အလ်-အာ့ဇာ့ဗ် · 68/73
ဘာသာပြန် အသံနိုင်ငံ — အလ်-အာ့ဇာ့ဗ်
رَبَّنَا آتِهِمْ ضِعْفَيْنِ مِنَ الْعَذَابِ وَالْعَنْهُمْ لَعْنًا كَبِيرًا ۝٦٨
Rabbanaaa aatihim di`fai ni minal `azaabi wal`anhum la nan kabeera
📖 မြန်မာဘာသာ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်နှစ်ဆပေးတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အားကရုဏာတော်မှ အလွန့်အလွန် ကင်းဝေးစေတော်မူပါ။
🎧 နားထောင်

📜 အာယာသ် 66-70 — အလ်-အာ့ဇာ့ဗ်

66يَوْمَ تُقَلَّبُ وُجُوهُهُمْ فِي النَّارِ يَقُولُونَ يَا لَيْتَنَا أَطَعْنَا اللَّهَ وَأَطَعْنَا الرَّسُولَا
၎င်းတို့၏ မျက်နှာများသည် မီးထဲ၌ လှည့်ပြောင်းခြင်းခံကြရသောနေ့တွင် ၎င်းတို့ကဪ- ငါတို့သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်လည်းကောင်း၊ ရစူလ်တမန်တော် မြတ်၏အမိန့်တော်ကို လိုက်နာခဲ့ကြလျှင်လည်းကောင်း၊ ကောင်းလေစွတကားဟု ပြောဆိုညည်းညူကြပေမည်။
67وَقَالُوا رَبَّنَا إِنَّا أَطَعْنَا سَادَتَنَا وَكُبَرَاءَنَا فَأَضَلُّونَا السَّبِيلَا
ထိုမှတပါး ၎င်းတို့သည် လျှောက်ထားကြပေမည်။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊ ဧကန်စင်စစ် ကျွန်တော်မျိုးတို့သည် မိမိတို့၏ခေါင်းဆောင်များနှင့် မိမိတို့၏ အကြီးအကဲများ၏စကားကိုနာခံမိခဲ့ကြပါသည်။ ၎င်းတို့သည် ကျွန်တော်မျိုးတို့အား လမ်းလွဲမှားစေ ခဲ့ကြပါသည်။
68رَبَّنَا آتِهِمْ ضِعْفَيْنِ مِنَ الْعَذَابِ وَالْعَنْهُمْ لَعْنًا كَبِيرًا
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်နှစ်ဆပေးတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အားကရုဏာတော်မှ အလွန့်အလွန် ကင်းဝေးစေတော်မူပါ။
69يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ آذَوْا مُوسَىٰ فَبَرَّأَهُ اللَّهُ مِمَّا قَالُوا ۚ وَكَانَ عِندَ اللَّهِ وَجِيهًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မူစာအား စိတ်ဒုက္ခပေးခဲ့ကြကုန်၏။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ထိုမူစာအား ၎င်းင်တို့၏ ပြောဆိုစွပ်စွဲချက်များမှ အပြစ်ကင်းကြောင်း ထင်ရှားစေတော်မူခဲ့၏။စင်စစ် ထိုမူစာသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ဂုဏ်ကျက်သရေနှင့် အလွန်ပြည့်စုံသူပင် ဖြစ်ခဲ့ပေသတည်း။
70يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက် ရွံ့ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် တည်ကြည် ဖြောင့်မတ်သောစကားကို ပြောဆိုကြလေကုန်။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
68အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 68

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 68 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ၎င်းတို့အား ပြစ်ဒဏ်နှစ်ဆပေးတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အားကရုဏာတော်မှ အလွန့်အလွန် ကင်းဝေးစေတော်မူပါ။

စူရာ အာယာသ် 68/73 — အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အာ့ဇာ့ဗ် နားထောင်, အလ်-အာ့ဇာ့ဗ် ဘာသာပြန်, အလ်-အာ့ဇာ့ဗ် mp3, အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 66–70. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers