အလ်-အာ့ဇာ့ဗ် · 39/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
الَّذِينَ يُبَلِّغُونَ رِسَالَاتِ اللَّهِ وَيَخْشَوْنَهُ وَلَا يَخْشَوْنَ أَحَدًا إِلَّا اللَّهَ ۗ وَكَفَىٰ بِاللَّهِ حَسِيبًا ۝٣٩
Allazeena yuballighoona Risaalaatil laahi wa yakhshaw nahoo wa laa yakkhshawna ahadan illal laah; wa kafaa billaahi Haseebaa
📖 မြန်မာဘာသာ
(ထိုသူတို့ကား) အကြင်သူများပင်၊ ၎င်းတို့ သည်အလ္လာဟ်အရှင်မြတ်၏မိန့်မှာချက်များကို (တိကျမှန်ကန်စွာ)ပို့ဆောင်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြကုန်၏။ အလ္လာဟ်အရှင်မြတ်အပြင်မည်သူတစ်ဦးတစ်ယောက် ကိုမျှပင် ကြောက်ရွံ့ကြသည်မဟုတ်ပေ။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် စောကြောစစ်ဆေးတော်မူမည့် အရှင်မြတ်အဖြစ် လုံလောက်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ
  • ရစာလာဟ် (رِسَالَات) — အလ္လာဟ်အရှင်မြတ်၏ သတင်းစကားများ၊ ဗျာဒိတ်တော်များ။
  • ယခ်ရှာ (يَخْشَوْنَ) — ကြောက်ရွံ့ရိုသေခြင်း၊ ပြစ်မှားမိမည်ကို စိုးရိမ်ခြင်း။
  • ဟစီးဗ် (حَسِيبًا) — စာရင်းရှင်းတော်မူသောအရှင်၊ ထိန်းသိမ်းစောင့်ကြည့်တော်မူသောအရှင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ သတင်းစကားများကို လူသားတို့ထံ ပို့ဆောင်ကြသော တမန်တော်များ၏ ဂုဏ်ရည်လက္ခဏာများကို ဖော်ပြတော်မူခြင်းဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပေးအပ်တော်မူသော ဗျာဒိတ်တော်များကို မိမိတို့၏ လူမျိုးများထံ အပြည့်အဝ ပို့ဆောင်ကြသည်။ ထိုသို့ပို့ဆောင်ရာတွင် အလ္လာဟ်အရှင်မြတ်ကိုသာ ကြောက်ရွံ့ရိုသေကြပြီး၊ အခြားမည်သူ့ကိုမျှ မကြောက်ရွံ့ကြပေ။ လူတို့၏ ကဲ့ရဲ့ပြစ်တင်မှုကို ဂရုမစိုက်ဘဲ၊ အလ္လာဟ်အရှင်မြတ် ခွင့်ပြုထားတော်မူသော အရာများကို လုပ်ဆောင်ရာတွင် မည်သူ၏ ပြောဆိုချက်ကိုမျှ နားမထောင်ကြပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များ၏ လုပ်ဆောင်မှုအားလုံးကို ထိန်းသိမ်းစောင့်ကြည့်တော်မူပြီး၊ ကောင်းမှုဖြစ်စေ၊ မကောင်းမှုဖြစ်စေ အားလုံးအတွက် စာရင်းရှင်းတော်မူမည်ဖြစ်သည်။ ကောင်းမှုအတွက် ကောင်းကျိုးကို ပေးတော်မူမည်ဖြစ်ပြီး၊ မကောင်းမှုအတွက် မကောင်းကျိုးကို ပေးတော်မူမည်ဖြစ်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် စာရင်းရှင်းတော်မူရန် လုံလောက်တော်မူသောအရှင် ဖြစ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်၏ သတင်းစကားကို ပို့ဆောင်ခြင်းသည် မြင့်မြတ်သော တာဝန်ဖြစ်ပြီး၊ ထိုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူများကို အလ္လာဟ်အရှင်မြတ် ချီးမွမ်းတော်မူသည်။
  • အလ္လာဟ်အရှင်မြတ်ကိုသာ ကြောက်ရွံ့ရိုသေခြင်းသည် အီမာန်၏ အရသာကို ခံစားစေပြီး၊ လူသားတို့၏ ကဲ့ရဲ့ပြစ်တင်မှုများကို ကျော်လွှားနိုင်စေသည်။
  • အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုအားလုံးကို မြင်တော်မူပြီး၊ စာရင်းရှင်းတော်မူမည်ဖြစ်သောကြောင့် ကောင်းမှုများကို များများလုပ်ဆောင်ရန် ကြိုးစားသင့်သည်။
  • ဤအာယသ်တော


📜 အာယာသ် 37-41 — စူရာ အလ်-အာ့ဇာ့ဗ်

37وَإِذْ تَقُولُ لِلَّذِي أَنْعَمَ اللَّهُ عَلَيْهِ وَأَنْعَمْتَ عَلَيْهِ أَمْسِكْ عَلَيْكَ زَوْجَكَ وَاتَّقِ اللَّهَ وَتُخْفِي فِي نَفْسِكَ مَا اللَّهُ مُبْدِيهِ وَتَخْشَى النَّاسَ وَاللَّهُ أَحَقُّ أَن تَخْشَاهُ ۖ فَلَمَّا قَضَىٰ زَيْدٌ مِّنْهَا وَطَرًا زَوَّجْنَاكَهَا لِكَيْ لَا يَكُونَ عَلَى الْمُؤْمِنِينَ حَرَجٌ فِي أَزْوَاجِ أَدْعِيَائِهِمْ إِذَا قَضَوْا مِنْهُنَّ وَطَرًا ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍ သတိရပါလေ) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ် သည်လည်းကောင်း၊ အသင်ကိုယ်တိုင်သည်လည်းကောင်း၊ ကျေးဇူးပြုခဲ့သောသူအား အသင်က အသင် သည် မိမိဇနီးကို (ကွာရှင်းခြင်းမပြုပဲ) မိမိထံ၌ပင် (တရားဝင်ဇနီးအဖြစ်) ထားရှိပါလေ။၎င်းပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါလေ၊ ဟု ပြောဆို ဆုံးမလျက်ရှိခဲ့၏။ ထို့ပြင် အသင်သည်မိမိစိတ်တွင်းဝယ် အကြင်ကိစ္စကို လျှို့ဝှက်ဖုံးအုပ်၍ ထားလေ၏။အလ္လာဟ်အရှင်မြတ်သည် ထိုကိစ္စကို(နောက်ဆုံးတွင်) ထင်ရှားစေတော်မူမည်သာဖြစ်သည်။ ထိုမှတစ်ပါး အသင်သည် လူတို့အား စိုးရိမ်လျက်ရှိခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အားသာလျှင် အသင်သည် ပိုမိုစိုးရိမ်ထိုက်၏။ ထို့နောက်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌ ၎င်းတို့၏ မွေးစားသားများ၏ ဇနီးမိန်းမများနှင့် ပတ်သက်၍ ထိုမွေးစားသားများသည်၎င်းတို့အား အလိုမရှိတော့သည့်အခါ တစ်စုံတစ်ရာ ကျပ်တည်းမှုမရှိရန် ဇိုက်ဒ် သည် ထိုမိန်းမအားအလိုမရှိတော့သည့်အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြား၍ပေးတော်မူလိုက်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ပြီးမြောက်အောင်မြင်မည်သာတည်း။
38مَّا كَانَ عَلَى النَّبِيِّ مِنْ حَرَجٍ فِيمَا فَرَضَ اللَّهُ لَهُ ۖ سُنَّةَ اللَّهِ فِي الَّذِينَ خَلَوْا مِن قَبْلُ ۚ وَكَانَ أَمْرُ اللَّهِ قَدَرًا مَّقْدُورًا
အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်မြတ်အပေါ်၌ သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သော ကိစ္စနှင့် စပ်လျဉ်း၍ထိုနဗီတမန်တော်မြတ်အပေါ်၌ မည်သို့မျှ အပြစ်တင်ခြင်းမရှိပေ။ (ဤသည်)ရှေးယခင်က လွန်ခဲ့ကြသောသူတို့ (တမန်တော်တို့)နှင့်ပတ်သက်သည့် အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းအတိုင်းပင် ဖြစ်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်သည်ကား ကောင်းမွန်စွာ စီမံပြီးသားဖြစ်ပေသတည်း။
39الَّذِينَ يُبَلِّغُونَ رِسَالَاتِ اللَّهِ وَيَخْشَوْنَهُ وَلَا يَخْشَوْنَ أَحَدًا إِلَّا اللَّهَ ۗ وَكَفَىٰ بِاللَّهِ حَسِيبًا
(ထိုသူတို့ကား) အကြင်သူများပင်၊ ၎င်းတို့ သည်အလ္လာဟ်အရှင်မြတ်၏မိန့်မှာချက်များကို (တိကျမှန်ကန်စွာ)ပို့ဆောင်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြကုန်၏။ အလ္လာဟ်အရှင်မြတ်အပြင်မည်သူတစ်ဦးတစ်ယောက် ကိုမျှပင် ကြောက်ရွံ့ကြသည်မဟုတ်ပေ။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် စောကြောစစ်ဆေးတော်မူမည့် အရှင်မြတ်အဖြစ် လုံလောက်တော်မူ၏။
40مَّا كَانَ مُحَمَّدٌ أَبَا أَحَدٍ مِّن رِّجَالِكُمْ وَلَٰكِن رَّسُولَ اللَّهِ وَخَاتَمَ النَّبِيِّينَ ۗ وَكَانَ اللَّهُ بِكُلِّ شَيْءٍ عَلِيمًا
မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း၊ နဗီတမန်တော် အပေါင်းတို့(၏နုဗုဝသ်)ကို အဆုံးသတ်သူသည်လည်းကောင်း၊ ဖြစ်ပေသည်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
41يَا أَيُّهَا الَّذِينَ آمَنُوا اذْكُرُوا اللَّهَ ذِكْرًا كَثِيرًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား အလွန် များပြားစွာ အောက်မေ့တသ သတိရကြလေကုန်။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
39အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 39

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုသူတို့ကား) အကြင်သူများပင်၊ ၎င်းတို့ သည်အလ္လာဟ်အရှင်မြတ်၏မိန့်မှာချက်များကို (တိကျမှန်ကန်စွာ)ပို့ဆောင်ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြကုန်၏။ အလ္လာဟ်အရှင်မြတ်အပြင်မည်သူတစ်ဦးတစ်ယောက် ကိုမျှပင်…

စူရာ အာယာသ် 39/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers