်တိုင်သည်လည်းကောင်း၊ ကျေးဇူးပြုခဲ့သောသူအား အသင်က အသင် သည် မိမိဇနီးကို (ကွာရှင်းခြင်းမပြုပဲ) မိမိထံ၌ပင် (တရားဝင်ဇနီးအဖြစ်) ထားရှိပါလေ။၎င်းပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါလေ၊ ဟု ပြောဆို ဆုံးမလျက်ရှိခဲ့၏။ ထို့ပြင် အသင်သည်မိမိစိတ်တွင်းဝယ် အကြင်ကိစ္စကို လျှို့ဝှက်ဖုံးအုပ်၍ ထားလေ၏။အလ္လာဟ်အရှင်မြတ်သည် ထိုကိစ္စကို(နောက်ဆုံးတွင်) ထင်ရှားစေတော်မူမည်သာဖြစ်သည်။ ထိုမှတစ်ပါး အသင်သည် လူတို့အား စိုးရိမ်လျက်ရှိခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အားသာလျှင် အသင်သည် ပိုမိုစိုးရိမ်ထိုက်၏။ ထို့နောက်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌ ၎င်းတို့၏ မွေးစားသားများ၏ ဇနီးမိန်းမများနှင့် ပတ်သက်၍ ထိုမွေးစားသားများသည်၎င်းတို့အား အလိုမရှိတော့သည့်အခါ တစ်စုံတစ်ရာ ကျပ်တည်းမှုမရှိရန် ဇိုက်ဒ် သည် ထိုမိန်းမအားအလိုမရှိတော့သည့်အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြား၍ပေးတော်မူလိုက်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ပြီးမြောက်အောင်မြင်မည်သာတည်း။
38مَّا كَانَ عَلَى النَّبِيِّ مِنْ حَرَجٍ فِيمَا فَرَضَ اللَّهُ لَهُ ۖ سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِن قَبْلُ ۚ وَكَانَ أَمْرُ اللَّهِ قَدَرًا مَّقْدُورًا
အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်မြတ်အပေါ်၌ သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သော ကိစ္စနှင့် စပ်လျဉ်း၍ထိုနဗီတမန်တော်မြတ်အပေါ်၌ မည်သို့မျှ အပြစ်တင်ခြင်းမရှိပေ။ (ဤသည်)ရှေးယခင်က လွန်ခဲ့ကြသောသူတို့ (တမန်တော်တို့)နှင့်ပတ်သက်သည့် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းအတိုင်းပင် ဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ကား ကောင်းမွန်စွာ စီမံပြီးသားဖြစ်ပေသတည်း။
39الَّذِينَ يُبَلِّغُونَ رِسَالَاتِ اللَّهِ وَيَخْشَوْنَهُ وَلَا يَخْشَوْنَ أَحَدًا إِلَّا اللَّهَ ۗ وَكَفَىٰ بِاللَّهِ حَسِيبًا
(ထိုသူတို့ကား) အကြင်သူများပင်၊ ၎င်းတို့ သည်အလ္လာဟ်အရှင်မြတ်၏မိန့်မှာချက်များကို (တိကျမှန်ကန်စွာ)ပို့ဆောင်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြကုန်၏။ အလ္လာဟ်အရှင်မြတ်အပြင်မည်သူတစ်ဦးတစ်ယောက် ကိုမျှပင် ကြောက်ရွံ့ကြသည်မဟုတ်ပေ။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် စောကြောစစ်ဆေးတော်မူမည့် အရှင်မြတ်အဖြစ် လုံလောက်တော်မူ၏။
40مَّا كَانَ مُحَمَّدٌ أَبَا أَحَدٍ مِّن رِّجَالِكُمْ وَلَٰكِن رَّسُولَ اللَّهِ وَخَاتَمَ النَّبِيِّينَ ۗ وَكَانَ اللَّهُ بِكُلِّ شَيْءٍ عَلِيمًا
မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း၊ နဗီတမန်တော် အပေါင်းတို့(၏နုဗုဝသ်)ကို အဆုံးသတ်သူသည်လည်းကောင်း၊ ဖြစ်ပေသည်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
38အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 38

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်မြတ်အပေါ်၌ သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သော ကိစ္စနှင့် စပ်လျဉ်း၍ထိုနဗီတမန်တော်မြတ်အပေါ်၌ မည်သို့မျှ အပြစ်တင်ခြင်းမရှိပေ။ (ဤသည်)ရှေးယခင်က လွန်ခဲ့ကြသောသူတို့ (တမန်တော်တို့)နှင့်ပတ်သက်သည့်…

စူရာ အာယာသ် 38/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers